အုပ်မိုး - အလောင်းထမ်းပြီးအလံထောင်ခဲ့ကြတယ်
အုပ်မိုး
(မိုးမခ) မတ် ၃၀၊ ၂၀၂၂
ဘူတာတွေကရထားကိုကြည်ညိုနေသလို
တရားစောင့်နေတာတယောက်တည်းစားဖို့လား..။
ဘုရားအားလုံးကရပ်၊ကြည့်၊သွား
စိမ်းရွှင်ရွှင်အနံ့တွေ၊ ဒူးအပေါ်နှုတ်ခမ်းကိုတင်လို့..
နေနဲ့ထိနေတဲ့နေ့တာကိုနောက်တကြောင်းချရေးလိုက်တယ်။
တယောက်ကိုတယောက်ပွေ့ထားရတာ
ပွင့်ခြင်းဆိုပါတော့...။
မေးငေါ့ခံပြီး
မော့ငေးမနေတာ
ခေတ်လား..။
ရောင်ကိုတစောင်းမထုံးလည်း
နောင်တခေတ်မှာနစ်မနေဖို့
ရုန်းခဲ့ကြတယ်။
29.3.2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar