Breaking News

လင်းနွေးအိမ် - အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက်

အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် 
လင်းနွေးအိမ်
(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂

ညီမလေးရေ
ရှေးရိုးစွဲတွေနဲ့ လမ်းထွင်သူတွေကြားမှာ
ဒီလိုနဲ့ပဲ
မဖြစ်နိုင်ဘူးလို့ ရှေးရိုးစွဲတွေထင်ခဲ့တာ
ကမ္ဘာကြီးမှာ ဖြစ်ခဲ့ကြပါတယ်။

သူတို့ကတော့
သူတို့ယုံကြည်ရာလို့ပြောရင်း
တရွေ့ရွေ့။

လမ်းထွင်သူတွေကလဲ
အမှောင်ထုကြားကနေ
တရွေ့ရွေ့။ 

သေချာတာကတော့
ရွေ့တာချင်းတူပေမယ့်
နေဝင်ချိန်ဆီလား
နေထွက်ချိန်လားဆိုတာ
အချိန်က ဒိုင်လူကြီးပါ။ 

ဇွန် ၂၇၊ ၂၀၂၂
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar