လူခါးခါး - ငါ့အသက်နဲ့ မျှားယူထားရတဲ့နေ့တွေ
လူခါးခါး - ငါ့အသက်နဲ့ မျှားယူထားရတဲ့နေ့တွေ
(မိုးမခ) ဧပြီ ၆၊ ၂၀၂၂
နေ့ရက်တိုင်းက
ငါတို့အတွက်စစ်မြေပြင်တခုပဲ
ဒီကာလကြီးထဲက
သေရေးမှာ နေရေးမှာ
ငါ ရယ်ရယ်မောမောပဲ ဖြတ်သန်းနေခဲ့။
မနက်ခင်းဝေးဝါးမှုတွေအောက်
ငါ့ဖြတ်သန်းမှုမှာ
မနက်စာကော်ဖီတခွက်ထဲမှာ
ငါ့အသက်ဓာတ်လေးအငွေ့ထွက်ရုံ
ငါ့မှာ လမ်းသွားလမ်းလာလူတွေကို
ကြည့်ကြည့်ပြီး ကြေကြေကွဲကွဲနဲ့
ပြုံးရမလိုလို ရယ်ရမလိုလိုပါပဲကွာ။
သူတို့မှာရော၊ ငါ့မှာပါ
စကားလုံးနဲ့ဖော်ပြဖို့မလုံလောက်တဲ့
မြိုသိပ်မှု၊ ငတ်မွတ်ခေါင်းပါးနေမှုဟာ
စက်မှုခေတ်ရဲ့ယန္တားများကြား
သက်စွန့်ဆံဖျားနေ့များတွေပဲ
ငါ့အဆင်မပြေမှုတွေ
တခါတခါ ငါ့ကိုလက်နက်ချခိုင်းတယ်
ငါ့ရဲ့ပြင်းပြတဲ့ရှင်သန်လိုစိတ်မှာ
ငါဟာလက်နက်ချမယ့်သူမဟုတ်
အမှန်အမှားမှာ လူတွေဟာ
ငွေနဲ့ကစား
ဒုတိယဘုရားသခင်းဟာငွေတဲ့
ငါတို့အကြောင်းတွေ
ငါငိုပြီးပြောရမလား ရယ်ပြီပြောရမလားပဲ။
ဒါဟာ ငါ့မှာ တကယ့်ကိုငရဲပါပဲ။
ငါ့အသက်တွေမှာ
မနက်ခင်းတွေကိုမျှားထားရ။
ည ညတွေဆို
အမှောင်ထဲလမ်းလျှောက်ကျင့်ရင်ကျင့်
မဟုတ်ရင် ဓားပေါက်ကျင့်လို့
တနေ့တနေ့
သေရေး နေရေးတွေမှာ
ငါဟာ ရယ်ရယ်မောမောအောင်နိုင်သူ။
လူခါးခါး
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar