Breaking News

နေသွင်နိုင်း - ခေးအော့စ်လူငယ်


ခေးအော့စ်လူငယ်
နေသွင်နိုင်း
(မိုးမခ) မေ ၃၀၊ ၂၀၂၂

မရေရာမှုက ရှောင်မရ
နေရေးသေရေးက ရှာမရ
ချူတွေ ဘယ်မှာလဲ

စားရမဲ့ သောက်ရမဲ့မှာ
ခုတ်လို့မပြတ် သတ်လို့မသေ
ရေဟာ 
စားလို့လည်းရ 
သောက်လို့လည်းရ
ပျော်ကြ
အော်ကြ
ချူတွေဘယ်မှာလဲ

လိပ်ပြာက ခတ်ခဲ့ပြီ
မုန်တိုင်းက စခဲ့ပြီ
ချူတွေ ဘယ်မှာလဲ

အဲ့ဒီနေ့မှာ 
ငါးအကြီးကြီးမျှားခဲ့တယ် 
ကြောင်ကို ချူဆွဲဖို့ စိတ်ကူးအကြီးကြီးဖမ်းမိတယ်
ချူတွေ ဘယ်မှာလဲ

လာပါပြီ
ကမ္ဘာကြီးကို ကယ်တင်မယ့်သူရဲကောင်း
ဦးထုပ်ကို နောက်ပြန်ဆောင်းလို့
တက်တူးအပြည့်သတ္တိ
ချူတွေ ဘယ်မှာလဲ

ဘုရားသခင်က ကြွေအံမကစားဘူးဟေ့
ဘုရားသခင်နဲ့ဖြစ်ဖြစ် သေမင်းနဲ့ ဖြစ်ဖြစ်
လူငယ်ဟာ ကြွေအံကစားဖို့ အသင့်ဖြစ်ခဲ့တယ်

အများကြီးလည်း ​ကြွေခဲ့တယ်
အကြာကြီးလည်း မေးခဲ့တယ်
ချူတွေဘယ်မှာလဲ ။ ။


2752022
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar