Breaking News

ကျော်မင်းထွန်း (New York) - ငြိမ်းချမ်းရေး

ကျော်မင်းထွန်း (New York)  - ငြိမ်းချမ်းရေး
(မိုးမခ) ဖေဖော်၀ါရီ ၁၊ ၂၀၂၂

ငြိမ်းချမ်းရေးဆိုတာ...
ရွေးကောက်ပွဲလို မျက်လှည့်ဆရာမဟုတ်ဘူး။
ငြိမ်းချမ်းရေးဆိုတာ...
မင်္ဂလာဆောင်ပြီးရင် အပျိုပြန်မဖြစ်ဘူး။

ငြိမ်းချမ်းရေးဆိုတာ...
အသင့်စားနိုင်တဲ့ ဟမ်ဘာဂါမဟုတ်ဘူး။
ငြိမ်းချမ်းရေးဆိုတာ...
လွှတ်တော်မှာ တူးဖော်လို့မရဘူး။

ငြိမ်းချမ်းရေးဆိုတာ...
ဘာမှမထွက်တဲ့ သတ္တုတွင်းမဟုတ်ဘူး။
ငြိမ်းချမ်းရေးဆိုတာ...
တော်စတွိုင်းအရိုးမှာ ရှာလို့မရဘူး။

ငြိမ်းချမ်းရေးဆိုတာ...
စစ်တလင်းက ပစ်ကွင်းမဟုတ်ဘူး။
ငြိမ်းချမ်းရေးဆိုတာ...
မငြိမ်းချမ်းချင်ပဲ ငြိမ်းချမ်းလို့မရဘူး။

ငြိမ်းချမ်းရေးဆိုတာ...
တြိဂံလို အနားညီရမယ်
နှင်းဆီလို ရနံ့မွှေးရမယ်
တေးသွားလို သံစဉ်ချိုရမယ်။

ငြိမ်းချမ်းရေးဆိုတာ...
ငြိမ်းချမ်းရေးဆိုတာ...

အဲသလိုနဲ့ပဲ
တြိဂံလည်း မညီ
နှင်းဆီလည်း မမွှေး
တေးသွားလည်း မချို
ဟိုလိုလို ဒီလိုလိုယိမ်း
ငြိမ်းချမ်းဖို့အရေး
မငြိမ်းချမ်းသေးဘူး။   ။

ကျော်မင်းထွန်း (New York)

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar