သစ်ကောင်းအိမ် - မအိုခင်၊ မနာခင်၊ မသေခင်
(မိုးမခ) ဧပြီ ၂၉၊ ၂၀၂၂
မအိုခင်
အဖိုးကြီးတဲ့
အဘိုးကြီးတယောက်မဖြစ်ချင်လည်းနေ
ဘဝရဲ့ခက်ဆစ်တွေအားလုံးကိုတော့
ဖြေရှင်းပြီးသားဖြစ်ချင်တယ်။
မနာခင်
ကိုယ့်မြေးလေးတွေ
ဝိုင်းပတ်ကစားတဲ့အခါ
အရိပ်တွေဝေကျပေးဖို့
နှစ်ရှည်သစ်ပင်တပင်စိုက်မယ်
အထိမ်းအမှတ်နေ့ရက်တွေရောက်ရင်
နောက်လာနောက်သားတွေဖောက်သောက်ဖို့
ကိုယ့်မြေအောက်ခန်းထဲမှာ
ဝိုင်စည်တွေကိုချန်ထားခဲ့မယ်
မနာခင်မှာ
ကိုယ့်ဘာသာတရားနဲ့ကိုယ်
မနာခင်မှာ
ဘာသာမဲ့တယောက်လည်းဖြစ်ချင်တယ်။
မသေခင်
အသံတခုတည်းနဲ့ထစ်ချုန်းဖို့
အသံအားလုံးကိုတိတ်ဆိတ်ငြိမ်သက်ပေးလိုက်ကြတဲ့ လျှပ်ပြက်တဒဂ်
အကာလရဲ့အမှောင်သံကန့်လန့်ကာကို
ရိုက်ချိုးလွှင့်ထူလာမယ့်အောင်လံ
နောက်ဆုံးမိုးချုန်းသံကိုနားစွင့်
(သူတို့လည်းသက်ရှိထင်ရှားရှိတုန်း)
ကိုယ့်ဘက်ကလည်း
ချစ်ရသူတွေအကြောင်းကိုကဗျာရေးမယ်
မသေခင်
သေချာတာက
တောင်ကုန်းပေါ်အလံစိုက်
ပြီးရင်
ချစ်သူချင်းနမ်းတဲ့ဇာတ်သိန်းခန်းပဲ။
သစ်ကောင်းအိမ်
၊ ၂၈ ဧပြီ ၂၀၂၂ |
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar