Breaking News

လွတ်လပ်မိုး - အာမင်


အာမင်
လွတ်လပ်မိုး
(မိုးမခ) မေ ၂၊ ၂၀၂၂

ကောင်းဘွိုင်ခေတ်ကလို
သေနတ်တလက်နဲ့ လမ်းပေါ်မှာ ဖြေရှင်းချင်နေတဲ့
လက်ပံပွင့် နီနီတွေ
ဆူးသွားက
နံကြားကိုလာထောက်နေတယ်
ဓမ္မဆီကိုပစ်လွှတ်လိုက်တဲ့ ကျည်ဆံက
အဓမ္မဆီ နောက်ကြောင်းပြန်ကွေ့သွားတယ်
မကြာမီ...ဝါလာတော့မယ်
ဝါပြီးရင်တော့ ကြွေ
ပြီးမှ
စိမ်းလန်းဝေဆာကြပေါ့

အနက်ရောင်ယာဉ်တွေ ပေါပေါပဲပဲများတဲ့ လူကူမျဉ်းကြားရဲ့
ရေချိုးပြီးစ နွေဦးအသစ်လှလှကလေးမှာ
အပြောကောင်းတဲ့ ပါးစပ်နဲ့
သေတမ်းစာကို ရွတ်ခဲ့တယ်

နွေဦး...
ငါ့တို့ထံ ကောင်းချီးပေးပါစေ...။           ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar