မောင်စွမ်းရည် - ၈၆
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၂၂
ခြစ်ချက်ခြောက်
နာရီပေါ် ဝက်လျှောက်
၈၆နှစ်ရောက်၊၊
ဆေးလိပ်လဲရှောင်
အရက်ရှောင်၊၊
ဆီဆားလဲရှောင်
သကြားရှောင်၊၊
ရှောင်လေ ရှောင်လေ
သက်တော်ရှည်ကာ
တစ်ရာကသော်
နှစ်ဆယ်ကျော်လျက်
မြေးမြစ်ဖက်ချီ
တီတွတ်တွေနဲ့ နေဦးမည်၊၊
စွမ်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar