သင်းရည်လွင် - မိုးနတ်မင်း နှင့်
သင်းရည်လွင်
(မိုးမခ) ဇွန် ၂၊ ၂၀၂၂
မိုးရေချိန် မှတ်တမ်း မှာ
မှတ်ရန်ခက်ခဲသော တိမ်မည်းညိုများပါဝင်သည်
ကျွန်တော့်ခြေရင်း တဲအိမ်ကလေး
လွယ်အိတ်အသစ်တလုံးအတွက်
ရောင်းမကုန်သော ကန်စွန်းရွက်များ
စိတ်ရှိတိုင်းမစိုခဲ့သော ကျောင်းဖွင့်ချိန်
စိန်ပန်းများ နီနေတုန်း ဖြစ်သည်
ဒီသီချင်းကို
ဒီစာသားတခုပဲ ကျွန်တော်ရွတ်ပြနိုင်ခဲ့ကြောင်း
သည်းသည်းမည်းမည်း မိုးရေများ
လွယ်အိတ်အသစ်တွေ ရွာစေချင်သည်
ကျွန်တော်သာ မိုးသားတွေဖြစ်ခဲ့ရင်ပေါ့ ။
၁ဇွန်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar