ပီတာဂလန့် - ပုကျယ်နဲ့ နေပြည်တော်ကျဆုံးခန်း
တောင်ကိုရီးယားကာတွန်းပညာရှင်လက်ရာ
ပုကျယ်နဲ့ နေပြည်တော်ကျဆုံးခန်း
ပီတာဂလန့်
(မိုးမခ) မတ် ၃၁၊ ၂၀၂၂
တစတစနဲ့ မအလပုကျယ်ရဲ့ဖက်ဆစ်အဖွဲ့ဟာ ဘေးကလည်း ယိုင်နဲ့၊ အတွင်းကလည်းလှိုက်စားပြီး တအိအိပြိုကျနေပါပြီ။ အင်အားသိန်းဘယ်လောက်ရှိနိုင်တယ်၊ အရှေ့တောင်အာရှမှာ အင်ဒိုပြီးရင် ဒုတိယအင်အားအကြီးဆုံး ဘာညာဆိုတာတွေက အာပလာပါ။ တပ်ရင်းတရင်း ဌာန်ကုန်တစ်ရာ(၁၀၀) ပတ်ချာလည်ပဲ ရှိပါတယ်။ စာရင်းဇယားတွေရဲ့တွက်ချက်မှုအရ လွန်ရောကျွံရော တစ်သိန်းခွဲသာသာလောက် ရှိမှာပါ။ CDM လုပ်တာ ၃၀၀၀ ဝန်းကျင်၊ ဒေသအသီးသီးက PDF+EAOs တွေနဲ့တိုက်ပွဲဖြစ်ပြီး သေတာက အတိအကျမသိရသော်ငြား ထောင်ဂဏန်းကြီးကြီးမျှ ရှိမယ်။ အဲသလောက်အခြေအနေနဲ့မှာ ပုကျယ်ခမျာ အတော်ပျားတုပ်နေပြီ။ သြဇီကလည်း တော်ကီပစ်ထားတော့ ပုကျယ်ဖင်ကြားခဲခုခံထားရသလို နေမထိထိုင်မထိ ဟစိဟစိ ဖြစ်နေရှာတာပေါ့။
ပြည်သူ့ PDF တွေကလည်း သိန်းဂဏန်းတော်တော်ရောက်နေပြီလို့ဆိုကြတယ်။ PDF တွေဘက်က စိတ်ဓာတ်၊ လူအင်အား၊ လက်နက် စတာတွေကလဲအတက်ချည့်ပဲ။ ပုကျယ်ရဲ့ဖက်ဆစ်အဖွဲ့က ယုတ်ကန်းတဲ့အောက်တန်း စားစိတ်နဲ့ လက်နက်အင်အားသာလွန်တာကလွဲလို့ ကျန်တာတွေက အကျချည့်ပဲဆိုတော့ ပုကျယ်သွေးမပျက်ခံနိုင်ရိုးလား။ တပ်တွင်းမလည်း သူ့ ကိုယ်မယုံ၊ ကိုယ့် သူမယုံဖြစ်ရုံမက တလောလေးကပဲ တတပ်လုံးပြုတ်တယ်သတင်းနဲ့အတူ စခဇနီးသည်တွေက ဗျူးဟာမှူးကိုအာခံသောင်းကျန်းကြတယ်လို့ကြားလိုက်ရတယ်။
အားကိုးရမလားမွေးလိုက်တဲ့ပျူစောထီးတွေကလည်း ရင်ဆိုင်တိုက်ပွဲမကြုံလိုက်နဲ့၊ ကြုံတာနဲ့ ခွေးပြေးဝက်ပြေး ပြေးပြီးသားပဲ။ မအလအပေါ်သစ္စာခံကြပုံသတ္တိသွေးတွေက အံ့ဘနန်းပြုချီးကျူးယူရလောက်ပါတယ်။ အခုလာပြန်ပြီ မအလအတွက် ဒေါက်တွေလုပ်ထားတဲ့ မီးသတ်၊ မဘသ၊ YMBA စတဲ့ အဖွဲ့အစည်းက အရပ် သားတွေကို ပြည်သူ့စစ်ဖွဲ့ဖို့တဲ့ညွှန်ကြားလွှာတွေထွက်နေပြီတဲ့။ မအလဖက်ဆစ်အဖွဲ့ ပြိုကျဖို့ ယဲ့ယဲ့ပဲရှိတော့ပုံပေါ်တယ်။
စစ်ကိုင်းတိုင်းကျောက်ထုစခန်းကို PDF တွေဝင်စီးခံရမှာစိုးလို့တဲ့တပ်တွင်းမှာ ပရိတ်တွေရွတ်၊ ပဋ္ဌာန်းတွေရွတ်ကြနဲ့ဆိုပဲ။ ပုကျယ်ရေ မင်းဘဝတော့ မတွေးဝံ့စရာပဲ။ အိပ်လို့မှပျော်ရဲ့လားလို့ အတော်မေးယူရမယ်။ အိပ်မပျော်လည်း ဒိုင်ရာစီပင်တွေချပြီး အိပ်ပေါ့ကွာ။ ဆေးတွေချလို့ အိပ်မပျော်ရင်လည်း သွပ်ချောင်ချောင်ဖြစ်ပြီး အရူးချေးပန်းစကားတွေ လျှောက်ပြောပေါ့။ အဲဒီတော့ မရယ်ရတာကြာပြီဖြစ်တဲ့ပြည်သူတွေခမျာလည်း ပုကျယ်အစွမ်းအံ့မခန်းဟာသတွေ နားထောင်ပြီး ခဏတဖြုတ် အပျော်လုပ်ရယ်ပွဲဖွဲ့ကြရမှာပဲ။
NCA ဘာညာလျှောက်ပြောပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တချို့နဲ့ ချင်းမိုင်မှာ စစ်မတိုက်ရေးအတင်းမျက်နှာချိုလိုက်သွေးနေရတာကိုသာကြည့်တော့။ ဆယ်ဖွဲ့ရှိတာ ငါးဖွဲ့တက်တယ်လို့သတင်းတွေမှာ တွေ့ရတယ်။ ပုကျယ်ရေ မင်းကိုယ်မင်း ရှုံးပြီလို့မြင်လို့ တထစ်လျှော့တဲ့အကွက်တွေက ရိုးလွန်းပါတယ်ကွာ။ ပူပူနွေးနွေးပြည်သူ့တပ်တော် PDF ပူပူနွေးနွေး NUG ဆိုတာတွေက မင်းတို့ဖက်ဆစ်အဖွဲ့ကြောင့် ပေါက်ဖွားလာရတာကိုတော့သတိချပ်ပေါ့ကွာ။ မင်းတို့ဖိလို့ကြွလာရတဲ့သတ္တိတွေဆိုတာတော့ မမေ့နဲ့ကွ။ အခု မင်းတို့ချေးချမ်းအောင်ကြောက်နေကြပြီမဟုတ်လား။ CRPH, NUG, PDF စတဲ့ အကြမ်း ဖက်အဖွဲ့တွေ မပါတဲ့၊ ကျန်တဲ့ တိုင်း ရင်းသားအဖွဲ့တွေနဲ့ပဲ ငြိမ်းချမ်းရေးလုပ်မတဲ့။ ခွီးမှပဲ၊ လူရယ်စရာကလေးကွက်တွေနဲ့။
ပုကျယ်ရေ နိုင်ငံတကာကလည်း မင်းကို ခေါင်းစဥ်အမျိုးမျိုးနဲ့ငရဲပြည်ပို့ပေးဖို့ စွမ်းစွမ်းတမံ အားထုတ်နေကြပါပြီ။ တူရကီကတရားရုံးကနေလည်း မင်းနဲ့အပေါင်းပါတွေကို တရားစွဲဖို့ပြင်နေပြီတဲ့။ ပုကျယ်ရေ မင်းရဲ့ဂျူနီယာ စကင်းလီဒါတွေကို မင်းဘယ်လို မက်လုံးပေးစည်းရုံးထားနိုင်လည်းတော့ မသိဘူး။ ဒီကောင်တွေမိုက်ရူးရဲဆန်ပြီးဉာဏ်နည်းပုံကလဲ မင့်အတိုင်းပဲနော်။ စိုးထွဋ်တို့မောက်မာပုံ ထိပ်တန်းလျှို့ဝှက်အောက်တန်းပေါက်ကြားအသံဖိုင်ကို တလော လေးက ကြည့်လိုက်နားထောင်လိုက်ရလို့ပါ။
အခုဆို ဘတ်ဂျက်လည်းတက်တက်ပြောင်လို့ ပိုက်ဆံအသစ်ထပ်ရိုက်ဖို့ အီရန်ကကုန်ကြမ်းပစ္စည်းတွေ ရောက် လာပြီဆိုတာ သတင်းမှာတွေ့ရတယ်။ ဝါဇီက ပိုက်ဆံရိုက်တဲ့စက်ရုံကို ၂၄ နာရီလည်နိုင်ဖို့ စကစလျှပ်စစ်ဝန်ကြီးကိုယ်တိုင်ဆင်းပြီး ကွပ်ကဲနေရတယ်ဆိုပဲ။ ထောင်မလဲသဲကော်တွေထွက်လာ၊ ဘာထုတ်လုပ်မှုမှမရှိလို့ဝင်ငွေမရှိတဲ့အခြေအနေ၊ နန်စီဒီအမ်တွေကို ဧပြီလကစပြီး လစာတိုးပေးမယ့်ကောလဟလ၊ တရိပ်ရိပ်တက်လာတဲ့ ကုန်စျေးနှုန်း စတဲ့ စတဲဲ့ အထွေထွေပြဿနာတွေ ပေါင်းစုလာရင်တော့ ပုကျယ်ရေ သေမထူးပြည်သူတွေလမ်းပေါ်တက်လာပြီး မင်းကို ဝိုင်းထုကြတော့မယ်။ "ပြည်သူတွေက လှိုင်းကြွ၊ ပီဒီအက်ဖ်တွေက ဝိုင်းသမ"ကြပြီဆိုရင် ပုကျယ်ရေ မင်းနားကားဖို့သာပြင်ထားလိုက်တော့။ အခုလက်ရှိအခြေအနေအရ ရဲစခန်း/ ရဲကင်းတွေကို ပီဒီအက်ဖ်တွေကဝင်စီးနင်းရင်း လက်နက်ချအညံ့မခံဖို့၊ စခန်းကိုမစွန့်ဖို့ ညွှန်ကြားချက်တောင် ထုတ်ထားရတယ်ဆိုပဲ။ ဟီဟိ၊ ဟာသတွေ သိပ်လုပ်ကြတာပဲ။
အေး တခုတော့ ပြောထားမယ်နော်။ မန္တလေးအောက်ပိုင်း၊ ပဲခူး၊ ရန်ကုန်တဝိုက်လောက်ကို ကျီးကြည့်ကြောင်ကြည့်အုပ်စိုးထားနိုင်ရုံနဲ့ တိုင်းပြည်တည်လို့ မရဘူးဆိုတာပဲ။ သူတို့တွေကလည်း မတတ်သာသေးလို့ ငြိမ်နေကြတာပါ၊ လူနေထူထပ်တဲ့ မြို့ကြီးတွေ တပြိုင်နက်တည်းလှိုင်းကြွလာရင်တော့ မင်းတို့ရဲ့ နေပြည်တော်အစိုးရလောက်ပဲ ကွက်ကျန်ရစ်မှာပါ။ မင်းတို့ခံကတုတ်လုပ်ပြီး အခိုင်အမာတပ်စွဲထားနိုင်တယ်ထင်တဲ့မင်းတို့ ရှောင်ပုန်းနေစရာ နေပြည်တော်ကြီးလည်း ပြည်သူတွေရဲ့ခြေသံနဲ့ ပီဒီအက်ဖ်တွေရဲ့ စစ်ဖိနပ်သံတဒေါက်ဒေါက်အောက်မှာ ကျဆုံးခန်းတိုင်လာတော့မှာပါ။
ပီတာဂလန့်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar