Breaking News

စ မ န - '' ရှက်ဖွယ်လိလိ ကမ္ဘာ ''


Photo- Crd

'' ရှက်ဖွယ်လိလိ ကမ္ဘာ ''
စ မ န
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂

တကယ်ပါ   ....  ​
အော့နလုံးနာဖို့​ကောင်းလွန်းပါတယ်
အရိုင်းတိရစ္ဆာန်​တွေပမာ
အစွယ်သာတာ လက်သည်းသာတာနဲ့ပဲ
"ငါဘုရင်ကွ" "ငါကသာတယ်""ဘယ်​ကောင်ယှဉ်ရဲသလဲ"
ရှက်ပဲမရှက်ဘူးလား
ဟားတိုက်လို့ရယ်​နေမယ်ကွာ
ဟားတိုက်လို့ရယ်​နေကြလိမ့်မယ်ကွာ
ကမ္ဘာတည်သ၍ပဲ 
အဲ့ဒီအမည်း​အ​မှောင်စာမျက်နှာကို
ရှက်ရဲရဲနဲ့ကြည်​နေကြလိမ့်မယ်
ငါတို့လူသား​တွေဟာ 
အဲ့ဒီတုန်းကတယ်​သေးသိမ်ကြ​သေးတာပဲ​နော်လို့
စကား​တွေဆို​နေကြ​တော့များ
သနားစရာကောင်းလိုက်ပါဘိလား
ရှက်ဖွယ်လိလိကမ္ဘာ ။ ။

၆:၃၅ ည​နေ
25022022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar