Breaking News

ကိုကျော်(မြစ်ကြီးနား) — Fox News ရဲ့ လုပ်ကြံသတင်းမှား


ကိုကျော်(မြစ်ကြီးနား) — Fox News ရဲ့ လုပ်ကြံသတင်းမှား

(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၂၂
 
စနေနေ့ညက Fox News ရဲ့ ပင်တိုင်သတင်းကြေညာသူ Dan Bongino က “Top Ten Most Unhealthy U.S. Cities.” ခေါင်းစဥ်တပ်ထားတဲ့ အမေရိကန်မြေပုံကားချပ်ကို ပြထားပြီးနဲ့ liberal နိုင်ငံရေးသမားတွေ (ဒီမိုကရက်တစ်တွေ) အုပ်ချုပ်တဲ့မြို့ကြီးတွေက မလုံခြုံဘူး သို့မဟုတ် ကျန်းမာရေးနဲ့မညီညွတ်ဘူးလို့ ပုံဖော်ပြောခဲ့ပါတယ်။ 

ပြဿနာက မြေပုံမှာပါတဲ့ မြို့ကြီး ၁၀ မြို့က U.S.News ရင်းမြစ်အရ အမှန်တကယ်တော့ Top 10 “healthiest places to live in the U.S.”  ဖြစ်ပါတယ်။ Fox News ဖော်ပြချက်နဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ မတော်တဆမှားယွင်းတာ ဖြစ်နိုင်သလား။

နောက်ပိုင်းမှာတော့ Fox News မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ဖော်ပြခဲ့တဲ့ မြေပုံနဲ့သတင်းက မှားယွင်းကြောင်း ဝန်ခံခဲ့ပြီး နောက်တပတ်သတင်းအစီစဥ်မှာ ပြန်လည်ပြင်ဆင်ကာ တင်ပြသွားမယ်လို့ ထုတ်ဖော်သွားပါတယ်။

ပြီးတော့ သတင်းကြေညာသူ Dan Bongino ကလည်း ကိုဗစ်နိုင်တင်းနဲ့ ပတ်သက်ပြီး မဟုတ်မမှန် သတင်းမှားတွေကို ပြောဆိုဖြန့်ဝေမှုကြောင့် လွန်ခဲ့တဲ့တပတ်လောက်ကပဲ Youtube က သူရဲ့ချန်နယ်ကို ပိတ်ပင်ခဲ့ပြီး သူရဲ့ဝက်ဆိုက်မှာလည်း Google ကြော်ငြာတွေကို ဖယ်ရှားခဲ့ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar