နေသွင်နိုင်း - ငါသာ စစ်သားစစ်စစ်တစ်ယောက်ဆိုရင်
(မိုးမခ) မတ် ၁၄၊ ၂၀၂၂
ငါသာ
စစ်သားစစ်စစ်တစ်ယောက်ဆိုရင်
နေ့စဉ်ဆိုခဲ့တဲ့သစ္စာတရားတွေနဲ့
ငါသေရဲရဲ့။
ငါသာ
စစ်သားစစ်စစ်တစ်ယောက်ဆိုရင်
ကျောင်းတော်ကြီးဆီကသင်ခဲ့တဲ့စစ်ပညာတွေနဲ့
ငါ့တိုင်းပြည်ကြီးရဲ့တံတိုင်းမှာ
အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်
ကာကွယ်သူကြီး ဖြစ်နေလောက်ရဲ့။
ငါသာ
စစ်သားစစ်စစ်တစ်ယောက်ဆိုရင်
မတရားတဲ့အမိန့်နဲ့ တရားတဲ့အမိန့်ကို
ခွဲခြားမသိတဲ့
ခွေးစားခွက်နဲ့သေနတ်ကိုင်နေကြတဲ့
ငါ့ရဲဘော်တွေကို
တဒိုင်းဒိုင်း ပစ်သတ်လောက်ပြီးရဲ့။
ငါသာ
စစ်သားစစ်စစ်တစ်ယောက်ဆိုရင်
ဓမ္မနဲ့ အဓမ္မကို ခွဲခြားသိတတ်ပြီး
ကိုယ်ကျိုးသမား မအေလိုးရဲ့ဦးခေါင်းထဲ
စစ်သားကောင်းတစ်ယောက်ရဲ့ ကျည်ဆန်တစ်တောင့်
အနီးကပ်ပစ်သွင်းပြီးလောက်ရဲ့
မအေလိုးရဲ့ နောက်ကျောမှာထိုးတဲ့ဓားဟာလည်း ငါဖြစ်ပြီးလောက်ရဲ့။
ငါသာ
စစ်သားစစ်စစ်တစ်ယောက်ဆိုရင်
ပြည်သူ့အသက်ကို ငါမသတ်
ပြည်သူ့စီးပွား မထိပါး
ပြည်သူ့ပစ္စည်း မဖျက်ဆီးတဲ့
ယဉ်ကျေးတဲ့စစ်သည်တော်ဟာ
ငါပဲဖြစ်လောက်ရဲ့။
ရေလိုလလိုကျင့်တဲ့ စစ်သည်တော်အဖြစ်
ရှက်ကြောပြတ်နေတဲ့
သစ္စာဖောက်လောက်ကောင်တွေရဲ့ ပခုံးသားအထက်က ကြယ်ပွင့်တွေကို
ရယ်ပွဲဖွဲ့ချင်ရဲ့။
ငါဟာ
သေနတ်ဖျားကို ပြည်သူ့ဘက်မလှည့်
သန္ဓေပျက်နေတဲ့ လူသတ်သမားတွေရဲ့ကိုယ်ကျိုးစီးပွားမှာ ငါမနေ
ငါဟာပြည်သူ့အတွက်ပွင့်တဲ့
စစ်သည်တော်အဖြစ်
ဝံ့စားပြီးလောက်ရဲ့။
ငါသာ
စစ်သားစစ်စစ်တစ်ယောက်ဆိုရင်
ပြည်သူ့စည်းရိုးမှာ
ခွေးစိတ်ဝင်နေတဲ့မအေလိုးရဲ့
အသက်ကို ချိတ်ပြီး
ပြည်သူ့နှလုံးကို သိမ်းကြုံးပြီးလောက်ရဲ့။
ငါသာ
စစ်သားစစ်စစ်တစ်ယောက်ဆိုရင်
ငါ့အမေအိမ် ငါပြန်တဲ့အခါ
အမေ့သားကြီးဟဲ့ဆိုပြီး
အမေကမ်းတဲ့သပြေပန်းနဲ့
ဂုဏ်သိက္ခာဆိုတာကို
ငါ့လိပ်ပြာနဲ့ငါ
ဖွင့်ဆိုပြီးလောက်ရဲ့။
ငါသာ
စစ်သားစစ်စစ်တစ်ယောက်ဆိုရင်လေ....။
နေသွင်နိုင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar