ဒီသစ် - တောကစားဝင်ခြင်း
တောကစားဝင်ခြင်း
ဒီသစ်
(မိုးမခ) မတ် ၂၆၊ ၂၀၂၂
တဆတ်ဆတ်တုန်လို့...
မလှုပ်ယှက်သစ်မြစ်များအပေါ်
စင်းစင်းသေမြှားက
ဖျတ်ဖျတ်လူးသားကောင်ကို
ပွဲတော်တည်။
တောအုပ်ထဲ...
"မုတ်ဆိုးလိုက်အက" နဲ့
သမင်တွေ ထကြွနေပုံ
"မြစ်ကျိုးအင်း" က လှိုင်းလုံးတွေ
တွေ့ပြန်ရ။
လေးညှို့သံ
ဒေါင်...
ဒေါင်...
ဒေါင်...
ရောမမြို့ပျက်ကြီးပူးဝင်
သစ်ပင်တွေဆီကူးခတ်လာပုံက
တောမီးပူလောင်..ဆူနာမီ။
ဆိုင်းမဆင့်
ပတ်မတီး
ညို့မှိုင်းတက်လာတော့ ...
"စိမ်းဝါမိုးပန်း...
ငှက်သွင်ပျံကြွမတတ်သော်..." ။
အိမ်ပြန်ခဲ့ရဦးတော့
ဇိမ်ခံကားမလို
သပြေညိုကိုမလွမ်း
တရော်ကင်မွန်းလောက်ဆိုရပါပြီအမေ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar