Breaking News

ကိုသက်အောင် - ဒီခေတ်ကြီးထဲ

ဒီခေတ်ကြီးထဲ
ကိုသက်အောင်
(မိုးမခ) မေ ၂၈၊ ၂၀၂၂ 

ဘယ်မှ မရောက်ပါဘူး 
ဒုက္ခ ရောက်ပါတယ်
ဒီခေတ်ကြီးထဲ 
ဘယ်သွားမလို့လဲ မောင်ရေခဲ။ 

အရှေ့ကို လျှောက်ပါလို့
အနောက်ကိုတဲ့ မျှော်လျှင် 
ဒီခေတ်ကြီးထဲ
ဘာမြင်ပါသလဲ မောင်ရေခဲ။ 

အဖိတ်ဖိတ်အစင်စင် နေ့တွေ
အမှောင်တဆုံး ညတွေ
မင်း ဘယ်မှာလဲ မောင်ရေခဲ။ 

တိုင်းပြည် သားလျှောလို့ 
အနာဂတ်အသေလေး မွေးလို့ 
လမ်းပျောက်နေသလား မောင်ရေခဲ။ 

ထိုင်ရာမှ အထ 
မူးမိုက်လဲကျသွားသော နိုင်ငံတော် 
ဆရာဝန် ခေါင်းခါယမ်းပြပြီလား။ 

ဆေးရုံလို ခေတ်ကြီးထဲ
မင့် သွေးအမျိုးအစား ဘာလဲ မောင်ရေခဲ။ 

၂၆၊ မေ၊ ၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar