Breaking News

နေလင်း - မဲလုံး(ဝတုတ်)

မဲလုံး(ဝတုတ်) 
နေလင်း 
(မိုးမခ) မေ ၂၁၊ ၂၀၂၂

ငရမာန်ကမ်းလို မျက်စီတဖက်လပ်
သူရဲဘောကြောင်တဲ့သူရဲကောင်း
နာမည်နဲ့တက်တက်စင်လွဲအောင်ပိန်တဲ့ကောင်
သူ့ယူနီဖောင်းကို အရောင်တောက်လှပြီထင်နေပုံပဲ
မျှော်လင့်ချက်တွေက တွေ့သမျှကိုလက်ညှိုးထိုးရန်လို
ဘုရားပွဲရောက်နေတဲ့ ကလေးဆိုးလေးဟန်နဲ့
နပ်မှန်တယ်မရှိတဲ့ဝမ်းရေးက ကြွေတလှည့်ကြက်တခုန်
အသက်ရဲ့အရွက်က အဝါရောင်းသန်းစပြုနေပေါ့
သူ့ပြက္ခဒိန်လေးမှာ ဆုတ်စရာလက်ကျန်သိပ်နည်းနေပြီ
အခုထိ ဘယ်ကိုသွားသွားလိုက်ချင်နေတုန်း
အခုထိ တွေ့သမျှအမျိုးတူတွေကိုရန်ရှာချင်တုန်း
သခင်အားကိုးနဲ့လုပ်ရတဲ့သူရဲကောင်းဘဝကို
သူဂုဏ်ယူလို့မဆုံး ဝင့်ဝင့်ကြွားကြွား မိုက်မဲနေတုန်း
ဪ....ခွေးဆိုတဲ့.....သတ္တဝါ...... မဲလုံး ။ ။ ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar