Breaking News

လင်းနွေးအိမ် - ပင်လယ်ရဲ့တဖက်ကမ်း

ပင်လယ်ရဲ့တဖက်ကမ်း
လင်းနွေးအိမ်
(မိုးမခ) ဧပြီ ၄၊ ၂၀၂၂

ပင်လယ်ကို
ကုန်းမြေကပဲအနားသတ်ထားတယ်။

ညီမလေးရေ
လူတွေ
ခက်ခဲနေတယ်ဆိုတာ
တော်ရုံခက်ခဲခြင်းမဟုတ်တာ
စကြဝဠာသောင်းတိုက်သိတယ်။

လှောင်ချိုင့်ထဲကကျားဟာ
အစာလာကြွေးတဲ့သူရဲ့လက်ထဲကအသားထက်
အစာလာကြွေးတဲ့သူကိုစားချင်နေတဲ့ 
ဆာလောင်မှုမျိုးနဲ့ဆိုတာမျိုး။

ပင်လယ်ကြီးရဲ့တဖက်ဟာ
ကမ်းခြေပါ
ခြောက်ကမ်းပါးကြီးမဟုတ်ပါဘူး
ညီမလေးရေ။

ကူးနေသမျှ
ကမ်းခြေက ရင်ဖွင့်ကြိုနေပါလိမ့်မယ်။

ဧပြီ ၄ ရက် ၂၀၂၂

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar