Breaking News

ဆောင်းလူ - အလာဂျစ်ဆန်တဲ့ ကဗျာ၊ အလာဂျစ်ဆန်တဲ့ ကမ္ဘာ

ဆောင်းလူ - အလာဂျစ်ဆန်တဲ့ ကဗျာ၊ အလာဂျစ်ဆန်တဲ့ ကမ္ဘာ
(မိုးမခ) ဧပြီ ၂၆၊ ၂၀၂၂

နွေဦးရဲ့ ဖြစ်တည်မှုက 
ပြာရီဆိုင်းဆိုင်း မှိုင်းမှိုင်းရီရီ
...
...
...
တန်ဖိုးထားခံရခြင်းမျှချေနဲ့ မတူညီတဲ့ဘဝတွေမှာ
တကယ့်
အလာဂျစ်ဆန်တဲ့ ကဗျာတပုဒ်လိုပဲ ...
လူးလူးလွန့်လွန့်နဲ့ ရုန်းကန် ရှင်သန်နေရရှာတယ်။

နွေဦးမှာ
လက်သီးတွေ တန်းကြ
လက်မောင်းတွေ တန်းကြ ...
မရေမရာနိုင်တော့တဲ့ အနာဂတ်အတွက် မျှော်တွေးပြီတိုက်ခဲ့ရတဲ့ညတွေကိုကျ
လက်ဆွဲနှုတ်ဆက်ချိန် တဒင်္ဂကြား အချိန်ကိုက် ချနင်းကြ ...။

ကမ္ဘာကြီးဟာ 
အ နေတဲ့ လူတစုအတွက်တော့
တကယ့်စိုးရိမ်စရာ
အရိုးထဲကချဉ်ဆီကို စုတ်စရာ အမဲရိုးတချောင်းလို
န နေတဲ့ လူတစုအတွက်တော့
အရိုးတချောင်းမှာကပ်နေတဲ့ အသားတစလို ...။

ငါတို့အဖြစ်ကလည်း
ကမ္ဘာကြီးရဲ့ စိုးရိမ်မကင်းမှုကို ထပ်ခါ ထပ်ခါ ကြားနာရင်း 
ဖောက်ပြန်တဲ့လူတန်းစားတရပ်ပါးစပ်ဖျားက
ထွက်လာတဲ့ သီချင်းသံသဲ့သဲ့ကိုက
ဖောက်ပြန်တဲ့လူတန်းစားတွေ ချေမှုန်းပစ်ကြတဲ့ ...။

ကဲ .... ငါတို့ ဖောက်ပြန်ကြစို့ .....။

ဧပြီ ၂၆၊ ၂၀၂၁

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar