က-ရော်ဟုန်း - ချောင်ပိတ်ကြောင်ရဲ့လက်သည်း
ချောင်ပိတ်ကြောင်ရဲ့လက်သည်း
က-ရော်ဟုန်း
(မိုးမခ) ဇွန် ၉၊ ၂၀၂၂
နှလုံးသားတွေ
မီးရှို့ခံနေရတော့
မျက်ရည်ပက်ပြီး
ငြှိမ်းသတ်နေရတယ်။
တက်ခေါက်သံကို
မောင်းတင်ပြီး
သွေးနီကို အခဲလုပ်
ပြန်ပစ်ရတာပေါ့။
ဒဏ်ရာရခဲ့ရင်
ပြာပူသိပ်ပြီး
အသက်ဆက်တယ်။
စုတ်ပြတ်နေတဲ့
ဘဝတွေမှာ
အလံဖြူ မရှိဘူး။
တန်ပြန်မှုတိုင်းမှာ
ဘက်ခ်ဂီယာ မသုံးဘူး။
ချောင်ပိတ်ခံ
ကြောင်လက်သည်းဟာ
အဆိပ်ပိုပြင်းတာ သိထား။
၂၀၂၂၀၆၀၆
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar