Breaking News

က-ရော်ဟုန်း - ကိုယ်ပျောက် မဇ္ဈိမ

ကိုယ်ပျောက် မဇ္ဈိမ
က-ရော်ဟုန်း
(မိုးမခ) မေ ၁၉၊ ၂၀၂၂

မှန်ကူကွက်တွေရဲ့
ရိုက်လင်းတန်းနဲ့
ပြန်လင်းတန်းကြား
မျက်စိ ဣန္ဒြေပျက်ရပြီ။

နေရာတကာ
မစိုးမိုးတဲ့ မဇ္ဈိမကို
နေရာတကာ စိုးမိုးဖို့
တမ်းတနေမိ။

မင်းကလည်း မင်း
ငါကလည်း ငါမှာ
အတ္တက ပြင်းတယ်
ရေနည်းနည်း ရောပါ။

ကောင်းကင်ပြာကို မော့ကြည့်ရင်း
ပြိုင်တူ သောက်ကြရဖို့
စာချုပ်စာတမ်းလိုသေးလား။

မှန်ကူကွက်တွေကို
သက်ပြင်းချရင်း ထပ်အကြည့်
ရီရီဝေ၊ ရယ်ရယ်ဝေပြန်ပြီ။

၂၂၀၅၁၇
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar