တာရို - ၂၀၂၂ ဖေဖော်ဝါရီ မြန်မာပြည်သူပြည်သားများအတွက် တားရော့အဟော
တာရို - ၂၀၂၂ ဖေဖော်ဝါရီ မြန်မာပြည်သူပြည်သားများအတွက် တားရော့အဟော
၂၀၂၂
ဖေဖော်ဝါရီလ မြန်မာပြည်တွင်း နေထိုင်သော မြန်မာပြည်သူပြည်သားများအတွက်ကိုသာ
ရည်ရွယ်ပြီး တားရော့ကဒ်တွေ
ချကြည့်ပါတယ်။ General
Reading ဖြစ်လို့ သိပ်ကြီးလည်း Serious ယူစရာမလိုပါ။ ဒါ့အပြင် ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သော မြန်မာပြည်သူများရဲ့ ယုံကြည်မှုကြောင့် မကောင်းသော ကံများကလည်း ကောင်းသောကံများအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
အပြန်အလှန်လည်း
ဖြစ်နိုင်တာကြောင့် ဘုရားတရား မမေ့ကြပါနဲ့။
ကဒ်တွေ
ချရာမှာ ထုံးစံအတိုင်း
လူတွေကို သာ ဦးစားပေးပါတယ်။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို
ကြည့်ပေးတာပါ။ တိုင်းပြည်နိုင်ငံရေး ပြည်ရေးကို လုံး၀ မကြည့်ပါဘူး။ ဒါကြောင့် တွေ့တာတွေကို ကြည့်ပြီးတော့သာ
ခန့်မှန်းရနိုင်သလောက်
အခြေအနေကို ခန့်မှန်းပေးထားပါတယ်။
ဒီဖေဖော်ဝါရီလကိုတော့
မြန်မာတပြည်လုံး မြို့ကြီး မြို့ငယ် နယ်အသွယ်သွယ်ကို ကဒ်တွေ ချကြည့်ခဲ့ပါတယ်။ မျှော်လင့်ချက်တော့ ရှိပါတယ်။ ဒါပေမဲ့ လူတွေဟာ ဖေဖော်ဝါရီလကုန်လောက်အထိတော့
တောင့်ခံသွားကြရဦးမယ်။
လကုန်လောက်မှ ခံနေရတဲ့ အခြေအနေအောက်က လွတ်စပြုလာနိုင်ပါတယ်။ လူတွေဟာ တော်တော်ခံနိုင်ရည်ရှိကြပါတယ်တဲ့။ ခံနေရတယ်ဆိုပေမယ့်
ကြောက်ပြီးခံနေရတာမဟုတ်ပဲ
သတ္တိရှိရှိနဲ့ ခံနေရတာပါ။ စိတ်ကို ပျော်ပျော်ရွှင်ရွှင်နေတတ်ကြလို့သာ
လောကကြီးကို သိပ်ပြီးဂရုမစိုက်ကြတာလည်း
ဖြစ်ပါတယ်။ ကိုယ့်ကို အုပ်ချုပ်တဲ့သူလည်း လုပ်ချင်တာလုပ်၊ ငါတို့လည်း ခံသင့်တာခံ၊ လုပ်စရာရှိတာလုပ်မယ်ဆိုတဲ့ သဘောတွေ တပြည်လုံးကို လွှမ်းမိုးနေပါတယ်။
လကုန်လောက်မှာ
လူတွေဟာ အစိုးရတရပ်ကို ဖွဲ့စည်းနိုင်လိမ့်မယ်။
အဲဒီအစိုးရတရပ်ဟာ ပြည်ပ သို့မဟုတ် ပြင်ပက အင်အားနဲ့ ပူပေါင်းပြီးတော့ ကိုယ့်အုပ်ချုပ်တဲ့သူထက်တောင်
အင်အားရှိတဲ့ အစိုးရတရပ် ဖွဲ့စည်းနိုင်မယ်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်သလားဆိုတာ မသိဘူးပေါ့။
လူတွေအားလုံးရဲ့ စိတ်ထဲ ဖြစ်ပေါ်နေကြတာမျိုးလည်း
ဖြစ်နိုင်ပါတယ်။
ရန်ကုန်မြို့၊
မန္တလေးမြို့ အစရှိတဲ့ မြို့ကြီးတွေမှာ နေထိုင်ကြသူတွေ လူတွေကို ကဒ်ချကြည့်တော့ နယ်တွေမှာလောက်တော့ မဆိုးပါဘူး။ ကိုယ့်ဘဝကို ကိုယ်ကြိုက်သလို တည်ဆောက်ပြီး နေနေကြတယ်။ ကိုယ့်အုပ်ချုပ်တဲ့သူကို သိပ်ဂရုမစိုက်ဘဲ
ကောင်းကောင်းနေနိုင်နေကြပါတယ်။
ဒါ့အပြင်
လူတွေက စိတ်ပိုင်းဆိုင်ရာမှာ
တော်တော်လေး ပြုပြင်လာတယ်။ ဒါပေမဲ့ တော်တော်များများ အိမ်မှာ နေရမယ့်အချိန်က များအုံးမယ်။
ကိုယ့်စိတ်ဝေဒနာကို ကုစားနေကြရအုံးမယ်။ ကိုယ့်ရဲ့ စိတ်ကောင်း
စေတနာကောင်းတွေကြောင့်လည်း နေထိုင်လို့ အဆင်ပြေတာဖြစ်ပါတယ်။
သတင်းကောင်းတစ်ခု
ကြားရနိုင်တယ်။ ထူးဆန်းတဲ့ သတင်းတစ်ခု သေချာပေါက် ရမယ်လို့ ဆိုပါတယ်။ ကောင်းသော နိမိတ်တွေ ရှိလာတတ်ပါတယ်။
တနှစ်ကျော်ကြာ
ဖမ်းဆီးခံနေရသူတွေ၊ စာရေးဆရာတွေ၊
ကဗျာဆရာတွေ၊ သရုပ်ဆောင်တွေ၊ မင်းသား မင်းသမီးတွေ အနုပညာရှင်တွေ ရဲ့
စိတ်အခြေအနေကို ကဒ်ချကြည့်ပါတယ်။ သူတို့ဟာ ဒီဖေဖော်ဝါရီလမှာတော့ မလွတ်မြောက်နိုင်သေးဆိုတဲ့ စိတ်မကောင်းစရာကဒ်တွေ ရခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ဘဝဟာ အဲဒီလို အဆုံးမသတ်ပါဘူး။ ရှေ့လျောက် ရွေးချယ်စရာတွေ၊ အခွင့်အရေးတွေ ရလာပါ့မယ်။ ခံတော့ခံနေကြရအုံးမယ်။ သို့သော် အဆိုးကြီးတော့ မဟုတ်ပါဘူး။ လွတ်မြောက်ချင်တဲ့ ဆုကတော့ ခုလောလောဆယ် မပြည့်ဝနိုင်သေးပေမယ့် စိတ်ဓာတ်ကျစရာမလိုပါဘူး။ သူတို့ဟာ လုပ်ချင်တာတွေ မလုပ်နိုင်သေးတာပါ။ သူတို့ ခံနိုင်ရည်ရှိရှိ တောင့်ခံဖို့၊
အားပေးဖို့ ပဲလိုပါတယ်။
မြန်မာပြည်ကို
အုပ်ချုပ်နေတဲ့သူတွေနဲ့ပတ်သက်လို့
ကဒ်တွေချကြည့်တော့ သူတို့တတွေဟာ ဖေဖော်ဝါရီလမှာ သိပ်ကြီးတော့ မပျော်ရွှင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့လိုချင်တာ ၁၀၀ % အကုန်မရလို့ပါ။ ဖြစ်နိုင်ရင်သူတို့ နောက်ပြန်ဆုတ်နိုင်မယ်ဆိုရင်
အခြေအနေဟာ သူတို့အတွက်
လမ်းကြောင်းသစ်တစ်ခု ရလာနိုင်ပါတယ်။ အဲသည်လမ်းတစ်လမ်းသာ ကျန်တော့တယ်။ တကယ်လည်း လမ်းက ဆုံးနေတာမှန်ပေမယ့် အခုအခါ သူတို့က အချိန်တစ်ခုကိုယူနေနိုင်တယ်။
လူတွေက သူတို့ရှုံးနေပြီလို့ ထင်နေအောင်လည်း နေနေကြတယ်။ သတိထားဖို့ လိုပါတယ်။ သူတို့အတွက် လမ်းက ဆုံးနေတာမှန်တယ်။ ဒါပေမဲ့ အလျော့တော့ ပေးမှာမဟုတ်တာ ထင်ရှားပါတယ်။ ဒီလထဲမှာ မမျှော်လင့်တ့် တိုက်ခိုက်မှု၊ ရုတ်တရက် ရပ်တန့်မှု
အရှက်တကွဲဖြစ်မူ ကြုံရနိုင်ပါတယ်။
ဆုံးဖြတ်ချက်မှားတာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့ပါးတာ ဘာဆက်လုပ်ရမှန်းမသိတာ ကျမ်းမာရေးပြဿနာ ကြုံရတတ်တယ်။ တိုက်ဖို့ ခိုက်ဖို့လောက်သာ
စဉ်းစားနေကြတာကြောင့်
သင့်တော်တဲ့ အခြေအနေတစ်ခုမှာ တစ်ခုခု လုပ်ဖို့ အရာရာဟာ နောက်ကျသွားပါပြီ။ သူတို့ဟာ နေရာပြောင်းရွှေ့ရတာမျိုး ဖြစ်လာနိုင်တယ်။ အဲဒါဟာ သူတို့အတွက် ကောင်းရာကောင်းကြောင်း ဖြစ်နိုင်တယ်။
ပြဿနာတစ်ခုကို ရှောင်ရှားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
မတ်လအတွက်
ချကြည့်တော့ လူတွေအတွက်
သိပ်ကို ကောင်းတဲ့အခြေအနေမျိုးတွေပဲ
တွေ့နေရတယ်။ ငွေရေးကြေးရေးကိစ္စတွေတောင်
စိတ်ချမ်းသာစရာ ဖြစ်လာမယ်ဆိုတော့ သိပ်တောင်မယုံပါဘူး။ အမှန်ပြောတာပါ။
အရာရာ ပျော်ရွှင်ချမ်းမြေ့ခြင်းဆိုတဲ့
စကားလုံးမျိုး ဖြစ်နေတယ်။ တကယ်ဆို သိပ်ကောင်းမှာပါ။ မျှော်လင့်ပါတယ်။
ဒါလောက်ပါပဲ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar