Breaking News

ကိုအောင်မှိုင်း — အကြွေး


ကိုအောင်မှိုင်း — အကြွေး

(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂

ပျားကလေးက
ပန်းပွင့်ကလေးကို
သိပ်ချစ်တယ်လို့ပြောတဲ့အခါ။

ပန်းပွင့်လေးက
ပျားကလေးကို
နှုတ်ဆက်အနမ်းတွေပေးခဲ့တယ်။

အချစ်က 
ပန်းငုံဖူးလေး ဆိုပါတော့
ဒီနွေဦးမှာ
ဖူးငုံ ပွင့်လို့ စွင့်လိုက်စမ်းပါကွယ်။

ကောင်းကင်မှာ
ကြယ်တွေ လက်နေတယ်
ကြယ်တချို့ကလေ 
သတင်းတွေကြားလို့
လက်ပြရင်း ငိုကြတယ်
သူတို့အတွက်
ငဲ့ကွက်စရာ မလိုပါ
ထားစရာတွေ ထားရစ်ခဲ့ပါတဲ့။

အကြင်နာနဲ့ သစ္စာတရားပါရင်
အမိမြေဟာ ပကတိပြည့်စုံပါတယ်
တိမ်မဲမဲကြီးတွေဘက်တော့ မျက်နှာမမူပါနဲ့
တိမ်မဲမဲကြီးတွေနဲ့တော့   စကားမပြောပါနဲ့
သွေးတွေမှာ  အကြွေးတွေ ရှိနေလို့ပါတဲ့။

ချစ်ခြင်းများစွာဖြင့်

ကိုအောင်မှိုင်း



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar