Breaking News

K မွှေး - ဆွေမျိုးများ

ဆွေမျိုးများ
K မွှေး
(မိုးမခ) မေ ၂၅၊ ၂၀၂၂
(၁)

တနေ့သောမနက်ခင်း၌ ခြံဝန်းတခု၏တံခါးဝတွင် အသက်သုံးဆယ်ဝန်းကျင်ခန့်အမျိုးသားတဦးသည် လက်ထဲ၌ ဘီစကစ်မုန့်ပုံးဟုထင်ရသည့်လေးထောင့်သံပုံးငယ်တစ်ပုံးကို ကြွပ်ကြွပ်အိတ်ဖြင့်ဆွဲကာ ခြံအတွင်းသို့လှမ်းကြည့်လိုက်လျက် လူခေါ်ခေါင်းလောင်းလေးအား ဆွဲလိုက်သည်။ ခဏကြာတော့ ခြံအတွင်းမှ အမျိုးသားတဦးထွက်လာသည်။
"ဘာကိစ္စရှိလို့ပါလဲ”
"တာဝန်ကပြန်လာလို့ အဘကိုလာကန်တော့တာပါ။ သီဟကျော်လို့ ပြောပေးပါခင်ဗျာ”
" အဘမရှိဘူး အလှူဆိုလားသွားတယ်ဗျ”
"အန်တီရှိလည်း ဖြစ်ပါတယ်”
"ခဏစောင့်ပါ”

ထိုလူက တိုက်အိမ်ကြီးအတွင်းသို့ ပြန်ဝင်သွားသည်။ ခဏကြာတော့ပြန်ထွက်လာသည်။ ထိုလူအထွက်တွင် ခမ်းနားထည်ဝါသောထိုတိုက်အိမ်ကြီး၏သံဘာဂျာတံခါးကိုတွန်းဖွင့်လျက် ခွေးကြီးတကောင်လည်း တိုးထွက်လာသည်။ အပြင်မှလူစိမ်းကိုမြင်ပြီး ထိုခွေးကြီးက ဟောင်လေသည်။ ခွေးကြီးက မာန်တဖီဖီနှင့်ကိုက်တော့မည့်ပုံပေါ်နေ၍ ဧည့်သည်အမျိုးသားခမျာ အပြင်မှာရပ်ရင်း ကြောက်နေသည်။
ခြံတွင်းမှလူက ခွေးကြီးကိုဟန့်လိုက်တော့မှ ခွေးကြီးမှာ ငြိမ်သွားသည်။ ပြီးနောက် ခြံတံခါးကိုသော့ဖွင့်ပေးရင်း ခွေးကြီးလည်ပင်းကိုလည်း ဖက်ထားလိုက်သည်။
"ဝင်ခဲ့ပါ အိမ်ထဲမှာအန်တီစောင့်နေပါတယ်”
ခြံအပြင်မှအမျိုးသားလည်းပြုံးပြရင်း ခမ်းနားထည်ဝါသောတိုက်ကြီးအတွင်းသို့ဝင်သွားလေသည်။

( ၂ )

- - - - - - - -
" ရှင်က အမှတ်တမဲ့ ဖြစ်သွားလို့ပေါ့”
"ဟုတ်တယ် နောက်မှာ သူရှိနေတာသတိမထားမိဘူး၊ အလယ်စားပွဲကိုကျော်ပြီး ရှေ့ထိုင်ခုံပေါ်က စာစောင်ကိုလှမ်းယူလိုက်တာ၊ နောက်ကနေ သူဟိန်းသံကြားတော့မှလှည့်ကြည့်မိတယ်၊ လန့်ပြီး လက်ထဲကစာစောင်တောင် လွတ်ကျသွားတယ်ကွာ..”
"သူ့အိမ်ကပစ္စည်းကို ကိုင်လို့ပေါ့လေ”
"အေးပေါ့ ”
"ဘယ်သူမှ မရှိဘူးလား,”
"မရှိဘူး၊ တော်သေးတာပေါ့ ကော်ဖီပန်းကန်နဲ့ပြန်ထွက်လာတဲ့ အန်တီက.သားလေးဘာဖြစ်နေတာလဲ အမျိုးတော်တယ်လေဆိုတော့မှ ငနဲကြီးက
ငြိမ်သွားပြီး အမြီးလေးတနှံ့နှံ့လုပ်နေတယ်”
"ဟင်...ဒါဆို ရှင့်အဘတွေက..”
"အေးပေါ့ကွာ သူတို့တင်လား...ငါပါ ပါတော့တာပေါ့
”ဟား..ဟား...ဟား...ဟား..”

K မွှေး
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar