Breaking News

ပီတာဂလန့် - ပုကျယ်ဘဝ ကြိုးစင်ဗျ (သ​ရော်စာ)

ပီတာဂလန့် - ပုကျယ်ဘဝ ကြိုးစင်ဗျ (သ​ရော်စာ)
(မိုးမခ) မတ် ၂၄၊ ၂၀၂၂

အခုတစ်​လော ပီတာဂလန့်ဟာ ​တော်လှန်​ရေးဒီပရက်ရှင်ရသလိုလို၊ ပုကျယ်တန်ခိုးနဲ့ အ​မှောင်ထဲတိုး​နေရလို့ wifi လည်းမရဖြစ်ပြီး ​ခွေ​နေမိတယ်။ မ​နေ့တနေ့က​တော့ဖြင့် သတင်းရနံ့​တွေသင်းပျံ့လာခိုက် အလန့်ထန်း လျက်ဖြစ်ကာ ထခုန်မိမတတ် အ​ပျော်​တွေဆိုက်ခဲ့ရပါတယ်။

မအလပုကျယ်တစ်​ယောက်ဟာဖြင့် ပါးသလိုနပ်သလိုနဲ့ ​ချေးနင်းမိတဲ့ ဘီးထက် ပိုဆိုးမယ့်ကိန်း ဆိုက်​နေရှာပြီဗျို့လို့သာ ​သောင်းတိုက်ကကြား​အောင် ဟစ်ပြလိုက်ချင်ပါရဲ့။  NLD အစိုးရလက်ထက်မှာ မအလပုကျယ်ကို ​ဒေါ်​အောင်ဆန်းစုကြည်က လူလိုနားလည်လာရှာလိမ့်မလားလို့ ​မျှော်လင့်စိတ် ရှိခဲ့ပုံရတယ်လို့ ပီတာဂလန့်​တော့ သည်လိုပဲ ထင်မိပါတယ်။ ဒါက​​တော့ ​ဒေါ်​အောင်ဆန်းစုကြည်က ကိုယ့်ကို တိုးတိုး​လေး ကပ်​ပြောပြတဲ့အဖြစ်မျိုးမဟုတ်​ခဲ့လေ​တော့ ပီတာဂလန့်ရဲ့ ထင်မြင်တွေးဆကြည့်တယ်လို့ပဲ ဆိုကြပါစို့ရဲ့။ ဒါ​ကြောင့်မို့သာပဲ ရခိုင် ပြည်နယ်မှာ ရိုဟင်ဂျာ​တွေအ​ပေါ် မြန်မာစစ်တပ်က ဂျီနိုဆိုက်ကျူးလွန်ခဲ့တာကို ​ဒေါ်​အောင်ဆန်းစုကြည်က အစိုးရအ​နေနဲ့ ​ခေါင်းခံ​ပေးခဲ့တာကိုး။ ဒီအဖြစ်ကို မအလပုကျယ်က သူလူလည်ကျတာကို ​ဒေါ်​အောင်ဆန်းစုကြည်က မိုက်မိုက်မဲမဲ ကြားခံ​ပေးလိုက်လို့ အ​ပျော်လုံး ဆို့သွားဟန်တူပါတယ်။ 

ဒီ​လောက်နဲ့ ပုကျယ်က ရပ်မ​နေဘူး။ မ​တော်လောဘစိတ်​တွေ အားကြီးလာကာ အရူးအိပ်မက်​တွေမက်ပြီး နိုင်ငံ​တော်သမ္မတ ဖြစ်ချင်လာတယ်။ သူမို့ မရှက်မ​ကြောက်​။ အလွယ်တောင်းမရ​လေ​တော့ ဇွတ်​ရော အဓမ္မပါ ​ခွေးသရမ်းကြီးလွတ်သလို ပြုမူပြီး အာဏာသိမ်းလိုက်တယ်။ တိုင်းပြည်ကို ကြွက်မနိုင် ကျီမီးနဲ့ ရှို့​သလိုပြုကာ နင်း​​ခြေ​နေတာကို ​နေ့စဥ် စိတ်ဆင်းရဲစွာ မြင်ကြား​နေရတယ်။ 

အာဏာသိမ်းကာလ ၁ နှစ်ကျော်ကြာလာတဲ့အထိ အုပ်ချုပ်​ရေးမဏ္ဍိုင်ကိုမျှ မတည်​ဆောက်နိုင်​သေးတာဟာ မြန်မာတွင်မက တကမ္ဘာလုံးမှာပါ အင်မတန်အရှက်ကွဲ​နေတာကို သိ​နေကြပါပြီ။ ပုကျယ်အရှက်ကွဲ​လေ သူ့ဖက်ဆစ်တပ်​တွေက လက်နက်မဲ့ပြည်သူ​တွေကို ပိုဖိနှိပ်​လေ လုပ်လာတယ်။ အဲ​လေ ​မေ့လို့၊ ပုကျယ်မှာ ကွဲစရာ ​သောက်ရှက်က ပါမလာဘူးပဲ။ 

လက်ရှိအ​ခြေအ​နေမှာ PDF ​တွေ အင်အား တိုးတက်ကြီးထွား​လာ​နေသလို ပုကျယ်ရဲ့ ဖက်ဆစ်တပ်ကြီးကလည်း တစစပြိုကွဲလိုက်လာ​နေတာကို သတင်း​တွေမှာ ပီတာဂလန့်တို့ ​နေ့တိုင်း​တွေ့​နေရတယ်။ ဒုဗိုလ်မှူးကြီးအဆင့်​တွေ​တောင် CDM ​လုပ်လာကြတယ်ဆိုတာလည်း သတင်း​တွေမှာ ခပ်စိပ်စိပ်​တွေ့လာရပြီ။ စစ်တပ်၊ ရဲ CDM ​တွေကို သြစ​တေးလျအစိုးရက ပြည်ဝင်ခွင့်ဗီဇာ​ပေးလို့ CDM လိုသူ​တွေလည်း သည်းသည်းလှုပ်လာတယ်။ ပုကျယ်ရဲ့သမ္မတအိပ်မက်ကလည်း က​ယောက်ကယက် ပိုဖြစ်လာပြီး ​နေမြင့်​လေ အရူးရင့်​လေဒီဇိုင်း ဖြစ်လာတယ်။ အခုတ​လော​တောင် ပုကျယ်ဟာ သူ့ရဲ့ မသာမျက်နှာ မိတ်ကပ်ဖို့ထားသလို ရုပ်​တောင် ထွက်မပြဝံ့တာ ကြာလှ​ပေါ့။

အဲသည်အချိန်မှာပဲ အ​မေရိကန်အစိုးက မအလဦး​ဆောင်တဲ့ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ​လူနည်းစု​တွေအ​ပေါ်မှာ ကျူးလွန်ခဲ့​တာဟာ ဂျီနိုဆိုက်လူမျိုးသုဉ်းသတ်ဖြတ်တဲ့ ရာဇဝတ်မှုဖြစ်ကြောင်း သတ် မှတ်လိုက်ပါတယ်။ ပုကျယ်အဖို့ ဘူး​လေးရာ ဖရုံဆင့် ဆိုသလို အရူးမီးဝိုင်းတဲ့ အဖြစ်ပါပဲ။ ပီတာဂလန့်တို့ ပြည်သူ​တွေအတွက်​တော့ ပုကျယ်တို့အုပ်စု ကြိုးစင်နဲ့နီးကပ်လာတဲ့ အဖြစ်မို့ ဘရာဗိုလို့ပဲ လက်ခုပ်တီး အား​ပေးကြရပါတယ်။ ​နောက်ထပ် တဆင့် ထပ်မြှင့်လိုက်တဲ့ အဖြစ်ကလည်း ရှိပါ​သေးတယ်။ သြစ​တေးလျနိုင်ငံတရားရုံးက​နေ နိုင်ငံတကာတရားစီရင်ပိုင်ခွင့် (Universal Juirisdiction) မူအရ မအလပုကျယ်အပါအဝင် နယ်​မြေ​ဒေသတပ်မှူး​တွေထိကို တရားစွဲနိုင်ဖို့ NUG ဘက်က ကြိုးပမ်း​နေတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ 

ပုကျယ်ဘဝမှာ ကျွတ်ဆင်​တွေ စလာ​နေပါပြီ။ စကစကို ပုံ​ဖော်လိုပုံရတဲ့ အာဆီယံကိုယ်စားလှယ်​ လာတာကလည်း အာပလာခရီးစဥ်မျှသာပဲ ဖြစ်ပုံရတယ်။ ဝတ္တရားအရ လာရတဲ့သ​ဘော​လောက်ပါပဲ၊ အခုသက်တမ်းမှာ မဖြစ်နိုင်ဘူးလို့​တောင် ​ပြောယူရရှာတယ်။ ရုရှားပုတင်နဲ့ ကြိုတင်ဘိုကင် လုပ်ထားပုံရတဲ့ ပုတင်ဆီ အ​ပြေးလှမ်းလာခဲ့မယ်လည်း လုပ်မရ​တော့ဘူး။ "မင်းဘယ်​ပြေးမလဲ ကြင်စိုး" ဇာတ်လမ်းဟာ ကလိုင်းမိတ်​ရောက်​လာပြီ ဖြစ်​ကြောင်း ပီတာဂလန့် ​​ကြေညာ​မောင်းခတ်လိုက်ပါတယ်။

ပီတာဂလန့်

သရုပ်ဖော် - ပန်းချီသန်​ဌေး​မောင်
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar