ခိုင်မျိုး - ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) ဇွန် ၁၊ ၂၀၂၂
ကျည်ကာအကျ်ီအသစ်ဟာ
လူ့ယဥ်ကျေးမှုအမှတ်တံဆိပ်လား
လေးနဲ့မြှားတွေက
ဘယ်တော့မှ
ဆေးနဲ့ဝါးဖြစ်မလာနိူင်တဲ့
ကမ္ဘာပဲ
တဦးအသက်ပေါ်တဦးနင်းကြ
တဦးယုံကြည်မှုကိုတဦးသတ်ဖြတ်ကြ
အသက်ပေးမှုနဲ့အသက်မွေးမှုမိတ်လိုက်ကြ
ဉာဏ်ပညာအရောင်တဖိတ်ဖိတ်မှာ
စစ်ဟီသံတွေတသိမ့်သိမ့်ပေါ့
အိပ်၊ စား၊ ကာမနဲ့အတူ
စစ်ဟာနေရာရခဲ့ပါတယ်
ရွာထဲမှာ ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar