Breaking News

ကျော်ဟုန်း - အထွဋ်သို့ ဦးညွှတ်ခြင်း

ကျော်ဟုန်း - အထွဋ်သို့ ဦးညွှတ်ခြင်း
(မိုးမခ) ဖေဖော်၀ါရီ ၁၈၊ ၂၀၂၂

အလေးပြုရုံ
ဝမ်းနည်းသင်္ကေတပြရုံနဲ့
ဘယ်လုံလောက်ပါ့မလဲကွာ။

ကြီးကျယ်မြင့်မြတ်သူတွေသွေးနဲ့ရေးသမျှ
ကမ္ဘာကုန်ကျယ်အနှံ့ အလှပန်းချီချယ်
လောကအသစ်တွေကို ကန့်လန့်ကာဖွင့်ခဲ့တာချည်းပဲ။

သက်ရှိတွေတိုင်း
ရှုံးဆုံးရမှာ အကြောက်ဆုံးက အသက်။

သက်ရှိတွေတိုင်း
အမြတ်နိုးဆုံးက ကိုယ်ပိုင်အသက်။

အင်အားခြင်း မမျှမှန်းသိလျက်
အများကောင်းကျိုးအတွက်
ကိုယ်ချစ်တဲ့အသက်ကို စွန့်ရဲတဲ့သတ္တိဟာ
အာဇာနည်တွေမှာပဲ ရှိရိုး။

တချိန်ကြ
ကျန်ရစ်သူတို့ မျက်ရည်တွေနဲ့ရောပြီး
​ရုပ်တုဖြစ်လာမယ့်
ကြည်ညိုဖွယ်ရာများအတွက်
ကိုယ့်ကောင်းမှုတွေ အမျှဝေရင်း
ကိုယ့်မျက်ရည်နဲ့ ရေစက်ချတိုင်တည်
သံသရာတိုင်း အထွဋ်အထိပ်ဖြစ်စေ
မကောင်းဆိုးဝါး မိစ္ဆာတိုင်းကို
သံသရာရှိတိုင်း နိုင်စေသောဝ်။

ကျော်ဟုန်း
၂၀၂၂၀၂၁၇

(စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကံကြီးကုန်းရွာဝန်းကျင်မှ သူရဲကောင်းများသို့)

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar