မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁၆ ရက်မြောက်နေ့ မြင်ကွင်း

လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁၆ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဖေဖေါ်ဝါရီ ၁၇၊ ၂၀၂၂
ဖေဖေါ်ဝါရီ ၁၆ ရက် - သေခြင်းတရားက အထူးအဆန်းမဟုတ်တော့သလို ဖြစ်လာတဲ့ ကျနော်တို့ ပတ်ဝန်းကျင်
ယခင်စစ်အာဏာမသိမ်းခင် ကာလတွေက လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ အမျိုးသမီး အခွင့်အရေး၊ လိင်စိတ်ခံယူမှုကွဲပြားကြတဲ့ LGBT အခွင့်အရေး ၊ ဒစ်ဂျစ်တယ် အခွင့်အရေး အစရှိတဲ့ အခွင့်အရေးတွေ တိုးမြှင့်ရရှိရေးအတွက် နှိုးဆော်ကြ ၊ တိုက်တွန်း ပြောဆိုကြ၊ စည်းရုံးကြ ၊ ဥပဒေတွေ ပိုတိုးတက်ကောင်းမွန်လာဖို့ အရပ်ဖက်အဖွဲ့အစည်းတွေ တဦးချင်း တက်ကြွလှုပ်ရှားသူတွေ သက်ဆိုင်ရာ နယ်ပယ် အသီးသီးက စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းအလိုက် တောင်းဆိုကြ တိုက်တွန်းကြ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာတော့ သီတင်း ၂ ပတ်အတွင်း စစ်ကောင်စီက ဥပဒေ တွေကို ပြင်ဆင်တာ ဆိုင်းငံ့တာရပ်ဆိုင်းတာ ပြဋ္ဌာန်းတာတွေ လုပ်ပြီး နဂိုက ကြိုးစားခဲ့ကြတဲ့အခွင့်အရေးကြိုးပမ်းမှုတွေက ရက်အနည်း ငယ်အတွင်း နောက်ပြန်ဆုတ်သွားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အထက်က အစုအဖွဲ့အလိုက် အခွင့်အရေးတွေထက်ကို နိုင်ငံရေးအမြင်မတူသူတွေအားလုံးမှာ အသက်ရှင်သန်ခွင့်က ပိုအရေးကြီးလာတဲ့ သဘော ဖြစ်လာပါတယ်။ စစ်ကောင်စီက နိုင်ငံရေးအရဆန့်ကျင်သူတွေကို လမ်းတွေေပေါ်မှာ ရိုက်နှက်ဖမ်းဆီးတာတွေ၊ ကျည်အစစ်ထည့်ထားတဲ့ သေနတ်နဲ့ ပစ်လို့ သေဆုံးရသူတွေ တနေ့ထက် တနေ့များပြားလာရာက ဖေါဖေါ်ဝါရီလ မကုန်ခင်မှာပဲ သေဆုံးသူ ဒါဇင်နဲ့ ချီတဲ့ ကိန်းဂဏန်းတွေ ရောက်ရှိလာပြီး မတ်လမှာတော့ တရက်ထည်းတင် ဆန္ဒပြသူ ၁၀၀ ကျော်အထိ သေဆုံးတဲ့ နေ့တွေ ရှိလာတာ ဖြစ်ပါတယ်။ အဲဒီ အစောပိုင်းရက်တွေက ဆန္ဒပြသူတဦးအသက်ဆုံးရှုံးရတဲ့အဖြစ်၊ ဆန္ဒပြသူမဟုတ်ပေမယ့် အပြစ်မဲ့သူတဦး သေဆုံးရတဲ့အဖြစ်တွေကို ဖြစ်ရပ်တခုချင်း အသက်ဆုံးရှုံးမှုတခုချင်း မှတ်မိနေခဲ့ကြပါတယ်။ ပျဥ်းမနားမြို့က မြသွဲ့သွဲ့ခိုင် ၊ မန္တလေးမြို့က ကြယ်စင်လို့ အမည်ရတဲ့ မိန်းကလေး သူတို့တွေအသက်ဆုံးရှုံးရမှုအတွက် တနိုင်ငံလုံးက စစ်အာဏာသိမ်းဆန့်ကျင်သူတွေ စိတ်မကောင်း ကြီးစွာဖြစ်ဝမ်းနည်းခဲ့ကြရပါတယ်။ တနေ့တနေ့သတင်းတွေထဲမှာ စောင့်ကြည့်နားထောင်ရင်း တယောက်အသက်ဆုံးရှုံးရ တယောက် မှတ်မှတ်သားသား နှမြောတသ ခဲ့ကြတာဖြစ်ပါတယ်။
တဖြည်းဖြည်းနဲ့ မတ်လ၊ ဧပြီလကနေ မေ၊ ဇွန်၊ ဇူလိုင် စသဖြင့် PDF အဖွဲ့တွေပိုမိုဖွဲ့စည်း လှုပ်ရှားလာကြတဲ့နောက်မှာတော့ အသက်ဆုံးရှုံးမှုတွေဟာ တရက်တရက်ကို ဒါဇင်နဲ့ချီရှိလာတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲက အချို့ဟာ ဖမ်းစဥ်က အကောင်းအတိုင်းဖြစ်ပေမယ့် ၁ ရက်အတွင်း ဘယ်လို နှိပ်စက်ခံရမှန်း သေချာ မသိပဲ အသက်ဆုံးရှုံးသွားကြရကာ မိသားစုက အလောင်းပြန်ထုတ်ခွင့်ရသူ ရှိသလို ထုတ်ခွင့်မရပဲ သဂြိုဟ်တဲ့အချိန်မှာ အပေါ်ယံသာ ကြည့်ခွင့်ရသူတွေလည်း မရှားကြပါဘူး။
အဲဒီအဖြစ်အပျက်တွေကို ကြားသိရချိန် ၊ လမ်းပေါ်မှာ ရိုက်နှက် ညှင်းဆဲခေါ်ဆောင်သွားတာတဲ့ ဗီဒီယိုတွေ ဓါတ်ပုံတွေမြင်တွေ့ရချိန်မှာ ကြည့်ရသူစိတ်ထဲ မခံမရပ်နိုင်တာ၊ နာကျည်းတာ၊ မိသားစုတွေအဖို့ ဝမ်းနည်းကြေကွဲဖွယ်ရာ ခံစားကြရတာ ဖြစ်ပါတယ်။ နေ့စဥ်လိုလို လမ်းပေါ်မှာ အသက်ဆုံးရှုံးရသူတွေ၊ ရွာတွေမှာ ဝင်စီးလို့ သတ်ဖြတ်ခံရသူတွေ၊ စစ်ကြောရေး မှာ အသက်ဆုံးရှုံးသွားကြရသူတွေအတွက် နာကျင်မှုတွေ ခံစားမှုတွေဟာ ကြာလာသည်နှင့်အမျှ ခံစားချက်မာကျောလာ တဲ့သဘောလည်း တွေ့ရပါတယ်။ တဖက်မှာလည်း PDF တွေက သတင်းပေးလို့ ဆိုသူတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေကို လုပ်ကြံသတ်ဖြတ်တဲ့ သတင်းတွေ ၊ တခါတရံ သတင်းပေးက အမျိုးသမီးဖြစ်နေပြီး လုပ်ကြံသတ်ဖြတ်ခံရတာတွေလည်း သတင်းတွေထဲ နေ့စဥ်လိုလို ကြားသိနေကြရတာ ဖြစ်လို့ သေခြင်းဆိုတာကို နေ့စဥ် အဖြစ်အပျက်တခု သဖွယ် မှတ်ယူပြီး အရေအတွက်တွေကိုသာ ရေတွက်ကြတော့တဲ့ အနေအထားမျိုးအထိ နှလုံးသားတွေ မာကျောလာကြတာ သတိပြုမိပါတယ်။
ဗုဒ္ဓဘာသာ ကိုးကွယ်သူ အများစုနိင်ငံဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ သူတပါးအသက်သတ်ဖြတ်ခြင်းကို ယဥ်ပါးမှုမရှိတဲ့ မြန်မာနိုင်ငံသားအများစု အဖို့ စစ်အာဏာသိမ်းပြီး ၆ လ ၈ လအကြာမှာတော့ အသက်ဆုံးရှုံးခြင်းတွေ ၊ သေဆုံးမှုတွေ သတ်ဖြတ်မှုတွေနဲ့ ယဥ်ပါးကာ နေ့စဥ် ဖြစ်ပျက်နေကျ အဖြစ်အပျက်တွေသဖွယ် ရိုးလာတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ဒီလိုနေ့စဥ်သတင်းတွေဖတ်ရှုလာရတာကြောင့် မိမိပတ်ဝန်းကျင်မှာလည်း နေ့စဥ်လိုလို ဗုံးကွဲတာ၊ ပစ်ခတ်သတ် ဖြတ်တာမျိုး မကြာခဏဖြစ်ပျက်တဲ့ နေရာ မြို့လိုမျိုးမှာနေထိုင်နေရတာကြောင့် စစ်ပွဲဖြစ်နေတဲ့ ကယား၊ ချင်း၊ စစ်ကိုင်းတို့ထက် အန္တရာယ်နည်းပါးပေမယ့်လည်း မြန်မာနိုင်ငံမြို့တိုင်း နယ်တိုင်းမှာ ပေါက်ကွဲမှုကြောင့် ဒါမှမဟုတ် တစုံတရာဖြစ်ပွားတာနဲ့ မဆင်မခြင် ပစ်ခတ်မှုကြောင့်သော်လည်းကောင်း တချိန်မဟုတ်တချိန် အသက်ဆုံးရှုံးနိုင်တာကိုလည်း တွေးဆမိပြီး ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ မထိခိုက်ခဲ့ရင်လည်း တနေ့နေ့ တချိန်ချိန် မိမိတို့နေထိုင်ရာမြို့လည်း စစ်မြေပြင် ဖြစ်နိုင်ခြေရှိနေတာကို သတိထား နှလုံးသွင်းမိပြီး ဖြစ်ပါတယ်။
သေခြင်းတရားဟာ အဝေးကြီးမဟုတ်တော့ပဲ ကိုယ်ရော ကိုယ့်မိသားစုပါ ဘယ်သီတင်းပတ်၊ ဘယ်လ၊ ဘယ် နှစ်ရယ်လို့ မသိသော်လည်း အဆင်မသင့်ရင် မကြာခင်မှာ တနေ့နေ့ ကြုံရနိုင်တယ်လို့ တွေးဆထားတဲ့ အခြေ အနေမျိုး ဖြစ်ပါတယ်။
သေဆုံးခြင်းကို သိပ်ပြီး အကျယ်ဖွဲ့ စိုးရိမ်ကြောက်လန့် နေတဲ့အနေအထားမျိုးမဟုတ်တော့ပဲ ရောက်လာနိုင် ခြေရှိတဲ့အရာလို့သာ စိတ်ထဲပြင်ဆင်ထားကြရတာမျိုး ဖြစ်လာပါတယ်။ သို့သော် ရက်စက်တဲ့ ညှင်းဆဲသတ် ဖြတ်ခံရခြင်းမျိုး၊ ဝေဒနာအပြင်းအထန် ခံစားရခြင်းမျိုးမဟုတ်တဲ့ သေခြင်းဖြစ်ဖို့တော့ ဆန္ဒရှိကြမယ် ထင်ပါတယ်။
သေခြင်းတရားကို ယဥ်ပါးလာခြင်းနဲ့အတူ အချို့သောမျက်နှာစာတွေမှာလည်း သတ်ဖြတ်ခြင်းတွေက ပိုပြီးယဥ်ပါးလာကြတဲ့အနေအထားရှိပါတယ်။ မိမိကိုယ်တိုင် သေခြင်းတရားအတွက် ရင်ဆိုင်ရနိုင်ခြေရှိတယ် ပြင်ဆင်ထားကြတယ်ဆိုကြရာမှာ တချို့သူတွေအနေနဲ့ အခြားသူရဲ့ သေခြင်းကိုလည်း စီရင်ဖို့ဝန်မလေးကြတာမျိုး အခြေ အနေတွေ ရောက်လာနေတာ ဖြစ်ပါတယ်။
ခုလို နိုင်ငံရေးကာလမှာ တရားမျှတမှု ဆိုတာထက် အင်အား သို့မဟုတ် ရလဒ်အခြေပြု စီရင်ခြင်း၊ ဆုံးဖြတ်ခြင်းတွေက လွှမ်းမိုးနေလေ့ရှိပြီး စီရင်ဆုံးဖြတ်မှုတိုင်း မှန်ကန်မယ်လို့ ပြောဖို့ခက်ခဲတဲ့အနေအထားလည်း ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးခြင်း၊ တရားမျှတခြင်း၊ ပွင့်လင်းမြင်သာသော တရားစီရင်မှုရှိခြင်းနဲ့ ဥပဒေ၏ အကာ အကွယ်နဲ့ နေထိုင်ခွင့်တွေ ဆုံးရှုံးနေတဲ့ နေ့ရက်တွေ ဖြစ်လာနေပြီ ဖြစ်ပါတယ်။ ထိုအတွက်ကြောင့် အထက်ကပြောခဲ့သလို မိမိနဲ့ သူတပါးတို့အတွက် အခွင့်အရေး လူ့အခွင့်အရေးဆိုတာ အာမခံချက်မရှိတော့တဲ့ အခြေ အနေကိုရောက်ရှိနေတယ်လို့ ဆိုရပါမယ်။ လက်နက်ရှိသူ အားကြီးသူ အနိုင်ထက်စီရင်နိုင်သူတို့နဲ့ ၎င်းနောက် လိုက်နောက်ပါတွေ လက်ထဲမှာ အများပြည်သူတွေ၏ အသက်အိုးအိမ် စည်းစိမ် ရောက်ရှိနေတဲ့ သဘောဖြစ်ပါတယ်။
သို့ပေမယ့် မြန်မာပြည်ရဲ့ မြို့ရွာအတော်များများရဲ့ လမ်းမထက်မှာ အဲသည် တရားလက်လွတ် ဥပဒေမဲ့ စီရင်ခံ သတ်ဖြတ်ဖမ်းဆီးခံနိုင်တဲ့ အခြေအနေကို လက်နက်မဲ့ ရင်ဆိုင်ပြီး အာဏာဖီဆန်တိုက်ပွဲဝင်တောင်းဆိုနေတဲ့ လူငယ် လူရွယ်မျိုးဆက်တွေရဲ့ သပိတ်စစ်ကြောင်းတွေ ၊ လူစုလူဝေး ချီတက် ဆန္ဒပြပွဲတွေ ဆက်လက် တည်ရှိနေတာကတော့ တကယ့်ကို အံ့ဩမင်သက် လေးစားဖွယ် နွေဦးတော်လှန်ရေး၏ စိတ်ဓာတ်အနှစ်သာရတွေ ရှင်သန်နေတယ်ဆိုတဲ့ ပြယုဒ်တွေ ဖြစ်ပါတယ်။ မိမိတို့၏ ယုံကြည်ချက်နဲ့ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားခွင့်တွေကို ခုချိန်ထိ မြန်မာပြည်သူတွေနဲ့အတူ တက်ကြွလှုပ်ရှားသူတွေ စာပေအနုပညာရှင်တွေ သတင်းသမားတွေ နိုင်ငံရေးသမားတွေက နောက်ဆုတ်မသွားဘဲ ဆက်လက် အားထုတ်နေကြဆဲ ဖြစ်တယ်ဆိုတာကလည်း မိမိတို့ သာမန်ပြည်သူတွေအားလုံးအတွက် ခွန်အားတွေ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အချိန်မရွေး သေမင်းက ချွေယူ သွားနိုင်ပေမယ့် မိမိတို့ ယုံကြည်ရာကို စွန့်ပစ်နောက်လှည့်မသွားတဲ့ စိတ်ဓာတ်တွေကို ဂုဏ်ပြုကြရမှာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar