Breaking News

ဖေကြီး (လေရှီး) - အဘဘောမ တမလ မဟ

Cartoon- Crd
အဘဘောမ တမလ မဟ
ဖေကြီး (လေရှီး)
(မိုးမခ) ဇွန် ၂၃၊ ၂၀၂၂


အဘစောမူးသာတို့အိမ်ကိုရောက်သွားတော့ တခုခုထူးခြားနေသလိုလိုပဲ။ ဟုတ်တာပေါ့။

PSI စလောင်းကလာတဲ့ DVB တို့ မဇ္ဈိမတို့လို ချန်နယ်တွေကိုကြည့်နေကျလူတွေက 'မြဝတီ' ချန်နယ်ကြီးကိုကြည့်နေကြတာကိုးဗျ။ အဘလုံးတုံးနဲ့ နှစ်ယောက်ထိုင်လို့ခင်ဗျ။

" ဘယ်လိုတုန်း အဘစောမူးသာနဲ့ အဘလုံးတုံးရဲ့၊ ' မုသာဝါဒါ သတင်းတွေ ' ဆို၊ ခုတော့လဲထိုင်ပြီး အားပေးတော်မူနေကြပါရောလား . . . . . . "

" ဟားဟား ဟားဟား ဟားဟား . . လေ့လာရေးလုပ်ပြီး ကြည့်နေတာ ဖေကြီးရ "

TV မှာလာနေတာကတော့ အင်တာဗျူးအစီအစဉ် ခင်ဗျ။ 'မိုးဟိန်း' ကို မေးမြန်းနေတာဗျ။
" 'မိုးဟိန်း' ရဲ့အသံက ဘဝင်လေဟပ် ဘယ်သူ့မှလူမထင် စိတ်ကြီးဝင်ပြီး အလွန်တရာကို မောက်မောက်မာမာနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ယုတ်ညံ့တဲ့အသံဖြစ်ပြီး ရုပ်အခံနဲ့အမူအရာကလဲ ပြေးပြေးရိုက်ချင်စရာ စရိုက်လက္ခဏာအပြည့်ကွ " တဲ့။

" ဟားဟား ဟားဟား ဟားဟား . . . . . . "

" သူ ဘာတွေ ' ပွား' အုံးမလဲဆိုတာ ' ညာ' အုံးမလဲဆိုတာ သိချင်လို့ကွ ဖေကြီးရ "

" လူရှုပ် လူပွေ လူလိမ် လူညာပဲ မူးသာရာ၊ သူဖတ်ဖူးခဲ့တဲ့ စာအုပ်ကြီးတွေထဲကဟာတွေကို အကွက်ဝင်ရင် ဝင်သလို ဆွဲဆွဲယူပြီး ထုံးစံအတိုင်း မိုးတလုံးလေတလုံး ဟိန်းနေအောင် ကြီး ကြီးကျယ်ကျယ်တွေ ပေါက်တတ်ကရတွေမဟုတ်တန်းတရားတွေ ပလီစိခြောက်ချက်တွေပဲ ရှောက်ပြောမှာပေါ့ "

" ဟုတ်ပ အဘတပ်ကြပ်ကြီးလုံးတုံးရာ . . ."

" ဟားဟား ဟားဟား ဟားဟား . . . ဖေကြီးက ဒီကောင့်ကို ခုထိ စိတ်နာနေတုန်းကိုး "

' မိုးဟိန်း ' ရဲ့နောက်ကြောင်းတွေနဲ့ ပတ်သက်ပြီး အကုန်လုံးနီးပါး သိထားခဲ့တော့ အဘစောမူးသာတို့ အဘလုံးတုံးတို့လည်း ' ဒီကောင်က လူယုတ်မာကွ ' လို့ အမြဲပြောတယ်။ မိုးဟိန်းက ၈၈ နောက်ပိုင်း အမေရိကန်အထိရောက်အောင်လစ်ပြီး စစ်အစိုးရတွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး ဟိုမှာ ဒေါ်လာရှာစားခဲ့တဲ့ကောင်။ 'အမေရိကန်နိုင်ငံသား' ဖြစ်နေသူ။ ဟိုမှာ စားရမဲ့သောက်ရမဲ့ဖြစ်နေချိန်မှာ မြန်မာပြည်ပြန်လာပြီး မီဒီယာထောင်ပြီး ဂျာနယ်ထုတ်တယ်။
သူဦးစီးတဲ့ 'သူရိယနေဝန်း' ကနေ ဦးသန်းရွှေတို့ ကြံ့ဖွံ့တို့ကို ရေရေလည်လည်ဆော်ပလော်တီးတယ်။ 'ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထဘီအနားကို အကြာကြီးခိုစီးခဲ့ ခိုစားခဲ့တယ်ကွ' တဲ့။

" ဦးသိန်းစိန်ခေတ်အထိ 'ဒေါ်စု' ဘက်ကနေရေးခဲ့တဲ့ကောင်။ သူ့ဂျာနယ် ကာဗာတွေဆို ' ဒေါ်အောင်ဆန်းစုကြည် ' ပုံတွေချည်း ဦးစားပေးတင်တယ်။ ဆောင်းပါးခေါင်းစဉ်တွေကိုလဲ တချက်တော့ရှိုူးလိုက်အုံး" ဟုဆိုပြီး သိမ်း ထားတဲ့ဂျာနယ်တွေ ထုတ်ပြပါသဗျ။

" အမေစုကိုထိကြည့်၊ မီးပွင့်ပြီသာမှတ် "

" အမေစုကိုထိတဲ့နေ့၊ မင်းတို့ကမ္ဘာပျက်မယ့်နေ့ "

" ပြန်လာပြီ . . . ပန်ထွာဧကရီ "

" အမေသွားရာလမ်းတိုင်းမှာ ကော်ဇောနီတွေ ရဲလို့ "

" မြန်မာပြည်၏ ရတနာဒေဝီ "

" ရွှေရောင်တောက်နေတဲ့ ပန်ထွာဒေဝီ "

" အိမ်ဖြူ တော့်မြက်ခင်း ဒေါင်းအမေ နင်း "

" မတ်လ ၁၇ ၊ ' စု ' သမ္မတဖြစ်မယ့် နေ့ "

" နိုင်ငံခြားရေးဝန်ကြီးအုပ်ချ ုပ်မည့် 'စုအစိုးရ' "

" သန္ဓေမကောင်းတဲ့ မအလဆိုတဲ့အမျိုးယုတ်အာဏာသိမ်းလုဆဲဆဲအခြေအနေမှာ အာဏာသိ မ်းဖို့ နှပ်ကြောင်း ပေးခဲ့တဲ့ကောင်၊ အာဏာလည်းသိမ်းပြီးကော အဘဘောကို ပြေးမပြီး မလွှတ်တမ်းဆုပ်ကိုင်ထားသူဟာ မိုးဟိန်းပဲကွ။ မြန်မာနိုင်ငံမှာ မအလသာ အတော်ဆုံးအတတ်ဆုံးလို့ TV ကနေ အရှက်မဲ့စွာ မျက်နှာပြောင်တိုက်ကာ စားကောင်းသောက်ကောင်းပြောစားလာတာ ဒီနေ့အထိပဲ။ မအလကလဲမိုးဟိန်းကို ' ရေ ' အတော် ' ကျ ' ပုံရတယ်ကွ "တဲ့ ခင်ဗျ။

" မအလ နဲ့ မိုးဟိန်း ' ညား ' များနေသလားပဲ "

" ဟဲဟဲ ဟဲဟဲ ဟဲဟဲ "

" ဒီကောင့်ဂျာနယ်မှာ ဖေကြီး သရော်စာတွေတွေ့ဘူးပါတယ်ဟ "

" သူ့ဂျာနယ်ကို ဖေကြီး တစ်ခါမှ မပို့ဘူးပါဘူး။ ဒါပေမယ့် အတော့်ကိုပါဘူးပါတယ် အဘရာ "

" မပို့ဘဲ ပါတယ်ဆိုတော့ ဘယ်လိုတုန်းဟ "

ဒီကောင်က စာနယ်ဇင်းပေါင်းစုံက ထိထိမိမိခပ်စပ်စပ် ဆောင်းပါးတွေ သရော်စာတွေ ကဗျာတွေ ကာတွန်းတွေကို ရှာတွေ့ပြီဆိုတာနဲ့ ကူးပြီး သူ့ဂျာနယ်မှာပြန်ထည့်တော့တာပဲ။ ကာယကံရှင်တွေ ဘယ်သူ့ကိုမှ ' အသုံးပြုခွင့်ပေးပါ ခင်ဗျာ ' လို့ ခွင့်မတောင်းဘူး။ ကာယကံရှင်စာရေးဆရာတွေ ကာတွန်းဆရာတွေက ဟိုလူပြော ဒီလူပြောမှ ပါမှန်းသိကြရတာ။ သူ့ဂျာနယ်' သွားပုံ ' ကိုမကြိုက်လို့ မရေးတဲ့ မပို့တဲ့သူတွေရဲ့စာမူတွေ အများကြီး သူ့ဂျာနယ်မှာ ပါဖူးကြပါတယ်။

အဲသည်မှာ ' ပြဿနာ ' တက်တာလည်း ခဏခဏပါပဲ။ စာပေသမားတွေက သူတို့မသိဘဲ ယူယူသုံးတော့ မကြို က်ကြဘူးပေါ့ဗျာ။
ဖုန်းတွေဆက်ကြ ဆဲကြတာပေါ့။ အဲသည်အခါကျ ဒီကောင်က မတောင်းပန်တဲ့အပြင် အထက် စီးကတောင် ပြောတတ်သေးတယ်။

"မြန်မာတိုင်းမ်မှာပါခဲ့တဲ့ ဖေကြီး(လေရှီး)ရဲ့သရော်စာကို ခင်ဗျားဂျာနယ်မှာထပ်သုံးထားတာတွေ့လို့ဗျ၊ အဲဒါ . ." 

" ဟုတ်တယ် ကိုဖေကြီး၊ သံဈေးအပေါ်မှာဖွင့်ထားတဲ့ ကျုပ်ဂျာနယ်တိုက်ရုံးခန်းကို စာမူခ လာထုတ်ပါ "

သူ့ဂျာနယ်မှာ မရေးချင်လို့ မရေးတဲ့သူတွေရဲ့စာမူတွေကို အသိမပေးဘဲသုံးပြီး စာမူခလေးထုတ် ပေးလိုက်ရင် ဒီလူတွေဟာ အေးဆေးပါလို့ ထင်နေတဲ့ကောင်။

ကာတွန်းဆရာအတော်များများရဲ့ ထိထိမိမိကာတွန်းတွေလည်း ဒီလိုဘဲ မပြောမဆို စိတ်ကြိုက် ယူယူသုံးတယ်။ အဲသလိုသုံးတာကို မကြိုက်လို့ ' တရားစွဲ' ကြတရားတဘောင်ဖြစ်ခဲ့ကြသည်အထိကိုရှိခဲ့ပါတယ်။

"မိုးဟိန်းက အဲသလိုစရိုက်နဲ့ကောင်ကိုး"

" ရှေ့မကြည့် နောက်မကြည့် စွတ်စက်လုပ်တဲ့ကောင်ပေါ့ အဘစောမူးသာရဲ့"

" အေး . . ဒါနဲ့ သူ့ကို ' တမလ မိုးဟိန်း' လို့လဲ ခေါ်ကြတယ်နော် "

" ဟားဟား ဟားဟား ဟားဟား . . . .' တမလ ' က သူ့ဘွဲ့အမှန်လေ အဘ "

" ဟဲ ဟဲ ဟဲ ဟဲ . . . ငါလဲသိပါတယ်ဖေကြီးရာ။ မိုးဟိန်းက သူ့အစ်ကိုအရင်းရဲ့သမီး သူ့တူမအရင်းလေးကို ဒုတိယမယားအဖြစ် ပြန်ယူထားတယ် ဆိုတာ "

" ဟားဟား ဟားဟား ဟားဟား . . . "

" ဒါနဲ့ ခုနက ' မြဝတီ ' မှာ ' တမလ မဟ'ဘာတွေ ' ပွား ' သွားသေးတုန်းအဘ "

" ရှေ့စကားနဲ့ နောက်စကား မညီတာတွေ ပြောသွားပြန်တာပေါ့ကွာ "

ပြီးခဲ့တဲ့နှစ်တုန်းက မိုးဟိန်းက ' ပြည်သူ့ကာကွယ်ရေးတပ် ' PDF တွေကို ရှုတ်ချပျက်ရယ်ပြု လှောင်ပြောင်ခဲ့ကြောင်း၊ တူးမီးသေနတ် အစုတ်အပြတ်ကလေးတွေနဲ့စစ်သင်တန်းလေးသုံးလေးလတက်ပြီး သူတို့ ' ခေတ်မီတပ်မတော် ' ကို လာမယှဉ်နဲ့တဲ့ခင်ဗျ။ မင်းတို့အလောင်းတွေ 'ထပ်'သွားမယ်၊ မျိုးကန်းသွားမယ်၊ ဘာမှတ်နေလဲ။ မင်းတို့ PDF တွေ လပိုင်းအတွင်း မျိုးပြုတ်သွားမယ် ဘာညာ ပေါ့။

" အခုလည်းကျရော ' တနိုင်ငံလုံးမှာ PDF တပ်တွေ အင်အားအဆမတန်များပြားလာလို့ တပ်မတော်တခုထဲနဲ့ နှိမ်နင်းဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး ' တဲ့ "

" အင်း . . . "

" တနိုင်ငံလုံးမှာရှိတဲ့ ရွာတိုင်း မြို့တိုင်းမှာ ' ပြည်သူ့စစ် ' အဖွဲ့တွေဖွဲ့ပြီး လက်နက်အပြည့်အစုံတပ်ဆင်ပေးဖို့ . . ပြီးရင် တပ်မတော်နဲ့လက်တွဲကာ PDF တွေကိုတွန်းလှန်ကြဖို့လိုပြီလို့ ချိုကုတ်ဒူးကြီးမအလကို တိုက်တွန်းပါတယ်ဆိုပဲဟ "

" ဟားဟား ဟားဟား ဟားဟား . . . "

" အဲဒီလို တပ်မတော်နဲ့ ပြည်သူ၊ ပြည်သူနဲ့တပ်မတော် ပူးပေါင်းပြီးတိုက်တဲ့ 'ပြည်သူ့စစ်မဟာဗျူဟာ ' သာလျှင် ' အောင်ပွဲ ' ရမယ့်ဗျူဟာလို့ ဆိုနေပြန်သကွ . . ဟ ဟ ဟ "

" ဟားဟား ဟားဟား ဟားဟား . . . "

' တမလ မိုးဟိန်း ' ကား ရူးသွားရှာလေပြီ တဲ့။ မျက်စိမှောက်ရှာနေလေပြီ တဲ့။ အဲသည်ဗျူဟာကို အမှန်အကန် လက်တွေ့အသုံးပြု နေသည့်အဖွဲ့တွေ ရှိနှင့်နေခဲ့ပါလေပြီ တဲ့။

'တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ' နှင့် 'PDF' တပ်တွေကား ပြည်သူလူထုကို စောင့်ရှောက်ကြကာ ဒေသခံပြည်သူလူထုနှင့်တသားထဲဖြစ်အောင်ပူးပေါင်းကာ အနှီစနစ် အနှီပြည်သူ့စစ်မဟာဗျူဟာနှင့် အစကတည်းက တသားတည်းကျနေသူများပါတဲ့ ခင်ဗျ။

" အမေရိကန်နိုင်ငံသားခံယူထားတဲ့မိုးဟိန်းကတော့ မြန်မာပြည်ခဏပြန်လာပြီး မအလကိုဂိတ်ဆုံးအထိမြှောက်ပေးမယ်၊ ရသမျှ 'ခွာ' မယ်၊ မအလ ကျရှုံးတာနဲ့ မအလ နိမ့်ပါးတာနဲ့ ချက်ချင်း ' အထုပ် ' ပိုက်ပြီး အမေရိကန်ကိုပြန်ပြေးမယ့်ကောင် ဟ "

" ဟားဟား ဟားဟား ဟားဟား . . . "

" ဒီလို လေကြီးတဲ့ကောင် လေပေါတဲ့ကောင်လေများတဲ့ကောင်ကို ဖက်ဆစ်တပ်ရဲ့ ' လေတပ်ဦးစီးချုပ် ' ခန့်ဖို့ ' နမလ ကမကလ မအလ ' ကို အကြံပေးလိုက်ပါ ဖေကြီးရ . . . . .
အာဟ . . အာဟ . . အာဟ "

            ဖေကြီး (လေရှီး)
             (22-5-22) Sun 3:49 Pm
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar