Breaking News

ဝဇီရာဒီဖိုး - ဖိတ်စာ


sgpart.blogspot.com
ဖိတ်စာ
ဝဇီရာဒီဖိုး
(မိုးမခ) မေ ၁၆၊ ၂၀၂၂

ဘုရားရှေ့ သံလှောင်အိမ်ထဲက
ငြိမ်းချမ်းရေးချိုးငှက်ကလေးတွေ
သံလွင်ခက်ကို ဘယ်လိုရှာမှာလဲ။

အလှပြ ပြည်ထောင်စုလှေကြီးထဲ
ရွာတွေ မီးလောင်နေပုံ
မိုးရေရွှဲစို ဒုက္ခဘုံထဲ
တောတွင်းပြေးရ စစ်ရှောင်ရ။

ဖိတ်တော့ ဖိတ်စာ
အတိတ်နဲ့ ပစ္စုပ္ပန်
ယုံစရာ တကွက်မရှိ။  ။
                    
 07:07, 15-5-2022

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar