Breaking News

ကိုသန်းလွင် - ဆန်ရှင်၏အကျိုးသက်ရောက်မှု

Credit...Tyler Hicks/The New York Times

ကိုသန်းလွင် - ဆန်ရှင်၏အကျိုးသက်ရောက်မှု

(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၂


( )

အမေရိကန်နှင့် ဥရောပ ယူနီယံနိုင်ငံများက ရုရှားအပေါ် ချမှတ်ထားသော ဆန်ရှင် (Sanction) များတွင် ယနေ့အထိ () ရုရှားအစိုးရနှင့် ဘဏ်ကြီးများကို ကမ္ဘာ့ဈေးကွက်သို့ မဝင်နိုင်ရေး၊ () ရုရှားသို့ တင်ပို့သော နည်းပညာ  (Technology) ပိုင်းဆိုင်ရာ များကို ကန့်သတ်ထားရေးနှင့်၊ () ထင်ရှားသော ရုရှားလူမျိုးများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားခြင်းတို့ ပါဝင်ပါသည်။ သိသိသာသာကြီး ချန်လှပ်ထားခဲ့ကြသည်မှာ ရုရှားတို့၏ ပို့ကုန်၊ အထူးသဖြင့် လောင်စာဆီ တင်ပို့ခြင်း ဖြစ်ပါသည်။

ချန်လှပ်ထားခဲ့ခြင်းမှာ အံ့အားသင့်စရာမရှိပါ။ မကြာခင်နှစ်များကအထိ ဥရောပယူနီယံမှ သဘာဝဓာတ်ငွေ့ လိုအပ်ချက်၏ ၄၀ % (သို့မဟုတ်) လိုအပ်ချက်၏ လေးပုံတစ်ပုံကျော်ကျော်ကို ရုရှားတို့ထံမှ ဝယ်ခဲ့ရပါသည်။ ထိုဆီနှင့် အိမ်များကို အပူပေးရပါသည်။ စက်ရုံများ လည်ပတ်ရပါသည်။ ထို့ပြင် လူစီးကားများကိုလည်း မောင်းနှင်စေနိုင်ပါသည်။ ဤနည်းဖြင့် ရုရှားကို စီးပွားရေးစနစ်အတွင်းသို့ ငွေအမြောက်အမြားကို ဖြည့်ဆည်းပေးခဲ့ပါသည်။

( )

ထိုဝင်ငွေများ ပျောက်ဆုံးသွားသည်ကို ရုရှားတို့က မလိုလားပါ။ အစိုးရ၏ လုပ်စရာကိုင်စရာများကို ထိုငွေများဖြင့် လုပ်ကိုင်စေရပါသည်။ ရုရှားတို့၏ စီးပွားရေးစနစ်တခုလုံးမှာ ထိုငွေပေါ်တွင် မှီခိုနေပါသည်။ ဆီနှင့် သဘာ၀ဓာတ်ငွေ့တို့မှ ရငွေသည် နိုင်ငံတော်ဘတ်ဂျက်၏ ပုံ ပုံထက်ပို၍ များပါသည်။ သို့သော် ထိုငွေကို ဖြတ်တောက်ခြင်းသည် ဥရောပနိုင်ငံအများအပြားကိုလည်း ထိခိုက်မှာ သေချာပါသည်။

ဆန်ရှင်ဆိုသည်မှာ အပြစ်ကျူးလွန်သူကို ထိုခိုက်စေရန် ချမှတ်ရခြင်းဖြစ်ပါသည်။ ထိုပစ္စည်းကို မှီခိုနေ ရသူများကို မထိခိုက်စေလိုပါ။ ကုန်သွယ်ခြင်း၊ စီးပွားရေးအရ အထောက်အပံ့ပေးနိုင်ခြင်းတို့သည်ကမ္ဘာစစ်ကြီး ပြီး ကတည်းက နိုင်ငံများကို မိတ်ဆွေနိုင်ငံများ ဖြစ်စေရန် ဖန်တီးပေးပါသည်။

ဥရောပယူနီယံသည် ရုရှားနိုင်ငံ၏ အကြီးမားဆုံးသော စီးပွားရေးပါတနာကြီး ဖြစ်ပါ၏။ ၂၀၂၀ တစ်နှစ်လုံး ကုန်သွယ်ရငွေ၏ ၃၇ ရာခိုင်နှုန်းမှာ ရုရှားနှင့် ကုန်သွယ်ရာမှ လာပါသည်။ ရုရှားနိုင်ငံ၏ နိုင်ငံခြားသို့ တင်ပို့သော သဘာ၀ဓာတ်ငွေ့ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းနှင့် လောင်စာဆီ ပို့ကုန်၏တစ်ဝက်ကျော်ကျော်မှာ ဥရောပနိုင်ငံများသို့ ဖြစ်ပါ၏။ နှစ်ဘက်စလုံး၏ တဘက်ကို တဘက် အကျိုးပြုမှုများမှာ နှစ်ဦး နှစ်ဘက်လုံးအတွက် ယခုအခါ နစ်နာစေသော ဒဏ်ရာများ ဖြစ်နေပါပြီ။ ဥရောယူနီယံ ခေါင်းဆောင်များမှာ ရုရှားကို အပြစ်ပေးလိုသည်က တစ်ဖက်၊ မိမိတို့ စီးပွားရေးကို ကာကွယ်ဖို့လိုသည်က တစ်ဖက်ဖြစ်နေပါသည်။

အင်္ဂါနေ့က ရုရှားနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ပရောဂျက် (Nord Stream 2) မှာ တည်ဆောက်ပြီး ဖြစ်သော ရုရှားမှ ဓာတ်ငွေ့ကို ဂျာမနီနိုင်ငံမြောက်ပိုင်းနှင့် ဆက်သောပိုက်လိုင်းကို ပိတ်ပင်လိုက်သည်ဟု ဂျာမနီက ကြေညာပါသည်။ အကယ်စင်စစ်မှာ ရုရှားမှ ဓာတ်ငွေ့များ ဥရောပနိုင်ငံများသို့ စီးဆင်းနေပြီဖြစ်ရာ နိုင်ငံ ခေါင်းဆောင်များအနေဖြင့် ၎င်းကို လျော့နည်းမသွားစေချင်ကြပါ။

၂၀၂၁ ခုနှစ် နောက်ဆုံး သုံးလအတွင်း ရုရှားက ဓာတ်ငွေ့ပို့ပေးသည့် ပမာဏမှာ လွန်ခဲ့သောနှစ်နှင့်နှိုင်းစာလျှင် ၂၅ ရာခိုင်နှုန်းနီးပါးခန့် လျှော့ချခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ (International Energy Agency) ၏ အဆိုအရ ဥရောပ၏အရန်ဆီ စုဆောင်းအားမှာ ၃၀ ရာခိုင်နှုန်းသာရှိပြီး ဥရောပနိုင်ငံများသည် စွမ်းအင်အတွက် လွန်စွာ တန်ဖိုးကြီးပေးနေရပါပြီ။

ဆီနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှု လျော့နည်းလာသည်နှင့်အမျှ ဈေးများကလည်း ကြီး၍လိုက်လာပါသည်။ မော်စကိုက ၎င်း၏တင်ပို့မှု လျှော့ချလျှင် ဈေးများမှာ ပို၍ ပို၍ မြင့်တက်လာစရာသာ အကြောင်းရှိပါသည်။

ဂျာမနီမှာ ရုရှားနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၎င်းလိုအပ်သော သဘာဝဓာတ်ငွေ့ ၅၅ ရာခိုင်နှုန်းကို ရုရှား နိုင်ငံမှ ရရှိပါသည်။ အီတလီနိုင်ငံသည် ဒုတိယအကြီးဆုံးနိုင်ငံ ဖြစ်ပြီး ၎င်းလိုအပ်ချက်၏ ၄၁% ကို ရုရှားနိုင်ငံမှ ရပါသည်။ လွန်ခဲ့သော ရက်သတ္တပါတ်က ဖင်လန်တွင် ကျင်းပသော အစည်းအဝေးတွင် ရုရှားသံအမတ်ကြီးက သမ္မတပူတင်နှင့် ဝန်ကြီးချုပ် ဒရာဟီတို့ကို ပြောကြားရာတွင် လိုအပ်ပါက အီတလီတို့ ဓါတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါသည်ဟု ပြောခဲ့ပါသည်။

မစ္စတာပူတင်က ရုရှားနိုင်ငံတွင် အီတလီလုပ်ငန်းပေါင်း ၅၀၀ ကျော်ရှိကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံ ပူးပေါင်း၍ စီးပွားရေးလုပ်ကိုင်သောပမာဏ မှာ ဒေါ်လာ ဘီလီယံခန့်မျှရှိကြောင်း ပြောခဲ့ပါသည်။

သြစတေးလျ၊ တူရကီနှင့် ပြင်သစ်တို့မှာလည်း ရုရှားနိုင်ငံ၏ ဆီနှင့်သဘာဝဓာတ်ငွေ့တို့ကို များစွာအသုံးပြုသော နိုင်ငံ ဖြစ်ကြပါသည်။ ဥရောပအလယ်ပိုင်းနှင့်အရှေ့ပိုင်းနိုင်ငံများဖြစ်သော ဟန်ဂေရီ၊ ပိုလန်၊ ချက်ရီပတ်ဘလစ်နှင့် ဆလိုဗားကီးယားနိုင်ငံတို့မှာ ရုရှားစွမ်းအင်ကုမ္ပဏီ (Gagprom) ၏အကြီးမားဆုံး ဖောက်သည်များ ဖြစ်ကြပါသည်။

အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီက ကမ္ဘာတွင် စွမ်းအင်ဆိုင်ရာ တင်ပို့မှု ဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ ပြောကြားရာ၌ ရုရှားနိုင်ငံမှ တစ်နေ့လျှင် ဆီ ၂၅၀,၀၀၀ စည်ပေါင်းမှာ ဟန်ဂေရီ၊ ဆလိုဗားကီးယားနှင့် ချက်ရီပတ်ဘလစ်နိုင်ငံတို့ကို သွားရန် ပိုက်လိုင်းသည် ယူကရိန်းနိုင်ငံကို ဖြတ်သန်းရပါသည်။ ၎င်းသည် ကမ္ဘာ ကြီးက သုံးစွဲနေသည့် တစ်နေ့လျှင် စည်ပေါင်း သန်း ၁၀၀ နှင့်စာသော် များစွာမပြောပလောက်သော်လည်း ဤမျှ ဆီများ ပျောက်ဆုံးသွားလျှင် ထိုနိုင်ငံများအတွက် များစွာ အခက်အခဲဖြစ်ရပါလိမ့်မည်။

အနောက်နိုင်ငံများတွင် ထိုကိစ္စအတွက် တုံ့ပြန်စရာနည်းလမ်းများ ရှိပါသည်။ ရုရှား၏ စွမ်းအင်ဆိုင်ရာ ထုတ်ကုန်များမှရရှိသော ဝင်ငွေသည် ရုရှား၏ အခြားဘဏ္ဍာရေးဆိုင်ရာ အဆောက်အဦများကို ဆန်ရှင် လုပ်ထားသောကြောင့် ထိခိုက်မှုရှိမည်မှာ သေချာပါသည်။ ထိုကိစ္စမှာ ဆီနှင့်တခြားဓာတ်ငွေ့များ ထုတ်ကုန်တင်ပို့ခြင်း မှရငွေကို တိုက်ရိုက်မထိခိုက်သော်လည်း ရုရှား၏ ငွေဝင်ငွေထွက် စာရင်းများကို တောက်လျှောက် အနှောင့်အယှက်ပေးတော့မည် ဖြစ်သည်။ ဆီနှင့် စွမ်းအင်ဆိုင်ရာ ပစ္စည်းများ ထုတ်ကုန်ကြောင့် ရရှိသောဝင်ငွေ လျော့နည်းသွားရတော့မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရုရှားဆီနှင့် ဆီထွက်ပစ္စည်းများကို တင်ပို့သော သင်္ဘောကုမ္ပဏီများသည် ရုရှားထုတ်ကုန်များ တင်ပို့ခကို ဈေးပို၍တောင်းကြတော့မည် ဖြစ်သည်။

အိမ်ဖြူတော်အနေဖြင့် ရုရှားနိုင်ငံမှ တင်ပို့မည့် ဆီနှင့် ဆီထွက်ပစ္စည်းများကို တားမြစ်နိုင်ပါသည်။ ထိုသို့ ဆိုလျှင် စည် သိန်းမျှသော ဆီနှင့်ထွက်ကုန်များအတွက် အခြားသုံးစွဲမှုများကို ရှာဖွေရတော့မည် ဖြစ်သည်။ အခြားသုံးစွဲသူမှာ တရုတ်တို့ ဖြစ်နိုင်ကောင်းပါသည်။ အမေရိကန်နှင့် ဥရောပကောင်စီတို့မှာ ရုရှားတို့၏ဆီ နိုင်ငံခြား သို့ တင်ပို့ခြင်း ကို ကန့်သတ်ခြင်းမရှိသည့်တိုင် ဤလုပ်ငန်းကို လုပ်ကိုင်ကြသော ကုန်သည်တို့အနေဖြင့် ရုရှား ဆီများကို ကိုင်တွယ်ရောင်းချရာတွင် သတိကြီးစွာထားကြရတော့မည် ဖြစ်ပါသည်။

အကယ်၍သာ အမေရိကန်တို့က ရုရှားထုတ်ကုန်အပေါ်၌ ဆန်ရှင်ချတော့မည်ဆိုပါက နည်းပညာပိုင်းဆိုင်ရာ ဖြစ်သော ရုရှားတို့၏ ဓာတ်ငွေ့ရည် (Liquidfied Natural Gas) ကို ကန့်သတ်ရန်အကြောင်းရှိပါသည်။ အကယ်၍ ရုရှားတို့က ဓာတ်ငွေ့တင်ပို့မှုကို လျှော့ချလိုက်ပါက ဥရောပနိုင်ငံများနေဖြင့် အမေရိကန်နှင့် အခြားနိုင်ငံများမှ ဓာတ်ငွေ့ကို အသုံးပြုနိုင်ဖွယ်ရာရှိသည်။ အယ်အင်ဂျီ ပို့ကုန်အနေဖြင့် အမေရိကန်မှလာသေ ဓာတ်ငွေ့ များသည် ရုရှားတို့ထံမှ ဝယ်၍သုံးသော ဓာတ်ငွေ့များအရေအတွက်ကို လွန်ခဲ့သော ရက်သတ္တပတ်များက ပြည့်မီခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့သော အကူအညီများကို အနောက်ပိုင်းဥရောပနိုင်ငံများဖြစ်သော ဂျာမနီနှင့် အီတလီတို့က ရနိုင်သည်။ တောင်ပိုင်းနှင့် အရှေ့ပိုင်းကျသောနိုင်ငံများအဖို့မှုကား ရုရှားတို့က တင်ပို့သော ဓာတ်ငွေ့အပေါ် တွင် ပထဝီအနေအထားအရ မှီခိုနေရပါသည်။

ရုရှားတို့က ဓာတ်ငွေ့တင်ပို့ခြင်းကို မရပ်ဆိုင်းသည့်တိုင် စစ်ကြောင့် ဖြတ်တောက်ရခြင်း အပါအဝင် အနှောင့်အယှက်များကြောင့် သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်တို့၏တန်ဖိုးများမှာ ကြီးမြင့်လာနိုင်ပါသည်။ ထိုဈေးနှုန်းမြင့်တက်မှုကြောင့် ဓာတ်မြေသြဇာထုတ်လုပ်သော အချို့သော စက်ရုံများမှာ ပိတ်ပစ်ရသည့် အခြေအနေ ရောက်သွားပါသည်။

ဂျုံ၊ ပြောင်းဖူး အစရှိသော လယ်ယာထွက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုမှုမှာ အနှောင့်အယှက်များ ရှိသည်။ ရုရှားမှ ထွက်သမျှကို တရုတ်တို့က ဝယ်ယူရန် အကြောင်းရှိပေသည်။

( )

ဆန်ရှင်များ၏သဘောမှာ လျှော့သွားသည်ဟု မရှိဘဲ တနေ့တစ်မျိုး တိုး၍သာလာနေပါသည်။ စနေနေ့က သမ္မတပူတင်အပေါ် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆန်ရှင်ကို အမေရိကန်က ချမှတ်လိုက်သည်။ Persona non grata အဖြစ် အမေရိကန်က သတ်မှတ်ပြီး အမေရိကန်သို့ လာခွင့်မရှိ၊ ၎င်း၏ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုများကို သိမ်းပိုက် (Freeze) လိုက်ပြီ ဖြစ်သည်။

ကိုသန်းလွင်

Ref: Tougher Sactions Carry Risk, By Patricia Cohen N.Y. Times February 26 2022.

 

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar