အန်နိုလာ - ကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်သွားတဲ့နားရွက်တဖက်ဆီ ပို့လိုက်တဲ့စာ
ပို့လိုက်တဲ့စာ
အန်နိုလာ
(မိုးမခ)ဧပြီ ၂၇၊ ၂၀၂၂
နွေလယ်ခေါင်မှာ
မိုးမွှန်အောင်ကျနေတာကိုပြပါဆိုရင်
မျက်ရည်တွေကိုပြမိလိမ့်မယ်။
စစ်အတွင်းက သေကွဲတွေအကြောင်း
မကြားချင်လို့ နားပိတ်ထားလည်း
နှလုံးသားကအလိုလိုကြားနေရတော့
မခက်ဘူးလား။
သူငယ်ချင်းရာ
နွေဦးက ပူပါတယ်ဆိုမှ
မင်းက အသက်ပါမလာ။
April 27 2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar