Breaking News

မောင်စွမ်းရည် - ခွပ်ဒေါင်းမိခင် အမေမာသို့

မောင်စွမ်းရည် - ခွပ်ဒေါင်းမိခင် အမေမာသို့
(မိုးမခ) ဧပြီ ၈၊ ၂၀၂၂

အဘိုးဆုံး၍
ညှိုးချုံးအားမာန်၊ ရှိခဲ့ပြန်သော်
"မန်းတောင်" သဏ္ဌာန်၊ "ဘလှ" ကျန်၍
အားမာန်မကျ၊ တင်းနိုင်ကြ၏။

အဘဆုံး၍
ညှိုးချုံးအားမာန်၊ ရှိခဲ့ပြန်သော်
"ချိုးဖြူ" သဏ္ဌာန်၊ "အမိ" ကျန်၍
အားမာန်မကျ၊ တင်းနိုင်ကြ၏။

"အမိ" ဆုံးသော်
မဆုံးအားမာန်၊ ခွပ်ဒေါင်းကျန်ပြီ
ဒေါင်းလံမြှင့်၍
လွှင့်ကြကုန်။     ။

မောင်စွမ်းရည်
၇ ဧပြီ ၂၀၀၈

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar