Breaking News

နေလင်း - ပင်လယ်အတုမှာ ခရုကောက်ရာဝယ်

နေလင်း - ပင်လယ်အတုမှာ ခရုကောက်ရာဝယ်
(မိုးမခ) ဧပြီ ၂၂၊ ၂၀၂၂

အမဲလိုက်ပွဲမှာ
မြေခွေးအုပ်ကို အနံ့သွားပေးလို့မရဘူး
သတ်ကွင်းမသေချာရင် ကျားရဲလည်းရှောင်လွှဲရတာပဲ
ကြားရဲ့လား ကျားကြီး
မီးတားလမ်းကို စည်းထားစမ်းပါညီလေးရာ။


တန်ဖိုးချင်းကွာမှန်းသိသိရဲ့နဲ့ လောင်းကြရ
တချို့အလှည့်တွေမှ ာအစားခံကြရတာပေါ့
ငါတို့မှာ ငွေအတုမှမရှိတာ အသက်စစ်စစ်တွေရင်းရ
နာတာတော့နာတာပဲ
ဒီကစားပွဲကို နောက်လူတွေလက်ထဲ လွှဲမပေးတော့ဘူး
နိုင်ကိုနိုင်အောင်တိုက်ကြရမယ်။

ဓားဟာ
မျက်ရည်နဲ့သွေးဖို့မလိုဘူး
သက်သေတွေလည်း မတရားရုံးမှာ စကားရှုံးဖို့ပဲရှိရဲ့
အဲ့ဒီတော့
မပိုင်ရင် အစမထွက်နဲ့ ပိုင်ရင် ချခဲ့ညီလေး။

မင်းအသက်ကို မင်းအမေပေးခဲ့တာ
မင်းကတိုင်းပြည်အတွက်ပြန်လှူလိုက်တာ
မသေရင်အရင်းပဲ ညီလေး
နိုင်ရင်တော့အမြတ်
နိုင်ချင်ရင်တော့ကပ်ထား ဆင်ခြင်တုံတရားနဲ့
စကားဝဲတဲ့ငါတို့ခရီး အမှားနည်းမှ မြန်မြန်ပြီးမယ်။

ငါတို့ယုံကြည်မှုက လူသားအခွင့်အရေး
ငါတို့လျှောက်နေတာက ပြည်ထောင်စုလမ်းပေါ်
ငါတို့နဲ့အိုးစားဖက်တွေက ဘာသာနယ်စည်းမခြား
ငါတို့ကိုဘယ်သူမှတားစီးလို့မရတော့ဘူး
အရွယ်တူ ကြယ်ဖြူတွေပဲရှိစေရမယ့်ကောင်းကင်မှာ
လာမှောင်ရဲတဲ့ကောင်တွေကို ဘောင်ချာဆုတ်ပစ်မယ် ။ ။ 

နေလင်း

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar