Breaking News

ခိုင်မျိုး - ရွာထဲမှာ

ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) မေ ၁၈၊ ၂၀၂၂

အရူးတွေက
ဆဲဆိုနေကြတယ်
အော်ဟစ်သံတွေနဲ့အတူ
လူမြင်ကွင်းပေါ်
မောင်နဲ့နှမ၊သားနဲ့အမိမကြည့်သင့်တာတွေ
ထုတ်ဖေါ်ပြသနေကြတယ်
လောကပါလတရားတွေထွန်းကားသောတိုင်းပြည်
တစ်ခု
ကမ္ဘထဲရှိခဲ့ဘူးရဲ့လား
နောင်တမြေကတော့ကမ္ဘာထဲအသေအချာရှိရဲ့
စစ်ကတိုက်လို့ပြီးရင်
ရပ်တာပဲလေ
ဘယ်အရာမှာမဆို
ပြီးဆုံးချိန်ဆိုတာလည်းရှိနေတာပါပဲ
တကမ္ဘာလား
နှစ်ကမ္ဘာလား
မရှည်သောအသက်များအတွက်
ဖြစ်တည်ပျက်ပါပဲ
အရိုင်းတေးနဲ့သမိုင်းရေးမလား
ရေးလေ
ကိုယ့်လက်ရေးလှမလှ
ညာချလို့မရတဲ့ဘဝ
သင့်တော်ရာတချိန်မှာ
အသာကြွပေါ့။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar