Breaking News

အောင်သူငြိမ်း - ထိုင်းနိုင်ငံရေးနဲ့ မျက်နှာသစ် “မစ္စပင်တုန်တန်”

အောင်သူငြိမ်း - ထိုင်းနိုင်ငံရေးနဲ့ မျက်နှာသစ် “မစ္စပင်တုန်တန်” (Paetongtam)
(မိုးမခ) ဇွန် ၂၈၊ ၂၀၂၂

ထိုင်းနိုင်ငံ ရွေးကောက်ပွဲသစ်က နီးလာပါပြီ။ ရွေးကောက်ပွဲမတိုင်ခင် ခြေပုန်းခုတ်ကြတာ၊ အင်အားစုကြတာတွေလည်း ဖြစ်နေပါပြီ။ အခုလက်ရှိ ဝန်ကြီး ချုပ် အပါအဝင် အစိုးရဝန်ကြီး ၁၀ ဦးလောက်ကို အယုံအကြည်မရှိအဆို တင်သွင်းဖို့ အတိုက်အခံတွေဖက်က ပြင်ဆင်နေကြပါတယ်။ ရှေ့လ ဇူလိုင် ၁၈-၂၂ မှာ ဆွေးနွေးကြပါလိမ့်မယ်။ အချို့သုံးသပ်သူတွေကတော့ အတိုက်အခံတွေဖက်က မဲက ဒီလောက်မများသေးဘူး။ သို့သော် လည်း ဒီအဆိုကို အကြောင်းပြပြီး အစိုးရကို လက်လိမ်ညှစ်ထား၊ အခွင့်အရေးတောင်းကြဖို့ဆိုတာမျိုး ရေးတာတွေလည်း ရှိပါတယ်။ 

မကြာသေးမီကတော့ ထိုင်းနိုင်ငံ NIDA တက္ကသိုလ်က စစ်တမ်းတခု ကောက်ခဲ့ပါတယ်။ ဇွန် ၂၀-၂၃ အတွင်းမှာ အသက် ၁၈ နှစ်အထက် လုပ်ငန်းကဏ္ဍအသီးသီးက လူပေါင်း ၂,၅၀၀ ကျော်ကို မေးမြန်းခဲ့ပါတယ်။ စိတ်ဝင်စားစရာက ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝတ်ရဲ့ သမီးအငယ်ဆုံး အတိုက်အခံပါတီမှာ ခေါင်းဆောင်ဖြစ်ဖို့ နာမည်ပြေးနေသူ ပင်တုန်တန် ရှီနာဝတ် (Paetongtam "Ung Ing" Shinawatra) ကို ဝန်ကြီးချုပ်လောင်းအဖြစ် လူကြိုက်အများဆုံး အဖြစ်ဖော်ပြကြပါတယ်။ 

နိုင်ငံရေးပါတီတွေအနေနဲ့ကတော့ လူ ၁၈.၆၈% က ဆန္ဒမဖော်ပြကြပေမယ့် ကျန်သူတွေကတော့ သူတို့လိုလားတဲ့ပါတီကို ဖော်ပြခဲ့ကြပါတယ်။ 

36.36% - the Pheu Thai Party (လက်ရှိ အတိုက်အခံ ဖွေ့ထိုင်းပါတီ)
17.88% - the Move Forward Party (ယခင် လူငယ်တွေဦးဆောင်တဲ့ Future forward ပါတီကို ဖျက်သိမ်းခံရလို့ အသစ်ပြန်ဖွဲ့ထားတဲ့ပါတီ)
7.00% - the Palang Pracharath Party (အာဏာရပါတီ)
6.32% - the Democrat Party
3.04% - the Seri Ruam Thai Party
2.96% - the Thai Sang Thai Party
2.68% - the Kla Party
2.56% - the Bhumjaithai Party
2.52% - ပါတီငယ်များ အစုအဝေး Sang Anakot Thai, Thai Pakdi, Chartthaipattana, Chart Pattana; Prachachart; New Economy; Ruam Thai Sang Chart; Thai Civilised and the Khru Thai Pheu Prachachon parties. 
လူအလိုက် အကြိုက် ဖြစ်စေချင်တဲ့ ဝန်ကြီးချုပ်လောင်းတွေကို ဖော်ပြရာမှာတော့ - (၁၆.၈၆ % က ဆန္ဒမပေးကြပါဘူး)။ 

25.28% မစ္စ ပင်တုန်တန် (Ms Paetongtarn)။ သူက အရင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ အငယ်ဆုံးသမီး။ လက်ရှိ အတိုက်အခံ ဖွေ့ထိုင်းပါတီမှာ Inclusion and Innovation Adviser Committees အကြံပေး ကော်မီတီ အကြီးအကဲ၊ ဒါပေမယ့် ပါတီခေါင်းဆောင်ဖြစ်လာမယ်လို့ နာမည်ပြေးနေသူ။ မျိုးဆက်သစ်ဖြစ်တယ်။ ဖွေ့ထိုင်းမူဝါဒတွေကို ကြိုက်တယ်။ သက်ဆင် ရှီနာဝတ် မိသားစုက ဖြစ်လို့ ရွေးချင်တယ်လို့ ဆိုကြတယ်။ 

13.24% ပီတာ လမ်ဂျရွန်ရတ် (Pita Limjaroenrat)၊ Move Forward Party ခေါင်းဆောင်။ ပါတီမူဝါဒကို ကြိုက်တယ်။ မျိုးဆက်သစ် ဖြစ်စေချင်တယ်။ 

11.68% ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ (Gen. Prayut Chan-o-cha)၊ လက်ရှိဝန်ကြီးချုပ်၊ ရိုးတယ်။ စကားဖြောင့်ဖြောင့် ပြောတယ်။ လက်ရှိမူဝါဒတွေက ထိရောက်ကြောင်း သက်သေပြနိုင်ခဲ့တယ်။ 

6.80% ခွန်ယင် ဆူဒါရတ် (Khunying Sudarat Keyuraphan)၊ Thai Sang Thai ခေါင်းဆောင် အမျိုးသမီး၊ ရိုးတယ်။ အုပ်ချုပ်ရေး အတွေ့အကြုံရှိတယ်။ ခေါင်းဆောင်ထဲ အမျိုးသမီးတွေ ပါသင့်တယ်။
 
6.60% ရဲဗိုလ်ချုပ်ဟောင်း ဆီရီပီဆွတ် (Pol-Gen. Sereepisuth Temeeyaves) Seri Ruam Thai ပါတီခေါင်းဆောင်၊ ရိုးဖြောင့်တယ်။ 
4.20% ချဒ်ချတ် (Chadchart Sittipunt) လက်ရှိ ဘန်ကောက်မြို့တော်ဝန်အဖြစ် မကြာသေးမီကမှ ရွေးချယ်တင်မြှောက်ခံ ထားရသူ။ စွမ်းဆောင်နိုင်မယ်။ ဆုံးဖြတ်ချက် ခိုင်မာတယ်။ 

3. 76% ခွန် ချာတီကာဝါနစ် (Korn Chatikavanij) Kla Party ခေါင်းဆောင်။ စီးပွားရေးနဲ့ ငွေကြေးကိစ္စတွေ ကျွမ်းကျင် နှံ့စပ်တယ်။ 
2.92% ဒေါက်တာ ချိုလ်နန် (Dr Cholnan Srikaew) အတိုက်အခံ ဖွေ့ထိုင်းပါတီ Pheu Thai Party ခေါင်းဆောင်။ ရိုးတယ်။ ယုံကြည်အားထားနိုင်တယ်။ 

1.68% ဆုမ်ကစ် ဂျာတုဆရီပီတက် (Somkid Jatusripitak) အရင် ဒုဝန်ကြီးချုပ်ဟောင်း၊ စီးပွားရေးကျွမ်းကျင်သူ
1.56% ဂျူရင် လက်ဆန်နာဝီဆစ် (Jurin Laksanawisit) ဒီမိုကရက်ပါတီ Democrat Party ခေါင်းဆောင်။ အရင်အောင်မြင်မှုတွေရအောင် လုပ်ခဲ့တယ်ဆိုတယ်။ 

1.52% အနုတင် (Anutin Charnvirakul)။ Bhumjaithai Party ပါတီခေါင်းဆောင်။ အောင်မြင်မှု အချို့ရအောင် လုပ်နိုင်ခဲ့တယ်ဆိုတယ်။ 
2.08% ကျန်လူတွေ အစုအဝေး Mingkwan Saengsuwan, Abhisit Vejjajiva (Democrat Party), Kanchana Silpa-archa
(Chartthaipattana Party), Warong Dechgitvigrom (Thai Pakdi Party); Wan Muhamad Nor Natha (Prachachart Party); Gen Prawit Wongsuwon (Palang Pracharath Party); Tewan Liptapallop (Chart Pattana Party); Apichart Samsiripong (Palang Pracharath Party); Chuan Leekpai (Democrat Party); Mongkolkit Suksintaranon (Thai Civilised Party); Wiroj Lakkhanaadisom (Move Forward Party) and Chothip Songwattana (a businesswoman).

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar