မြန်မာစစ်တပ်ကို ငွေကြေးနှင့် လက်နက်ပံ့ပိုးနေသည့် အာဆီယံအစိုးရများနှင့် ကုမ္ပဏီများ
(မိုးမခ) ဖေဖော်၀ါရီ ၂၄၊ ၂၀၂၂
မြန်မာစစ်တပ်အတွက် ပံ့ပိုးမှုများ ပေးအပ်ခဲ့ကြသည့် အရှေ့တောင်အာရှဒေသရှိ အစိုးရများနှင့် ကုမ္ပဏီများကို Justice For Myanmar ၏ စစ်ရာဇဝတ်ဂိုဏ်းငွေကြေးမြေပုံ၊ ကဏ္ဍသစ်တစ်ရပ်တွင် ထည့်သွင်းဖော် ပြလိုက်ပါသည်။ အဆိုပါမြေပုံတွင် အာဆီယံ အဖွဲ့ဝင်များဖြစ်သော ဖိလစ်ပိုင် နှင့် အင်ဒိုနီးရှားတို့သည် မြန်မာစစ်တပ်အတွက် စစ်လက်နက်များ ထောက်ပံ့ခြင်းမှတစ်ဆင့် မြန်မာစစ်တပ်၏ကြမ်းကြုတ်သည့်ရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်နေကြသည်။
ဖိလစ်ပိုင်စစ်လက်နက်ထုတ်လုပ်သူ United Defense Manufacturing Corporation (UDMC) က ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်၏ လူမျိုးတုန်းသတ်ဖြတ်မှု စစ်ဆင် ရေး စတင်ချိန်ကာလတွင် ၄၅၀ကီလိုရှိ သေနတ်များကို မြန်မာနိုင်ငံသို့ တင်ပို့ခဲ့သည်။ ထိုလက်နက် ရောင်းချမှုမတိုင်မီ UDMC က နည်းပညာလွှဲပြောင်းမှုများပေးအပ်ခြင်း၊ စစ်လက်နက် ထုတ်လုပ်မှု တွင်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာစစ်တပ်နှင့် စီးပွားရေးဆက်ဆံရေးတစ်ရပ် ရရှိရန် နှစ်ပေါင်း များစွာ လုပ်ဆောင်ခဲ့ပါသည်။
၂၀၂၀ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံက ၎င်းတို့၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း PT. Pindad သည် မြန်မာ နိုင်ငံသို့ ကျည်ဆံများ တင်ပို့ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ PT. Pindad သည် မြန်မာစစ်ကောင်စီ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဝင်းရှိန်၏ သားဖြစ်သူ ထူးထူးရှိန်ဦး ပိုင်ဆိုင်သည့် စစ်လက်နက်ပွဲစား ကုမ္ပဏီ True North Co. Ltd နှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တစ်ရပ် ရရှိထားသည်။
✅ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့ အပါအဝင် အာဆီယံ၊ ဒေသတွင်းအစိုးရများနှင့် ၎င်းတို့ထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် တရားမဝင်စစ်ကောင်စီနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ၊ မိတ်ဖက်များထံ ငွေပေးချေမှုအားလုံး ကို ချက်ချင်းရပ်ဆိုင်းရန်။
✅ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ပင်စင်ရံပုံငွေများနှင့် အခြားသောအဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူ များအနေဖြင့် ရင်းနှီးမြှုပ်နှံရာမှာ အကြမ်းဖက်မြန်မာစစ်ကောင်စီအား ငွေကြေးထောက်ပံ့နေခြင်းကို မဖြစ်မနေ ရပ်တန့်ရမည် သို့မဟုတ်ပါက ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းရန်။
✅ အာဆီယံနှင့် ဒေသတွင်းနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် စဉ်ဆက်မပြတ် လူ့အခွင့်အရေး ဆိုင်ရာ လိုက်နာရမည့် ပြဌာန်းချက်များအတိုင်း လုပ်ဆောင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ၎င်းတို့လုပ်ငန်းများအနေဖြင့် မြန်မာစစ်ကောင်စီနှင့် ၎င်း၏စီးပွားရေးလုပ်ငန်းများအတွက် အခွန်ငွေ ရင်းမြစ်ပေးအပ်ခြင်း မပြုစေရန် လုပ်ဆောင်ရန်။
✅ အာဆီယံနှင့် ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရမည်ဖြစ်ပြီး စစ်ကောင်စီနှင့် ၎င်း၏ ကိုယ်စားလှယ်များအား အာဆီယံထိပ်သီးညီလာခံများနှင့် အစည်းအဝေးများအားလုံးသို့ ဖိတ်ကြားခြင်းကို ရပ်တန့်ရန်။
✅အာဆီယံဆွေးနွေးဖက် မိတ်ဖက်များဖြစ်ကြသည့် ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုးရီးယား၊ ယူကေ၊ ကနေဒါ၊ ဥရောပသမဂ္ဂနှင့် အခြားသောနိုင်ငံများအနေဖြင့် တရားမဝင်စစ်ကောင်စီ၊ ၎င်း၏ စီပွားရေး လုပ်ငန်းများနှင့်မိတ်ဖက်များအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရမည်ဖြစ်ပြီး စစ်တပ် အား ငွေကြေးဆက်လက်ထောက်ပံ့ခြင်းမရှိစေရန် အာဆီယံအစိုးရများကို ဖိအားပေးရန် Justice For Myanmar မှ တောင်းဆိုသည်။
မြန်မာစစ်တပ်ကို ငွေကြေးနှင့် လက်နက်ပံ့ပိုးနေသည့် အာဆီယံအစိုးရများနှင့် ကုမ္ပဏီများအကြောင်းအရာပါ Justice For Myanmar မှ ဖော်ထုတ်ရေးသားထားသည့် သတင်းဆောင်းပါးအပြည့်အစုံအား ဖတ်ရှုရန် 👉🏽 https://bit.ly/36mHxtt
Justice For Myanmar မှ ကူးယူသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar