Breaking News

ရုဒ - နိုင်ငံတော်အပျက်

နိုင်ငံတော်အပျက်
ရုဒ
(မိုးမခ) ဇွန် ၂၁၊ ၂၀၂၂

တနေ့တနေ့
မြို့တော်ကြီးထဲမှာ.....
မနက်လင်းလာတာနဲ့ကျေးငှက်တွန်ကျူးသံမကြားရ
သံတိုသံစတွေဝယ်တယ် စက်ဘီးဟောင်းတွေဝယ်တယ်
ဘက်ထရီအိုးပျက်တွေဝယ်တယ်
တီဗွီအပျက်တွေဝယ်တယ်
မိန်းမပျက်တွေဝယ်တယ်
စက်ပစ္စည်းအဟောင်းတွေဝယ်တယ်

ကျနော်တို့ ဆီမှာရောင်းဖို့ရာ ချိုနဲ့သားရေသာကျန်တော့ရဲ့

ကျနော်တို့အားလုံးမျှော်နေခဲ့ကြတယ်
နိုင်ငံတော်အပျက်ကိုဝယ်သူလာမယ့်နေ့တွေကို.....။

20,6,2022.
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar