Breaking News

တပ်ဦးလ - နိုင်ငံတော်ဘာသာရပ်


နိုင်ငံတော်ဘာသာရပ်
တပ်ဦးလ
(မိုးမခ) မေ ၅၊ ၂၀၂၂

ဘယ်သူအချစ်ဆုံးလဲ ဆိုတဲ့ မေးခွန်းမှာ
နိုင်ငံတော်ဘာသာရပ် ဖြေတော့
ပြည်သူတွေ ကွင်းလုံးကျွတ်အောင်တယ်
ဘဝတူတယ်
ခံစားမှုတူတယ်
လူထုဆီက လာတာဆိုတော့
စာနာရတာ လွယ်ပါတယ်
အဝေးမှ ချစ်သူများ
ချစ်လျက် ဝေးနေသူများနှင့်
အကယ်၍များ ပြန်လာပါ
ရွှေနဲ့ပိတောက် နှစ်ရှည်မမှားဖို့
စိန်နဲ့အချိုမှုန့် နားလည်မှုမလွဲဖို့
ဘဝတွေထဲ
မြင်အောင်ကြည့်နိုင်မှ ဝင်ခဲ့ပါ
ပြည်သူကိုမချစ်သောသမ္မတများ မလာပါနဲ့
ပြည်သူကိုအကြည်ညိုပျက်စေမယ့်အပြုအမူများ
သတိထား
ပြည်သူကိုမထောက်ခံသောအစိုးရများ ဝေးဝေးနေ
လူကြီးမင်းများဖြေဆိုရန်
မေးထားသောမေးခွန်းမှာ ဘယ်သူအချစ်ဆုံးလဲ။    ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar