Breaking News

၂၀၂၂ မေလ ၁၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ (Radio NUG)

 

၀၂၂ မေလ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့အိမ်နဲ့ခြံရောင်းချမှု   ရက်အတွင်း အမေရိကန်ဒေါ်လာ  သန်းဖိုးရောင်းချရ

📌ဆေးတက္ကသိုလ်တွေကို စာမေးပွဲစစ်ကာ ကျောင်းသား၊ ကျောင်းသူများကို တရားဝင်အစိုးရအနေနဲ့ ဘွဲ့ပေးဖို့ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော

📌စစ်ကောင်စီအနေနဲ့ ဒီအချိန်မှာ လက်နက်ချဖို့ကောင်းပြီလို့ဆို

📌မြို့ပြပြောက်ကျားတွေအတွက် ဆွဲကြိုးလက်မှတ်ရောင်းချတဲ့ ကမ်ပိန်းကနေ ကျပ်သိန်း ၃၀၀ ကျော် ရရှိတယ်လို့ ဒုဝန်ကြီး အိသဉ္ဇာမောင်ဆို

📌မြိုင်မြို့နယ် မြောက်ပိုင်း မန်ကျည်းလေးပင်ရွာတွင် စကစတပ်များ ဝင်ရောက်မွှေနှောက်သောင်းကျန်း

📌ကျောက်ဆည်ပညာရေးသပိတ်တွင် ဦးဆောင်ပါဝင်ခဲ့သည့် CDM ကျောင်းဆရာကို ရှာမတွေ့သောကြောင့် ၎င်း၏ လေးနှစ်ခွဲအရွယ် သမီးဖြစ်သူ မရှကီအား ဓါးစာခံအဖြစ် အကြမ်းဖက်စစ်အုပ်စုမှဖမ်းဆီး ခေါ်ဆောင်သွား

📌ထီးချိုင့်ဘက်မှတက်လာသော ယာဥ်တန်းကိုKIAနဲ့  Tiger Army မှပူးပေါင်းပြီး  နဘားနှင့်ပင်ဝယ်ကျေးရွာကြားတွင် မိုင်းပဒေသာဆွဲ ရာစကစတပ်များ ထိခိုက် ကျဆုံးရှိခဲ့

📌စားအုန်းဆီကန်တွေမှာ ဆီလက်ကျန် ပမဏကို ခွင့်ပြုချက်မရဘဲ ထုတ်မပေးဖို့ ဆီလုပ်ငန်းရှင်များ အသင်းစာထုတ်ညွှန်ကြား

📌စစ်ကိုင်းတိုင်းမှာ ပျူစောထီးတွေပိုအားကောင်းလာပြီး ဒေသတွင်းပြည်သူတွေကို အကြမ်းဖက်အနိုင်ကျင့်တာတွေပိုလုပ်လာတယ်လို့ မင်းကင်းဒေသခံတစ်ယောက်ကပြောဆိုတဲ့သတင်း

📌မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ချင်းတွင်းမြစ်ရိုးတစ်လျှောက် စစ်ကောင်စီရိက္ခာထောက်ပို့လမ်းကြောင်းတွေကို ဒေသတွင်း PDF တွေက ဖြတ်တောက်သိမ်းဆည်းနေတယ်လို့ မတ္တရာဒေသခံ PDF ခေါင်းဆောင်တစ်ယောက်ကပြောပါတယ်။


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့အိမ်နဲ့ခြံရောင်းချမှု   ရက်အတွင်း အမေရိကန်ဒေါ်လာ  သန်းဖိုးရောင်းချရ


အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့အိမ်နဲ့ခြံရောင်းချမှု  ရက်အတွင်း အမေရိကန်ဒေါ်လာ  သန်းဖိုး ရောင်းချရတယ်လို့ မေလ ၁၀ ရက်နေ့ ညပိုင်းမှာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။


၁၄/အင်းလျားမစ်ရှင်  ပုံ  ပုံ ခန့် အောင်မြင်ခဲ့ပါပြီ။ စတင်ရောင်းချပြီး ငါးရက်ပြည့်မြောက်ချိန်မှာ ပြည်တွင်း/ပြည်ပကနေ တခဲနက် ဝယ်ယူအားပေးကြတာ အမေရိကန်ဒေါ်လာ  သန်း ပြည့်မီသွားပြီ ဖြစ်ပါတယ်။

ယနေ့အချိန်အထိ စုစုပေါင်းရှယ်ယာဝယ်ယူမှု အကြိမ်ရေငါးထောင်ကျော်ရှိသည့်အနက် ၁၀ကျော်က နိုင်ငံခြားသားများဝယ်ယူကြတာ ဖြစ်ပါတယ်။ အဲဒီထဲမှာအကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံသား အဖြစ်ကို စွန့်လွှတ်ပြီး နိုင်ငံခြားသားခံယူလိုက်သူတွေ ပါသလို၊ မြန်မာပြည်ဖွား မဟုတ်တဲ့ နိုင်ငံခြားသားတွေလည်း ပါဝင်နေပါတယ်လို့ဝန်ကြီးကပြောဆိုထားပါတယ်။


========================


📌📌ဆေးတက္ကသိုလ်တွေကို စာမေးပွဲစစ်ကာ ကျောင်းသား၊ ကျောင်းသူများကို တရားဝင်အစိုးရအနေနဲ့ ဘွဲ့ပေးဖို့ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော


ဆေးတက္ကသိုလ်တွေကို စာမေးပွဲစစ်ကာ ကျောင်းသား၊ကျောင်းသူများကို တရားဝင်အစိုးရအနေနဲ့ ဘွဲ့ပေးဖို့ရှိတယ်လို့ မေလအတွင်း သီးသန့်မေးမြန်းခြင်းအစီအစဥ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးနဲ့ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။


"အခုလည်းပဲတောင်းဆိုချက် များအရ ​​ဆေးတက္ကသိုလ်ရဲ့ ကြားကာလကို တက္ကသိုလ်ကောင်စီနဲ့တိုင်ပင်ပြီးတော့ ဖောင်ဒေးရှင်းရီးယားပေါ့။သူ့ကို လာမဲ့နှစ်ပတ် သုံးပတ်အတွင်း ဖွင့်ဖို့စီစဥ်နေတယ်။တစ်ပြိုင်နက်တည်းမှာပဲ စာမေးပွဲတွေ စစ်ဖို့လုပ်တာမှာ ဆေးတက္ကသိုလ်တွေအနေနဲ့ ဖက်ဒရယ် ကျန်းမာရေးကောင်စီ ကစစ်ဖို့ စီစဥ်နေတယ်။ဘွဲ့ရမှာဖြစ်တယ်။ အင်ပီးရီးယားကောလိပ်ရဲ့အကူအညီကိုရယူပြီး စာမေးပွဲစစ်မှာဖြစ်တယ်။ နိုင်ငံတကာမှာရှိတဲ့ ဆရာဝန်များနဲ့ပေါင်းပြီးတော့ စာမေးပွဲကို တရားဝင်အစိုးရက စစ်မယ်။ တရားဝင် လိုင်စင်ရမှာဖြစ်တယ်"လို့ဆိုပါတယ်။


========================


📌📌စစ်ကောင်စီအနေနဲ့ ဒီအချိန်မှာ လက်နက်ချဖို့ကောင်းပြီလို့ဆို


စစ်ကောင်စီအနေနဲ့ ဒီအချိန်မှာ လက်နက်ချဖို့ကောင်းပြီလို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။


"တကယ်တမ်းကြတော့ မင်းအောင်လှိုင် သူတို့တတွေ အခု စစ်အုပ်စုရဲ့ စကစရဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့်၊လုပ်ရပ်အမှားတွေကြောင့် ဒီဘက်ကပြည်သူတွေတင်မကဘူး။သူတို့ဘက်က စကစနဲ့ဘက်တူတဲ့လူတွေရဲ့ဘဝတွေရော သူတို့ရဲ့ပိုင်ဆိုင်မှုတွေရော ပျက်စီးဆုံးရှုံးမဲ့ အချိန်ရောက်နေပြီ။သူတို့အဲဒါတွေကို သေချာစဥ်းစားပြီး ဒီအချိန်မှာ လက်နက်ချဖို့ကောင်းပြီလို့မြင်တယ်။မကြာတော့ဘူး။ ပွဲကပြီးတော့မယ်။ပြည်သူတွေလည်း သေချာပေါက်တွေ့မြင်ရမှာပါ"လို့ ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဇွန်လ  ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်နေ့အထိ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စစ်ကောင်စီတပ်သား ၁၃၀၆၂ ဦးသေဆုံးကာ ၄၂၈၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌မြို့ပြပြောက်ကျားတွေအတွက် ဆွဲကြိုးလက်မှတ်ရောင်းချတဲ့ ကမ်ပိန်းကနေ ကျပ်သိန်း ၃၀၀ ကျော် ရရှိတယ်လို့ ဒုဝန်ကြီး အိသဉ္ဇာမောင်ဆို


မြို့ပြပြောက်ကျားတွေအတွက် ဆွဲကြိုးလက်မှတ်ရောင်းချတဲ့ ကမ်ပိန်းကနေ ကျပ်သိန်း၃၀၀ ကျော်ရရှိတယ်လို့ မေလ၁၁ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ဒုဝန်ကြီး အိသဉ္ဇာမောင် ကလူမှုကွန်ရက်မှာအသိပေးပြောကြားခဲ့ပါတယ်။


"(UG) အဖွဲ့တွေကိုထောက်ပံ့ပေးဖို့အတွက် ကျမရဲ့ဆွဲကြိုးလက်မှတ်ရောင်းချတဲ့ ကမ်ပိန်းလေး ပြီးသွားပါပြီရှင်။ကံစမ်းမဲလတ်မှတ် တစ်စောင် ကို မြန်မာငွေ နှစ်သောင်း နဲ့ရောင်းချပေးခဲ့ခြင်းဖြစ်ပါတယ်။သိန်း (၁၀၀မှန်းထားပေမဲ့ အားလုံးပေါင်း သိန်း (၃၀၀ကျော် ရခဲ့ပါတယ်ရှင်။ ကူညီအားဖြည့်ကြတဲ့ ပြည်တွင်းပြည်ပ က တဦး၊ တယောက်ချင်းစီတိုင်း ကို ကျေးဇူးတင်ပါတယ်"လို့ဆိုထားပါတယ်။


၄င်း ကံစမ်းမဲလတ်မှတ်ရောင်းရငွေများကို ရန်ကုန် မြို့စစ်ဆင်ရေးအသစ်တခု အတွက် သိန်း (၁၀၀ကုန်ကျစရိတ်ရှိမည်ဖြစ်၍ ပေးပို့ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။


========================


📌📌မြိုင်မြို့နယ် မြောက်ပိုင်း မန်ကျည်းလေးပင်ရွာတွင် စကစတပ်များ ဝင်ရောက်မွှေနှောက်သောင်းကျန်း


မြိုင်မြို့နယ် မြောက်ပိုင်း မန်ကျည်းလေးပင်ရွာတွင် ယနေ့ မေလ ၁၁ ရက်နေ့ မနက်  နာရီခွဲ ခန့်မှာ စစ်တပ်နှင့်ပျူစောထီး ခန့်မှန်းအင်အားငါးဆယ်ခန့် ရောက်ရှိလာပြီး ရွာထဲရှိ ဈေးဆိုင်များမှ ပစ္စည်းတချို့ကို ယူဆောင် ဖျက်ဆီးပြီး ရွာထဲက ဓမ္မာရုံမှာ တပ်စွဲထားတယ်လို့ ဒေသခံတို့ကဆိုပါတယ်။ လက်ရှိတွင် ရွာသားသုံးဦးကို လည်းလူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း သတင်းရရှိပါတယ်။


========================


📌📌ကျောက်ဆည်ပညာရေးသပိတ်တွင် ဦးဆောင်ပါဝင်ခဲ့သည့် CDM ကျောင်းဆရာကို ရှာမတွေ့သောကြောင့် ၎င်း၏ လေးနှစ်ခွဲအရွယ် သမီးဖြစ်သူ မရှကီအား ဓါးစာခံအဖြစ် အကြမ်းဖက်စစ်အုပ်စုမှဖမ်းဆီး ခေါ်ဆောင်သွား

 

ကျောက်ဆည်ပညာရေးသပိတ်တွင် ဦးဆောင်ပါဝင်ခဲ့သည့် CDM ကျောင်းဆရာကို ရှာမတွေ့သောကြောင့် ၎င်း၏ လေးနှစ်ခွဲအရွယ် သမီးဖြစ်သူ မရှကီအား ဓါးစာခံအဖြစ် အကြမ်းဖက်စစ်အုပ်စုမှ မေလ  ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ကြောင်း မေလ၁၀ရက်နေ့တွင် ဤဖြစ်စဥ်အား နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကဆိုပါတယ်။


 ဧပြီလ ၃၀ ရက်နေ့တွင်လည်း အဆိုပါကျောင်းဆရာ၏ ဇနီးဖြစ်သူကို လည်းကောင်း၊ မေလ  ရက်နေ့တွင် ၎င်း၏ မိဘ နှစ်ဦး၊ အစ်ကို နှစ်ဦး၊ ညီမ တစ်ဦး၊ ယောက်က္ခမ တစ်ဦးနှင့် ခယ်မ တစ်ဦးကို လည်းကောင်း ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။


========================


📌📌ထီးချိုင့်ဘက်မှတက်လာသော ယာဥ်တန်းကိုKIAနဲ့  Tiger Army မှပူးပေါင်းပြီး  နဘားနှင့်ပင်ဝယ်ကျေးရွာကြားတွင် မိုင်းပဒေသာဆွဲ ရာစကစတပ်များ ထိခိုက် ကျဆုံးရှိခဲ့


မေလ ၁၀ ရက် မနက်  နာရီ ၃၀ အချိန်တွင်စစ်ကိုင်းတိုင်း ထီးချိုင့်ဘက်မှတက်လာသည့် ယာဥ်တန်းကို KIA နဲ့ Tiger Army မှပူးပေါင်းပြီး  နဘားနှင့် ပင်ဝယ်ကျေးရွာကြားတွင် မိုင်းပဒေသာဆွဲခဲ့ဟု Tiger Armyမှဆိုပါတယ်။


စကစတပ်များဘက်က အထိအခိုက်အကျဆုံးရှိခဲ့ပါတယ်။ ခရီးသွားပြည်သူများအနေဖြင့်စစ်ယာဥ်တန်းများကို ကျော်တက်ခြင်း ကပ်လိုက်ခြင်းများမပြုလုပ်ရန် TigerArmy ကထုတ်ပြန်ကြေညာပါတယ်။


========================


📌📌စားအုန်းဆီကန်တွေမှာ ဆီလက်ကျန် ပမဏကို ခွင့်ပြုချက်မရဘဲ ထုတ်မပေးဖို့ ဆီလုပ်ငန်းရှင်များ အသင်းစာထုတ်ညွှန်ကြား


မေလ  ရက်နေ့ရက်စွဲနဲ့ လက်ရှိဆီကန်တွေမှာ ဆီလက်ကျန် ပမဏ ၁၈၀၉၇.၁၆ တန် အတိုင်းကိုခွင့်ပြုချက်မရဘဲ ထုတ်မပေးဖို့ ဆီလုပ်ငန်းရှင်များ အသင်းစာထုတ်ညွှန်ကြားလိုက်ပါတယ်။ ဒီအခြေအနေဟာ စကစက ထိန်းချုပ်ခိုင်းလိုက်တာဖြစ်ပြီးတော့ ဆီပြတ်လပ်မှုတွေဖြစ်လာနိုင်တယ်လို့လည်း လုပ်ငန်းရှင်အချို့ကသုံးသပ်ပါတယ်။


စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းပြည်ပတင်ပို့တင်သွင်း ကုန်သွယ်မှုလုပ်ငန်းတွေကို စစ်တပ်က ဝင်ရောက်ထိန်းချုပ်ကာစားအုန်းဆီ ကို တစ်လကို တန် ငါးထောင်သာ တင်သွင်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။ စားအုန်းဆီ တစ်ပိဿာ ကို ပြီးခဲ့တဲ့ ဧပြီလက တစ်သောင်းကျပ်ထိ ဈေးတက်ခဲ့ပြီး လက်ရှိမှာတော့ တစ်ပိဿာခြောက်ထောင်နှစ်ဆယ့်ငါးကျပ်ဖြင့်ရောင်းချရန် ဆီအသင်းကသတ်မှတ်ထားသော်လည်းပြင်ပတွင်ကျပ်ခုနှစ်ထောင်ဈေးဖြစ်နေပါတယ်။


========================


📌📌စစ်ကိုင်းတိုင်းမှာ ပျူစောထီးတွေပိုအားကောင်းလာပြီး ဒေသတွင်းပြည်သူတွေကို အကြမ်းဖက်အနိုင်ကျင့်တာတွေပိုလုပ်လာတယ်လို့ မင်းကင်းဒေသခံတစ်ယောက်ကပြောဆိုတဲ့သတင်း


စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ပျူစောထီးတွေက နယ်မြေကင်းလှည့်တာ၊ အကြမ်းဖက်လုပ်ရပ်တွေလုပ်တဲ့နေရာတွေမှာ ရှေ့တန်းကို ရောက်လာတယ်လို့ မင်းကင်းဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲမှာ တပ်သားအင်အားလျော့နည်းလာတဲ့အတွက် ပျူစောထီးတွေကို ကြားခံအသုံးပြုပြီး ပြည်သူချင်းရန်တိုက်ပေးနေတယ်လို့ မင်းကင်းဒေသခံတစ်ဦးက အခုလိုပြောဆိုထားပါတယ်။


(မင်းကင်းဒေသခံတစ်ဦး)


စစ်ကိုင်းတိုင်းမြို့နယ်တိုင်းမှာလိုလို စစ်ကောင်စီထောက်တိုင် ပျူစောထီးအမာခံရွာတွေရှိနေပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်တွေက မလွှဲသာတဲ့အခြေအနေကြောင့် ရှင်းလင်းရေးတွေစလုပ်နေပြီလို့ ကနီဒေသခံ DRPA တပ်ဖွဲ့ကပြောပါတယ်။


(ကနီ DRPA ပြန်ကြားရေးတာဝန်ခံ)


ကနီဒေသတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေက မေလ ၁၀ရက်နေ့မနက်ပိုင်းမှာ ပျူစောထီးကျေးရွာ ရွာလယ်ကျွန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သားနဲ့ပျူစောထီး အယောက် ၂၀ ဝန်းကျင်သေဆုံးခဲ့ပြီး သုံ့ပန်း ၁၀ယောက်ထက်မနည်း ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းမိထားတဲ့သူတွေကို နိုင်ငံတကာစစ်စည်းကမ်းတွေနဲ့အညီ ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားတယ်လို့ ဒေသတွင်းမဟာမိတ်အဖွဲ့တွေကပြောပါတယ်။


========================


📌📌မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ချင်းတွင်းမြစ်ရိုးတစ်လျှောက် စစ်ကောင်စီရိက္ခာထောက်ပို့လမ်းကြောင်းတွေကို ဒေသတွင်း PDF တွေက ဖြတ်တောက်သိမ်းဆည်းနေတယ်လို့ မတ္တရာဒေသခံ PDF ခေါင်းဆောင်တစ်ယောက်ကပြောပါတယ်။


ဒေသတွင်း PDF တွေက အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့သလို စစ်ကိုင်းနယ်စပ်၊ မန္တလေးတိုင်းအပိုင်ထဲက မတ္တရာမြို့နယ်မှာလည်း ဒေသတွင်း PDF တွေက ကြားဖြတ်တိုက်ခိုက်သိမ်းဆည်းတာတွေပြုလုပ်နေပါတယ်။ဒီအကြောင်းကိုတော့နဂါးညီနောင်အဖွဲ့ကအခုလိုပြောဆိုထားပါတယ်။


(နဂါးညီနောင်အဖွဲ့)


မိုးတွင်းဝင်လာပြီဖြစ်တဲ့အတွက် စစ်ကိုင်းတိုင်းထဲက သိန်းနဲ့ချီတဲ့စစ်ဘေးရှောင်ပြည်သူတွေဟာ အမိုးအကာ၊ ရိက္ခာနဲ့ဆေးဝါးတွေ အရေးတကြီးလိုအပ်နေပါတယ်။ ပုလဲမြို့နယ်ထဲကပြည်သူတွေ မိုးတွင်းမှာနေစရာရဖို့ ငွေကျပ် ၅သောင်းတန် မေတ္တာတဲအိမ် ၁၀၄လုံးကို အလှူရှင်တွေရဲ့ပံ့ပိုးမှုနဲ့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နဲ့မဟာမိတ်တွေက ဆောက်လုပ်လှူဒါန်းထားတယ်လို့ဆိုပါတယ်။ 


(ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့)


စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်တို့ပါဝင်တဲ့ အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်ကောင်စီက အကြမ်းဖက်မီးရှို့တာတွေဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်နဲ့စီးပွားတွေပျက်စီးဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar