K မိုး - အခုလို အဝေး
(မိုးမခ) မေ ၂၉၊ ၂၀၂၂
အပြောင်းအလဲတခုတော့ လိုအပ်နေပြီ
မှောင်မိုက်တဲ့သက္ကရာဇ်တွေက
စကားလုံးတွေပေါ်မှာ အိပ်မောကျလို့
မြင်ကွင်းကို မျက်ကွယ်ပြုရာ သဲပွင့်များလို
တလူးလူးတလိမ့်လိမ့်
မသိမှုဟာ ရဲရဲတင်းတင်းပေါ့
အနာဂတ်ရဲ့ သိုက်မြုံထဲမယ်
ကြယ်စင်လေးတွေ အတိတ်တလန့်
ဝတ်မှုန့်ပွင့်သစ်လေးတွေ အထိတ်အလန့်
အသက်တွေအောင့်ပြေးနေရတဲ့လမ်းမှာ
မျက်နှာတွေ သမင်လည်ပြန်
မင်းတို့ဖတ်နေတဲ့ သတင်းထူးသတင်းဦးဆိုတာ
တဖျတ်ဖျတ် လူးနေတဲ့ငါတို့ဘဝတွေ
ငင်နေတဲ့ ငါတို့အသက်တွေ
မေ့လျော့ခံနေရတော့မှာလား
အခုလို မိုးပြိုချိန်တော့
တဘဝလုံး ပပ်ကြားအက်နေတဲ့
ဒဏ်ရာရ ငှက်ကလေးတစ်ကောင်လို
ကိုယ်ဘဝကိုယ့် အမျောမခံနဲ့ကြံ့ကြံ့ခံ
လက်ဖြောင့်သေနတ်သမားရဲ့ ကျဉ်ဆန်လို
ဆုံးဖြတ်ချက်တွေ
ဖြောင့်မတ်မှန်ကန်ပါစေ။
K မိုး
၂၇၊ ၀၅၊ ၂၀၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar