နိုင်မွန်အောင်သွင် - သေသောသူဟာ စကားမပြောဘူး
သေသောသူဟာ စကားမပြောဘူး
နိုင်မွန်အောင်သွင်
(မိုးမခ) ဇွန် ၄၊ ၂၀၂၂
သေသောသူဟာ
ဗုံးခွဲသူတဲ့။
သေသောသူဟာ
ဘတ်စ်ကားကိုစီးမလို့။
သေသောသူမှာ
မိသားစုလေးရှိနေခဲ့မယ်။
သေသောသူဟာ
လိုရာရောက်နိုင်ပါဦးမလား။
သေသောသူဟာ
သေပြီးမှ ထပ်သေရပြန်တယ်။
သေသောသူဟာ
စကားမပြောဘူး။
သူသေကိုယ်သေ
ကြေကွဲစရာ
ဘာစကားမှပြောမနေတော့ဘူး။
၁.၆.၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar