Breaking News

ခ က် ဦး - ပိတောက်

Photo- Gen News

ပိတောက်
ခ က် ဦး
(မိုးမခ) ဧပြီ ၁၄၊ ၂၀၂၂

ဝေတုန်း 
စိမ်းရွက်တွေကြား
ဖျော်ဖြေခဲ့ရုံဘယ်ကမလဲ
ကြွေချိန် 
မြေမပူအောင်ဖြန့်ခင်း 
ရနံ့နှင်းခဲ့ပြန်သေးတယ်
မင့်စတေးပုံက ဖွဖွ
မနင်းရက်အောင်ပါပဲကွယ် ။

၁၂ . ၄ . ၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar