Breaking News

မောင်မှိုင်းလွင်(အင်းဝ) - ချီတက်နေတဲ့ ရဲဘော်တွေ

Photo- Crd
ချီတက်နေတဲ့ ရဲဘော်တွေ
မောင်မှိုင်းလွင်(အင်းဝ)
(မိုးမခ) ဇူလိုင် ၁၊ ၂၀၂၂

အချိုမြိန်ဆုံးက...
လူငယ်တွေရဲ့ ရွှန်းလဲ့တောက်ပမှု။

အပျော်ရွှင်ဆုံးက...
ရှေ့တန်းထွက်မယ့် ရဲဘော်တွေအဖို့
လိုက်ပို့သူတွေကို နှုတ်ဆက်ရတာ။

မြူးထူး ဟစ်အော် အဆူညံဆုံးက...
မီးပိုက်ကွန်ထဲ ဇွတ်တိုးဝင်ပြီး
ရန်သူ့စခန်း တဟုန်ထိုးတိုက်တာ။

စိတ်အလှုပ်ရှား ရဆုံးက...
ပွဲစဉ်ဆက်တိုက် တိုက်ပွဲတွေ။

အဖိုးထိုက်တန်ဆုံးက...
ပြည်သူတွေရဲ့ ချစ်ခြင်းမေတ္တာ။

ပန်းလေးတွေက ပွင့်ပြပြီး နှုတ်ဆက်ကြတယ်
တို့တတွေ ရှေ့တန်း စ ထွက်ချိန်။

ပန်းလေးတွေက ပြုံးပြပြီး ကြိုဆိုကြတယ်
တို့တတွေ အောင်ပွဲခံလို့ ရှေ့တန်းပြန်ချိန်။       ။

ဇူလိုင်- ၁ ၊ ၂ ၀ ၂ ၂
[တောင်ဗီယက်နမ် တော်လှန်ရေးသမား၊ ကဗျာဆရာ Hong Thao ရဲ့ Marching Troops ကို ဗမာလို ပြန်ရေးပါတယ်။]
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar