Breaking News

၂၀၂၂ မေလ မြန်မာပြည်သူပြည်သားများအတွက် တားရော့အဟော

တာရို - ၂၀၂၂ မေလ မြန်မာပြည်သူပြည်သားများအတွက် တားရော့အဟော

(မိုးမခ) မေ ၈၊ ၂၀၂၂

 



၂၀၂၂ မေလ မြန်မာပြည်တွင်း နေထိုင်သော မြန်မာပြည်သူပြည်သားများအတွက်ကိုသာ ရည်ရွယ်ပြီး တားရော့ကဒ်တွေ ချကြည့်ပါတယ်။ General Reading ဖြစ်လို့ သိပ်ကြီးလည်း Serious ယူစရာမလိုပါ။ ဒါ့အပြင် ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သော မြန်မာပြည်သူများရဲ့ ယုံကြည်မှုကြောင့် မကောင်းသော ကံများကလည်း ကောင်းသော ကံများအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အပြန်အလှန်လည်း ဖြစ်နိုင်တာကြောင့် ဘုရားတရား မမေ့ကြပါနဲ့။

မေလအတွက် Before and After ဆိုတဲ့ တားရော့ကဒ်အမျိုးအစား၂ မျိုးကို ချကြည့်ပေးထားပါတယ်။ ဒီလအတွက် နောက်ကျသွားတာကိုလည်း တောင်းပန်ပါတယ်။ တကယ်တော့ ကဒ်တွေက အရင်လကအတိုင်း ပြန်ကျနေတာလည်း ပါပါတယ်။ ကံကြမ္မာက တိုတိုပြောရရင် အုပ်ချုပ်သူအစိုးရနဲ့ သူတို့ကို တိုက်ဖို့ ကြိုးစားနေကြတဲ့သူတွေရဲ့ ကံတရားက ထပ်တူဖြစ်နေတယ်။ ကောင်းရင်ကောင်းတယ်၊ မကောင်းရင် မကောင်းဘူး၊ အဲသလို အပြန်အလှန် တွေ့နေရတယ်။ တိုင်းသူပြည်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အတော်ကောင်းနေပါတယ်။ လုပ်စရာရှိတာလုပ်နေတာမျိုးပေါ့။ ပတ်၀န်းကျင်ကိုလည်း သိပ်ဂရုမစိုက်ချင်တော့တာမျိုးတွေ ဖြစ်လာတတ်တယ်။ ဒါဟာ အမှန်တော့ ကြုံလာရတဲ့ ကံ၊ ‌ေ၀ဖန်ခံရတာတွေများပြီး ဖြစ်လာတဲ့ရလဒ်လို့ တားရော့ကဒ်လေးက သုံးသပ်ထားပါတယ်။

အဖမ်းခံထားရသူတွေအတွက်ဆို သူတို့က အတွင်းက အခြေအနေက သူတို့အတွက် အဆိုးကြီးမဟုတ်သောလည်း စိတ်ညစ်နေကြရတယ်။ မိသားစုနဲ့ ဆုံစည်းမယ့် အခြေအနေက ဆက်လက် တွေ့နေရဆဲပါ။ လွတ်မြောက်ခြင်းဆိုတဲ့ ကံကြမ္မာမျိုး မတွေ့ရသေးဘူး။ သို့သော် တချို့သောသူတွေအတွက် ဆုံးဖြတ်ချက်တစ်ခု ခက်ခက်ခဲခဲ ချလိုက်ရရရတာမျိုးလေးတွေ ကြုံရတတ်ပါတယ်။ ရုတ်တရက် အပြောင်းအလဲကြုံရတတ်တယ်။ ကံတရားက တပတ်ပြန်လည်တာမျိူးဖြစ်ပြီး ကောင်းတဲ့ဘက်ကို ရွေ့သွားတတ်ပါတယ်။

အုပ်ချုပ်သူလူအုပ်စုကတော့ ပြောရရင် ပြုတ်မကျအောင် အတင်းအဓမ္မ ဆုတ်ကိုင်ထားနေရတဲ့ အ‌ခြေအနေမျိုး ကြုံနေရတယ်။ ပြုတ်ကျရင် မစားသာဘူး။ အဲသလို တွေ့ပါတယ်။ ကောင်းတာနဲ့ ဆိုးတာ မတရားတာနဲ့ တရားတာ ဘက်လိုက်တာနဲ့ မလိုက်တာ မှန်တာနဲ့ မှားတာကြားမှာ အဲသလို ၂ ခွကြုံရတိုင်း သူတို့ရွေးချယ်မူ မှားရင်မှားသလို သူတို့ကိုင်ထားတဲ့ကြိုးက သူတို့ကိုပဲ ပြန်ပတ်လာတတ်ပါတယ်တဲ့။ သူတို့ကို တိုက်နေတဲ့ သူတွေကံတရားက မှန်တာ၊ ဟုတ်တာ၊ တရားတာတွေကို ပိုပြီး ရွေးချယ်လုပ်ကိုင် ပြောဆိုတာက ပိုပြီး ကံဇာတာတက်လာပါမယ်လို့ ဆိုတယ်။ အုပ်ချုပ်သူလူတစ်စုနဲ့ စိတ်ဓာတ်ချင်းမတူအောင် နေထိုင်မှ လုပ်ကိုင်မှု၊ အောင်မြင်နိုင်မှုကို ပိုပြသလာနိုင်တယ် ပိုပြီး ကံဇာတာတက်လာပြီး လမ်းသစ်ဖောက်လာနိုင်ပါမယ်။

ဇွန်လအခြေအနေကို ကြည့်မိတော့ ကံကြမ္မာဟာ တပတ်ပြန်လည်လာလိမ့်မယ်။ အုပ်ချုပ်သူ လူတစ်စုအတွက် ကိုယ့်အရပ်တွေကို ထားခဲ့ပြီး စွန့်ခွာသွားရလိမ့်မယ်တဲ့။ သူတပါးအိမ်ရာတွေကို ဖျက်ဆီးပြီး သူတပါး စွန့်ခွာရသလို အဲသည်ကံတရားမျိုး သူတို့ဆီ တပတ်ပြန်လည်လာဖို့ ရှိနေတယ်။ ဒါပေမဲ့ ခက်တာက သူတို့အားကိုးရာတွေကြောင့် ကံတရားဟာ သူတို့ဘက် လိုက်နေတတ်တယ်။ သူတို့မဖြစ်အောင် သူများကို သူတို့ဒဏ်ခံခိုင်းသလို ဖြစ်နေသောလည်း ဇွန်လမှာတော့ သူတို့ ထင်သလို ဖြစ်မလာတာတွေ များလာမယ်လို့ ဆိုထားပါတယ်။

ဇွန်လမှာ အဖမ်းခံထားရသူတွေအတွက် စဥ်းစားပေးတဲ့ကိစ္စမျိုးတွေ ပေါ်လာတတ်ပြီး သူတို့ကို လွတ်မြောက်ဖို့ ကူညီမည့်အရာတွေ ဖြစ်လာတတ်တယ်။ ဇွန်လ ဒုတိယပတ်အကျော်လောက်မှာ ကောင်းတဲ့ အခြေအနေတွေ ပေါ်လာတတ်ပါတယ်။ သူတို့အဖမ်းခံထားရတာ သိပ်ကြာနေပြီဆိုပြီး ပြောဆိုလာတာမျိုးတွေ အာရုံစိုက်လာရတာမျိူး ဖြစ်လာမယ်၊ သူတို့အတွက် မိသားစု ဆုံစည်းမူတွေ နီးကပ်လာမယ်၊ ကံကောင်းထောက်မစွာ လွတ်မြောက်ဖို့ အခြေအနေတွေ ပေးလာမယ်လို့ဆိုတယ်။ ဘ၀အသစ်ပြန်စရဖို့ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဇွန်လမှာ ကောင်းတဲ့ကိစ္စလေးတွေ များများဖြစ်လာဖို့ ရတနာသုံးပါး များများဆည်းကပ်ကြပါ။ ကံတရားက ကိုယ့်ဘက်မှာရှိနေအောင် မဟုတ်မမှန် မတရား လုပ်ကိုင် ပြောဆိုတတ်တဲ့သူတွေနဲ့ ခပ်ခွာခွာနေပြီး ကိုယ့်ဘ၀ကို ကိုယ် တည်ဆောက်ကြဖို့ အကြံပေးလိုက်ပါရစေ။

မေလအတွက် ၁၂ လရာသီခွင်တွေအတွက် ကဒ်တွေ ချပေးထားတယ်။ ဒီတခါတော့ တားရော့အမျိုးအစားတွေထဲက Universal Tarot ကဒ်တွေအပြင် wishful and fulfillment ဆိုတဲ့ ကဒ်အမျိုးအစားကို လှန်ပေးထားတာပါ၊

Aries (၂၁ မတ် - ၁၉ ဧပြီ)

သင့်ရဲ့ အသိစိတ်ဟာ ဖုံးကွယ်ထားတာတွေ လွင့်ပြီး စစ်မှန်သော စိတ်ထား ပေါ်လာတတ်တယ်။ ကိုယ့်ရဲ့ မှတ်ဉာဏ်ထဲက အရာတွေဟာ အသိစိတ်ထဲ တဖြည်းဖြည်းနဲ့ စိမ့်၀င်လာမယ်။ ခံစားချက်တွေ အသစ်ဖြစ်လာတယ်။ ကိုယ့်ပတ်၀န်းကျင်နဲ့ပတ်သက်ပြီး လိုက်လျောညီထွေ ဖြစ်အောင် နေနေရတတ်တယ်။ ရလဒ် အသစ်တွေ ရလာတတ်တယ်။ စစချင်း စိတ်ညစ်စရာနဲ့ တွေ့လာတတ်ပြီး ပျော်စရာနဲ့ အဆုံးသတ်ရတတ်ပါတယ်။ ကိုယ် ဂရုစိုက်နေတဲ့ကြားက တစ်ခုခု လစ်ဟာသွားလို့ ဖြစ်ဖြစ်၊ ကိုယ်ပေါ့လိုက်မိတာကြောင့်ဖြစ်ဖြစ် ကိစ္စ တစ်ခုဟာ မပြီးမြောက်ဘဲ ဖြစ်နေတတ်တာ၊ ပြီးသွားသောလည်း အဆင်မပြေဖြစ်သွားတာကြောင့် မလုပ်မီ အသေးစိတ် အနီးကပ် ကြည့်ရှု သုံးသပ်ရမယ်လို့ အကြံပေးထားပါတယ်။

Taurus (၂၀ ဧပြီ - ၂၀ မေ)

ပြောင်းလဲမှု တစုံတရာ ကြုံရတတ်တယ်။ မကောင်းတဲ့ တိုက်ခတ်မှု ကြုံရတတ်ပြီး အဲဒီနောက်ပိုင်းမှာ ကိုယ့်ရဲ့ ကြံ့ကြံ့ခံနိုင်မှုကြောင့် ခိုင်မာတဲ့လမ်းကြောင်းပေါ် ရောက်လာတတ်တယ်။ သင့်ကြိုးစားမှုနဲ့ အောင်မြင်မှုရတတ်တယ်။ ကိစ္စတစ်ခုဟာ ပြီးမြောက်သွားတာမျိုး ဖြစ်လာမယ်။ သင့်စိတ်ထဲ တခါတရံ ဝင်လာတတ်တဲ့ မကောင်းတဲ့စိတ်တွေကို သတိထားမိတာနဲ့ ဖျောက်ပစ်ဖို့ ကြိုးစားပါ။ သင့်မှာ ဖန်တီးတဲ့ အရည်အချင်းရှိပြီးသားပါ။ အခက်အခဲ အတားအဆီးတွေကို သိပ်ပြီး အာရုံစိုက်မနေဘဲ တခြားတစ်ခု လုပ်ဖို့ စဥ်းစားလိုက်ပါ။ သင်ဟာ သိပ်ပြီး အသေးစိတ်လွန်းအားကြီးနေတယ်တဲ့၊ အသေးအမွှားလေးက သင့်ကို စိတ်ဒုက္ခပေးနေလိမ့်မယ်။ လောကကြီးမှာ မှန်တိုင်းလည်း မကောင်းဘူးတဲ့။ သတိတော့ထားပေါ့။

Gemini (၂၁ မေ - ၂၀ ဇွန်)

တည်ငြိမ်အေးချမ်းမှု ဆိုတဲ့ ကဒ်မျိုး ရလာတယ်။ လက်ရှိတဲ့ သာလွန်တဲ့ ခိုင်မြဲမူမျိုး ဖြစ်လာတတ်တယ်။ ဒါကြောင့် ကိုယ့်ရဲ့ အတွင်းစိတ်ကို ပြုပြင်တာမျိုး အိမ်ကိစ္စတွေ ရှုပ်နေရင်တောင် ရှင်းလင်းတဲ့ဘက်ကို သွားတာမျိုး ရွေးချယ်သင့်တယ်။ အရေးကြီးတာ စိတ်ရှင်းရှင်းထားဖို့ကို ပြောထားတယ်။ အိမ်ထဲ တံမြက်စည်းလှည်းပြီး ရှင်းအောင် လုပ်လိုက်တာမျိုးပေါ့။ ကိုယ့်လုပ်အားနဲ့ ရလာတဲ့ အသီးအပွင့်တွေကို စားသုံးဖို့ စိတ်အေးလက်အေး နေပေတော့တဲ့။ နောက်တစ်မျိုးကတော့ စိန်ခေါ်မှုအသစ် ရောက်လာတတ်ပါတယ်။ မိတ်ဆွေယောာင်တွေ ရှိနေတတ်တယ် သတိထားဖို့ လိုပါတယ်။ အခု သင်ဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြောရရင် နိုး ဆိုတဲ့ အဖြေမျိုးကို လေ့ကျင့်ထားပါတဲ့။ အပေးအယူဆိုတဲ့ ဆက်ဆံမူမျိုးကို လုပ်ပါ။ အကယ်၍ လိုအပ်ရင် လိုအပ်သလို အချိန်နည်းနည်း ပေးပါလို့ ပြောပါတဲ့။

Cancer (၂၁ ဇွန် - ၂၂ ဇူလိုင်)

အသစ်တဖန် မွေးဖွားခြင်း ဆိုတာလို ခံစားချက်အဟောင်းတွေ ရှိနေရင် စွန့်ပစ်လိုက်ပါ။ ဒါမှ အသစ်မွေးဖွားခြင်းဆိုတာ ဖြစ်လာမယ်။ အဟောင်းကို ဖက်တွယ်ထားသရွေ့ အသစ်ဆိုတာ ရောက်မလာဘူးတဲ့။ ကိုယ့်ရဲ့ ကို,ယ်ပိုင်အတွေးတွေက သင့်ကို လမ်းပြသွားလိမ့်မယ်။ လွတ်လပ်ခြင်းဆိုတဲ့ အရသာကို ခံစားချင်ရင် မိမိစိတ်တွေကို ထွက်ပေါက်ပေးဖို့ လိုအပ်တယ်။ သင့်ကံတရားကိုသာ ယုံထားလိုက်ပါလို့လည်း အားပေးထားပါတယ်။ပျော်ရွှင်ခြင်းဆိုတဲ့ အရာတွေ စားသုံးရဖို့ အတိတ်ကို ဖက်တွယ်နေတာကို သတိနဲ့ ဆင်ခြင်ပါလို့ ဆိုပါတယ်။ သင်ဟာအခု သူများပြောတာတွေ သိပ်နားမထောင်ချင်ဘူး ဖြစ်နေတယ်တဲ့၊ ကိုယ့်ကို လာပြီး ထိန်းချုပ်တာလည်း မကြိုက်ဘူးတဲ့၊ ဒါပေမဲ့ သင် အဲသလို မလုပ်ရင် သင်ဟာ လောဘတွေကြီးပြီး လိုချင်တာတွေ များလာတတ်တယ်။ ဒါကြောင့် နားထောင်တဲ့ဘက်ကို နည်းနည်း လိုက်လျောပေးလိုက်ပါ။

Leo (၂၃ ဇူလိုင် - ၂၂ ဩဂုတ်)

အမှန်နဲ့ တံလျှပ်ကြားမှာ သင်ဟာ ဘယ်ဟာ အမှန်လဲဆိုတာ သိအောင် အရင်လုပ်ပါတဲ့။ တကယ်က ဘာလဲ ဆိုတာ သင့်ရဲ့ လွတ်လပ်တဲ့စိတ်နဲ့ ရွေးချယ်ပါ။ တကယ်ဟုတ်တဲ့ အရာကို သေချာဆုပ်ကိုင်ပါ၊ အီလူးရှင်း ဆိုတဲ့ တကယ်မဟုတ်တဲ့အရာတွေ ကြားမှာ သိပ်တော့ မလွယ်ပေမယ့် အဲဒီလို လုပ်နုင်ရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်လိမ့်မယ်။ စိတ်ထဲ ဒွိဟ ဖြစ်နေပေမယ့် အလေးချိန် ချိန်သလို တကယ်လေးနက်တဲ့ အရာကို ရယူပါလို့ အကြံပေးထားပါတယ်။ သင်ဟာ ရဲတင်းပြီး ကိုယ့်စိတ်သဘောအတိုင်း လုပ်တတ်သူဖြစ်လို့ သင့်စိတ်ထဲ အားမလိုအားမရဖြစ်နေတာတွေ ရှိတတ်တယ်။ သင် မမျှော်လင့်တဲ့ အခြေအနေသစ်တွေ ကြုံလာရတတ်ပါတယ်။ သင့်ကို ဘယ်သူမှ ထိန်းချုပ်လို့ မရပါဘူး။ ဒါပေမဲ့ အနားယူပြီး ဖြစ်ဖြစ်၊ အချိန်လေး နည်းနည်းပေးပြီး လိုချင်တာကို ယူတာမျိုး လုပ်ပါ။

Virgo (၂၃ ဩဂုတ် - ၂၂ စက်တင်ဘာ)

သင်က ပန်းပင်လေးတွေ ချစ်တယ်၊ ပျော်ပျော်နေတတ်တယ်တဲ့။ သင့်ဘ၀ရဲ့ အကောင်း အဆိုးကို သင်က အကောင်းမြင်စိတ်နဲ့ ကြည့်တတ်တယ်။ သင့်ဘ၀အတွက် မမြင်နိုင်တဲ့ ကံတရား ကြုံလာရတတ်တယ်။ သင်က အမှား အမှန် ခွဲခြားတတ်သူတစ်ယောက်ဖြစ်လို့ ဘ၀မှာ အခက်အခဲမရှိ ဖြေရှင်းနိုင်မယ်လို့ ဆိုထားတယ်။ သင်ဟာ လက်တွေ့ကျတာကို သဘောကျတယ်။ အခုလမှာ သင် ဖြစ်စေချင်သလို ဖြစ်လာတတ်တယ်။ စိတ်ပိုင်းဆိုင်ရာမှာ အေးစက်သွားတာမျိုး ကြုံလာရတတ်ပါတယ်။ ကိုယ့်ရဲ့ ဘေးကလူတွေကလည်း ဆက်ဆံရေး အေးစက်တတ်တယ်။ ဒါပေမဲ့ သိထားဖို့က အေးစက်ပေမယ့်လည်း ပြန်လည်နွေးထွေးစရာတွေ ပြန်လည် အသစ်ပြန်လည် မွေးဖွားတာမျိုး ကြုံလာရပါတယ်။

Libra (၂၃ စက်တင်ဘာ - ၂၂ အောက်တိုဘာ)

အိပ်မက်ထဲကနေ သင့်ကို နိမိတ်ကောင်းလေးတွေ ပေးလာလိမ့်မယ်။ သင့်ကို ပတ်၀န်းကျင်က ကောင်းကောင်း စောင့်ရှောက်ပေးနေတယ်လို့ ယုံကြည်ထားပါ။ သင် စိတ်ထဲ ထင်နေတာတွေ တထင့်ထင့်ဖြစ်နေတာမျိုးတွေ က သင့်ကို သတိထားဖို့ သတိပေးနေသလို ဖြစ်နေတတ်တယ်။ အခုတလော မမျှော်လင့်တဲ့ သတင်းမျိုး၊ မထင်မှတ်တာမျိုး ဖြစ်လာရရင်လည်း ကြောက်စရာမလိုပါဘူး။ သင့်မှာ ဖြေရှင်းနိုင်တဲ့ အရည်အချင်း ရှိပါတယ်။ အရေးကြီးတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မူရှိရမယ်။ အခုလမှာ သင့်ကို အကြံပေးထားတာက ရယူတာထက် ပေးဆပ်တာ ‌ဝေမျှတာမျိုးကို လုပ်ပါလို့ ဆိုတယ်။ သင် စိတ်ကျေနပ်မှု ရလာပါလိမ့်မယ်တဲ့။ စိတ်ရှုပ်ထွေးစရာတွေ နေရာတိုင်းမှာ ကြုံရလို့ ရှိရင် စိတ်ကိုသာ မထိခိုက်အောင်နေခြင်းဖြင့် သက်သာရာရလာပါမယ်။

Scorpio (၂၃ အောက်တိုဘာ - ၂၁ နို၀င်ဘာ)

သင် ရန်ဖြစ်ထားသူတွေနဲ့ ပြန်ပေါင်းထုတ်တာ ပြန်တည့်တာမျိုးတွေ ကြုံရတတ်ပါတယ်။ ဆုံးဖြတ်ချက်တခုကို လေးလေးနက်နက် ချရတတ်တယ်။ ပြီးရင် ရှေ့ကို ခုန်လိုက်သလို အတော်‌ဝေးဝေးကို ရောက်သွားတာမျိုး ဘ၀ ဟာ ပြောင်းလဲသွားလိမ့်မယ်။ အဲဒါက သင်ဆုံးဖြတ်တဲ့အပေါ် မူတည်ပါတယ်။ သင့်ဘက်က တစ်ခုခုတော့ ပါရလိမ့်မယ်။ ဥပမာ ဆုံးဖြတ်ချက်ချတာက သင်ကိုယ်တိုင် ဖြစ်ရမယ်ဆိုတာမျိုး ဒါမှမဟုတ် သင့်ကိုယ်သင် အရေးကြီးတဲ့သူတယောက် ဖြစ်တယ်ဆိုတာ ခံယူပြီး အလုပ်တစ်ခု စလုပ်တာမျိုး ဖြစ်ရမယ်။ ဒါပေမဲ့ အကောင်း အဆိုး ပြောမထားဘူး ဖြစ်လို့ သတိတော့ထားပေါ့။ တခါတရံ အထီးကျန်နေသလို ခံစားရတတ်တယ်။ စိတ်တိုင်းမကျ မကျေနပ်တာမျိုးတွေ ဖြစ်လာရင် မမျှော်လင့်တဲ့ အကူအညီတစ်ခုရပြီး သင့်ကို ထွက်ပေါက်ပေးလာလိမ့်မယ်။ သင်ဟာ ခုနေခါ အသည်းကွဲပြီး စိတ်ဆင်းရဲနေရတာမျိုး ကြုံနေရရင် ငိုစရာရှိတာငို ပေါက်ကွဲစရာရှိတာ ပေါက်ကွဲလိုက်ပါတဲ့၊ အဲဒီ ခံစားချက် ဒဏ်ရာတွေက သင့်ကို တချိန်ကျ ခွန်အား ဖြစ်လာနိုင်တယ်ဆိုတာ မမေ့ပါနဲ့တဲ့။

Sagittarius (၂၂ နို၀င်ဘာ - ၂၁ ဒီဇင်ဘာ)

စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီး အာရုံစိုက်စရာတွေ တွေ့လာတတ်တယ်။ ဘာတွေကို ဂရုစိုက်ရမယ်ဆိုတာလည်း သင်ဟာ အလိုလို သိနေလိမ့်မယ်။ သင်ဟာ ဘာမှမဟုတ်တာလေးတွေကိုလည်း မချန်မိအောာင် ဂရုစိုက်ဖို့ သတိပေးထားတယ်၊ ဖြစ်လာမယ့်အရာတွေဟာ စိတ်လှုပ်ရှားစရာကောင်းလာမယ်။ သင့်ဘ၀အတွက် အသစ်တဖန် ပြန်လည်မွေးဖွားလာသလို လမ်းအသစ်ဖောက်ရသလိုမျိုး ဖြစ်လာတတ်တာမို့ ကံကောင်းပါတယ်လို့ပဲ ပြောရမှာပါ။ အပြောင်းအလဲရဖို့ သင်ကိုယ်တိုင်တော့ လုပ်ရမယ်။ လွယ်မယ် ထင်တာ ခက်ပြီး ခက်မယ်ထင်တာ လွယ်နေတတ်တယ်။ သင်ဟာ ဆုံးဖြတ်ချက်တစ်ခုကို ချစရာကြုံရတဲ့အခါ ဘယ်ဟာက ပိုအလေးသာနေသလဲဆိုတာ ချိန်ဆပါတဲ့၊ သိပ်ပြီး စိတ်မညစ်ပါနဲ့။ အကယ်၍ သင် စိတ်ညစ်စရာကြုံရရင် ကိုယ်ဘယ်လောက်လုပ်နိုင်သလဲဆိုတာ စဥ်းစားပါ၊ အဖြေထွက်လာပါလိမ်မယ်။

Capricorn (၂၂ ဒီဇင်ဘာ-၁၉ ဇန်န၀ါရီ)

တခြားပြင်ပက ၀င်လာတဲ့အရာတွေကို ဂရုစိုက်ဖို့ လိုတယ်။ သင့်ဘာသာ အေးအေးနေပေမယ့် သင့်မှာရှိနေတဲ့ စွမ်းအားတွေကြောင့် သင်ဟာ အရောင်တောက်နေလိမ့်မယ်။ သင်ပျိုးထားတာတွေ သင် ပြန်စားသုံးရတာမျိူးခံစားရမယ်။ သင် စိတ်ထဲ ဖြစ်နေတာတွေကို သေချာ ပြန်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချတာမျိုးတွေ လုပ်ရတတ်တယ်။ စိတ်ပိုင်းဖြတ်လုပ်ရတာမျိုး ကြုံရတတ်တယ်။ ဒီကာလဟာ သင့်အတွက် စိတ်တုံးတုံးချပြီး လုပ်ရမယ့်အချိန်လို့ ဆိုထားပါတယ်။ လူမှုဆက်ဆံရေး အားကောင်းနေတယ်။ ကိုယ်ကလည်း ရိုးသားသလို သူများအပေါ်လည်း ရိုးသားစွာ ဆက်ဆံပါ။ သင့်အတွက် ပျော်စရာတွေ ကြုံရမယ်။ သင့်ကို တစ်ခုခု ကမ်းလှမ်းတာမျိုး ကြုံရရင် သင်ဟာ မကောင်းမြင်စိတ်နဲ့ မကြည့်ပါနဲ့ ။ လက်မခံနိုင်ရင်တောင် ကမ်းလှမ်းတဲ့သူကို အပြစ်မမြင်ပါနဲ့တဲ့။

Aquarius(၂၀ ဇန်န၀ါရီ - ၁၈ ဖေဖော်၀ါရီ)

သင့်ရဲ့ ရည်မှန်းချက်ကြီးဟာ စိတ်ကူးထဲမှာပဲ ရှိနေတယ် ထင်နေတတ်တယ်။ အဲဒီအတွေးကို ဖယ်ထုတ်ပစ်ပါ၊ လက်တွေ့ကျကျ အဖြေထုတ်ရမယ်။ သင့်ရှေ့မှာ ရှိတဲ့ အတားအဆီးတွေကြောင့် သင်ဟာ စိတ်ကူးပြောင်းဖို့ ဖြစ်လာတာမျိုး ဖြစ်လိမ့်မယ်။ ဒါကြောင့် နောက်ခြေတလှမ်းဆုတ်ပြီး သင့်စိတ်ချရတဲ့ သူတစ်ယောက်နဲ့ တိုင်ပင်ပြီး ဘာဆက်လုပ်ရမလဲဆိုတာ ဆုံးဖြတ်ပါ။ သင့် အတွေးအခေါ်တွေ မှားနေတာတွေ ပြုပြင်ဖို့ အချိန်ကောင်း ဖြစ်ပါတယ်။ ဒါကြောင့် ဆက်ပြီး လုပ်စရာရှိတာလုပ်သွားပါ။ သင်ဟာ ကိုယ့်ရဲ့ အရည်အခချင်းကောင်းတွေကို ထုတ်ပြဖို့ ၀န်လေးနေတဲ့စိတ်ကို ဖျောက်ပစ်ပါ။ မကြောက်ပါနဲ့။ ကိုယ့်ရင်ထဲမှာ မေတ္တာတွေနဲ့ ပြည့်နေတာကို ထိန်းသိမ်းထားပါ။ ကိုယ့်ဘာသာ တစ်ယောက်တည်း နေတတ်တဲ့စိတ်နဲ့ အများနဲ့ စုပေါင်းလုပ်တဲ့စိတ် ၂ ခု ကြားအလယ်မှာ ကောင်းကောင်းနေထိုင်ပြီး စိတ်ကို ပျော်ရွှင်အောင် နေသွားပါ။

Pisces (၁၉ ဖေဖော်၀ါရီ - ၂၀ မတ်)

သိပ်ကို လျင်မြန်တဲ့တိုးတက်မူမျိုး ဖြစ်လာမယ်။ သင်ဟာ အချိန်ကြာမြင့်စွာ အဖြေတစ်ခုကို စောင့်ဆိုင်းနေရတာမျိုးဆိုရင် မြန်မြန်ထက်ထက်ကို အဖြေထုတ်နိင်တော့မယ်။ မြန်မြန်နိဂုံးချုပ်နိုင်တော့မယ်။ ကိုယ်က အရင်တုန်းက အလိုက်သမားဖြစ်နေရင် အခုတော့ သင် လုပ်ခဲ့တာတွေအတွက် ရလဒ်ကောင်း ရလာတော့မယ်။ စိတ်သိပ်မြန်နေရင်တော့ လျှော့ပါ။ မကြာမီ သင် သိချင်တာ သိလာရမယ်။ တခါတရံ ရုတ်တရက် ပေါ်လာတတ်တဲ့ အတွေးမျိုးကို ဂရုတစိုက်ရှိပါလို့ အကြံပေးထားတယ်။ ထူးခြားတဲ့အိပ်မက်မျိုးမက်လာရင် အဓိပ္ပာယ်ဖော်ကြည့်ပါတဲ့။ အရေးကြီးတာတခုကတော့ သင့်မာနတွေ အတ္တတွေကို ဖယ်ထုတ်မှ သင့်အတွက် အလုပ်လုပ်ရတာ ပိုအဆင်ပြေလာတတ်ပါတယ်။ သင့်အနှောက်အယှက်တွေလည်း သူ့အလိုလို ဖယ်သွားလိမ့်မယ်။ သင့်အပေါ်ကို လှပတဲ့ နေ့ရက်တွေ ကျလာသလို သင့်ဘ၀အတွက် ကောင်းတာတွေ ကြုံရမယ်။ မမျှော်လင့်တဲ့ ချစ်ခြင်းမေတ္တာမျိုး ရလာတတ်ပြီး သင့်အတွက် စိတ်ပျော်ရွှင်လာရပါမယ်။ အိမ်ပြင်ထွက်ပြီး ခြံထဲမှာ သဘာ၀အလှအပတွေကို ခံစားလိုက်ပါလို့ အကြံပေးထားပါတယ်။
 

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar