Breaking News

သူရဲကောင်း များကို ဦးညွတ်လျက် ... ညိုထက်ညို၊ နွေဦး တို့ ၏ ကဗျာများ

မိုးမခကဗျာ
(သူရဲကောင်း များကို ဦးညွတ်လျက်)
(မိုးမခ) မတ် ၅၊ ၂၀၂၂
ကေဇဝင်းအဆုတ်
ညိုထက်ညို

တူပေမယ့်
မတူတာက
သူက
မလွတ်လပ်ဘူးလို့ ထင်ရင်
အသက်ကိုတောင် ရှူဖို့ငြင်းတယ် ။    ။

(ကေဇဝင်းသို့။  ၃၊၀၃၊၂၀၂၁ တွင် ကဗျာဆရာကေဇဝင်း (ခ)ချမ်းသာဆွေမုံရွာမြို့တွင် ကျဆုံးသည်)

-

" နွေဦး သစ္စာ ''
နွေဦး

အမေ
သားရင်ဘတ်ကို
ဗျန်းခနဲမှန်တဲ့ ကျည်ဆံ
သား အသက်ဇီဝိန် ကို 
ချုပ်ကောင်းချုပ်နိုင်လိမ့်မယ်
သားယုံကြည်ချက်ကို 
သူတို့မဖျက်ဆီးနိုင်ဘူးအမေ
သားခန္ဓာကိုယ်မှာ
သွေးချင်းချင်း ရဲနေတယ် 
သားနာကျင်ခြင်း 
ဝေဒနာကို သိပါတယ်အမေ
အံကိုတင်းတင်းကြိတ်
ဝေဒနာကို တွန်းလှန်
ဟောဒီမြေပေါ်
အဓ္ဓမ တရား မထွန်းကားအောင်
သား လက်သုံးချောင်းကိုဖြုတ်လို့ မဖြစ်ဖူးအမေ။

၅.၃.၂၀၂၁
သူရဲကောင်း များကို ဦးညွတ်လျက် ...
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar