Breaking News

စိုးလူမောင် - " စည်း "

" စည်း "
 စိုးလူမောင်
(မိုးမခ) ဧပြီ ၂၃၊ ၂၀၂၂

 ငါနဲ့ပေါင်းရင်ရန်သူ
 မင်းနဲ့ပေါင်းရင်မိတ်ဆွေ
 မင်းနဲ့ပေါင်းရင်ရန်သူ
 ငါနဲ့ပေါင်းရင်မိတ်ဆွေ ။

 ဘယ်သူ့အလုပ် ဘယ်သူလုပ်ခဲ့ပါသလဲ
 လူ့အလုပ်လူလုပ်
 ခွေးအလုပ်ခွေးလုပ်
 မိတ်ဆွေအလုပ် မိတ်ဆွေလုပ်
 ရန်သူ့အလုပ် ရန်သူလုပ် ။

 ရန် နဲ့ ငါ
 ငါ နဲ့ ရန်
 ရန်သူဟာ ရန်သူ
 မိတ်ဆွေဟာ မိတ်ဆွေ
 စိတ်ပြေ၊ ဖြန်ဖြေစရာစကားနတ္တိ
 အသိ၊ ပကတိ
 အမှန်တရားကြားမရှိ ။      ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar