ကြည်နိုင် - ကူသံ နှင့် တွန်သံ *
ကြည်နိုင်
( ၁ )
* ရွှေချိုးဖြူ
ကူသံကို ရမ်းရော်မိ။
* ဘယ်ရပ်ဆီ ပျံ သန်း လို့
မောပန်း ဖြေဘိ။
( ၂ )
* တောမြိုင်လယ်
ခရီးသည် ဘယ်ဆီ လှမ်းရပါ့
မှန်းဆလို့ တွေး။
* ပိုင်းဖြတ်ချက် ပိုင်လေမှ
ထားသတိ ခိုင်စေမြဲ ၊
ရင်ထဲမှာ နွေး။
( ၃ )
* ဤကမ္ဘာမြေ
စိမ်းလန်းစေသား။
* တပေါင်းနွေ
ဒေါင်းအိုးဝေ တွန်သံကြား
အားအင်သစ် ပွား။ ။
၁၅ ၊ ၃ ၊ ၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar