ဇာနီကြီး - အင်ယူဂျီအစိုးရ ဘာလုပ်သင့်လဲ ...?
ယူကရိန်းနဲ့မြန်မာ တော်လှန်ရေးခေါင်းဆောင်မှု အရှိန်ဟုန်မြှင့်တင်ရေး
(မိုးမခ) မတ် ၇၊ ၂၀၂၂
ယူကရိန်းက ရုရှားအပေါ် တရားစွဲဆိုမှုကို ICJ သို့တင်သွင်းထားကြောင်း ဇီလန်စကီးက သူ့ရဲ့တွစ်တာအကောင့်မှာ ရေးသားဖော်ပြပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေကို အခုချက်ချင်းရပ်တန့်ရေး ရုရှားကိုညွှန်ကြားရေး အရေးပေါ်ဆုံးဖြတ်ပေးရန် မိမိတို့ပန်ကြားထားကြောင်း ဇီလန်စကီးက ပြောကြားပါတယ်။
တိုတောင်းတဲ့ ရုရှားစစ်တပ် အာဏာသိမ်းကျူးကျော်စစ်ပွဲမှာ ယူကရိန်းနိုင်ငံခေါင်းဆောင် သမတ ဇလန်စကီနဲ့ ပြည်သူလူထု၊ စစ်တပ် တစ်လုံးတစ်ဝတည်း ကြံ့ကြံ့ခံ ခုခံစစ်ပွဲကို တကမ္ဘာလုံး တအံ့တသြဖြစ်ရပါတယ်။ ဒါက ခေါင်းဆောင်မှု အလွန်ကောင်းမွန်ပြီး ပြည်သူနဲ့စစ်တပ် တစ်သားတည်းကျနေခြင်း ဖော်ပြပါတယ်။
◾️ယူကရိန်း ဘာသာရေးနဲ့နိုင်ငံရေး၊ ယူကရိန်းအစိုးရ၏ဘာသာရေးပေါ်လစီ
၂၀၁၈ စစ်တမ်းအရ အော်သိုဒေါ့စ် ခရစ်ယာန် ၇၁.၇ ရာခိုင်နှုန်း၊ ကာသိုလစ်ခရစ်ယန် ၉.၇ ရာခိုင်နှုန်း၊ ပရိုတက်စတင့်ခရစ်ယာန် ၂.၂ ရာခိုင် နှုန်း၊ မွတ်စလင် ၁.၁ ရာခိုင်နှုန်းနဲ့ ဘာသာမဲ့ Secular (or) no religion ၁၁ ရာခိုင်နှုန်းရှိသည်။ ဂျူးလူမျိုး ၆ သိန်းခန့်ရှိရာ ၂ သိန်းခန့်သည် ဂျူးဘာသာကိုးကွယ်ကြသည်။
၂၀၁၉ ရွေးကောက်ပွဲ ၅၀ ရ်ာခိုင်နှုန်း မဲအသာစီးဖြင့် ရွေးကောက်ခံရသော သမတဇလန်စကီသည် Secular Jew ဘာသာမကိုင်းရှိုင်းသောဂျူးလူမျိုးဖြစ်သည်။ သြသို ဒေါ့စ် ဘာသာရေးအခန်းအနားများ တက်ရောက်လေ့မရှိပါ။
Secularism ဆိုသည်မှာ ဘာသာတရားများကို လေးစားလက်ခံသည်။ လူသားဝါဒဟု ပြောနိုင်သည်။ ဘာသာမဲ့ဆိုသည်မှာ ဘုရားမဲ့ဝါဒီ Atheism ဖြစ်သည်။
သမတဇလန်စကီအစိုးရ၏ ဘာသာရေးပေါ်လစီ State-Religion အတွက် ၂၀၁၈ တွင် သြသိုဒေါ့စ်ချပ်များ စုပေါင်းထားသော OCU Orthodox Church of Ukraine ကို ထောက်ခံခြင်းဖြစ်သည်။ ယခင်သမတ လက်ထက်က UOC-MP ရုရှားအားသန်သည့်အဖွဲ့ကို OCU အဖြစ် စုစည်းထားခြင်းဖြစ်သည်။
ယူကရိန်းအစိုးရက ၂၀၁၄ ရုရှားထောက်ခံတဲ့သမတကို ပြည်သူ့ဆန္နပြပြီး ဖြုတ်ချခဲ့ပါသည်။ ရွေးကောက်ပွဲ တရားမျှတစွာကျင်းပပြီး အနိုင်ရပါတီက သမတဖြစ်လာသည်။ ယူကရိန်းစစ်တပ်က အာဏာသိမ်းမလိုလိုကြုံရသော်လည်း ၂၀၁၉ ရွေးကောက်ပွဲ သမတဇလန်စကီ အနိုင်ရ အုပ်ချုပ်ချိန်ကစပြီး ပြည်သူနဲ့စစ်တပ် အမျိုးသားရေးအခြေခံပြီး ညီညွတ်မှုရယူနိုင်ခဲ့ပါသည်။
◾️တူညီချက်များ
တို့မြန်မာနိုင်ငံနဲ့ မတူဘူးလေ ပြောလို့မရပါ။ အရမ်းတူတဲ့အချက်ကြီးကတော့ ရုရှားနိုင်ငံရဲ့ အင်အားသုံးအနိုင်ကျင့်ခံနေရတာချင်း မြန်မာနဲ့ယူကရိန်း အရမ်းတူညီနေပါတယ်။
◾️ယခုအချိန် အင်ယူဂျီ စဉ်းစားစရာများနဲ့ ဆုံးဖြတ်စရာပေါ်လစီ
အင်ယူဂျီအပေါ် မြန်မာ့အနာဂါတ် လုံးဝတည်နေပြီ ဖြစ်ပါတယ်။ မြန်မာပြည်မြို့ကြီးများမှာ မြို့ပြစစ်ပွဲကြီးတွေဖြစ်လာရင် လူတွေ အသက်အိုးအိမ်စည်းစိမ် အများကြီးဆုံးရှုံးမယ် စိုးရိမ်ခြင်း။
PDP တပ်များလည်း လက်နက်ရအားကောင်းလာရင် အကြမ်းဖက်လုပ်ရပ်များနဲ့ ရန်သူများလို တုံ့ပြန်လေမလား စိုးရိမ်ခြင်း။
ဖက်ဒရယ်အရေး တိုင်းရင်းသားနယ်မြေမှာ ဝပြည်နယ်ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရင် ဖြစ်ပါမလား စိုးရိမ်ခြင်း။
နောက်ဆုံး အင်ယူဂျီဘွန်းဝယ်တဲ့ငွေကြေး၊ အမေရိကန်မှာ အပ်ထားတဲ့ ဒေါ်လာ သန်း ၁၀၀၀၊ စင်ကာပူမှာအပ်ထားတဲ့ ဒေါ်လာ သန်း ၅၀၀၀ ကို အင်အယ်ဒီအစိုးရ အမျှော်မြင်ကြီးစွာအပ်နှံထားခြင်းကို အသုံးပြုဖို့ တနှစ်ကြာအထိ ခက်ခဲနေခြင်း။
ICJ မှာ မိတ်ဆွေတစ်နိုင်ငံအကူအညီနဲ့ မြန်မာစစ်ကောင်စီကို (အခု ယူကရိန်းလုပ်သလို) တရားစွဲဆိုခြင်း။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာ ရုရှားကိုဖယ်ရှားဖို့ အထွေထွေညီလာခံနဲ့ (ယူကရိန်း တောင်းဆိုသလို) တောင်းဆိုခြင်း။
အိမ်နီးနားချင် အာစီယံနိုင်ငံများက (EU လုပ်သလို) စစ်ကောင်စီကို SWIFT ငွေကြေးစနစ်က ထုတ်ပယ်ရေး။
အထက်ပါ စိုးရိမ်ခက်ခဲမှုများကို ယူကရိန်းစစ်ပွဲက လျှပ်စီးလက်သလို အင်ယူဂျိကို အလင်းပြလိုက်ပြီ ဖြစ်သည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar