Breaking News

မိုးမြင့်ယံ - မျက်ရည်နဲ့ သတ်တောင်သေတယ်

မျက်ရည်နဲ့ သတ်တောင်သေတယ် 
မိုးမြင့်ယံ
(မိုးမခ) ဇူလိုင် ၂၊ ၂၀၂၂

စိတ်ဒဏ်ရာတွေ မကျက်သေးသမျှ
နာကျင်မှုက ဖွဲမီးတွေလို
တမြေ့မြေ့

အိမ်လွမ်းစိတ်တွေကို ထုံဆေးပေးပြီး
ကျောပိုးအိတ် အစုတ်လေးထဲ
ခေါက်ထည့်သိမ်းဆည်း

မနေ့က ငါတို့ ရဲ့ အိုးစားဖက်တယောက်
ဒီနေ့ ကြယ်တစင်းလို တောက်ပသွားတာ
မျက်ရည်တွေ နဲ့ ငေးကြည့်ခဲ့ရ

မိုးစက်မိုးမှုန်တွေ ကြားထဲ
လောင်ကျွမ်းပြာကျသွားတဲ့ ဘဝတွေရဲ့ သတင်း
လိုင်းမိတုန်း ခဏ သူငယ်ချင်း ရဲ့ ဖုန်းထဲမှာ
ငါတို့ တွေ့လိုက်ကြတယ်

ငါတို့ ဘယ်လိုဖြေနိုင်မလဲ
ငါတို့ ဘယ်လိုကြေနိုင်ပါ့မလဲ

" အမှန်တရားကို ရချင်ရ၊ ပြန်မရရင် အဆုံးထိသွားမှာ " ဆိုတဲ့ သီချင်းနဲ့
ငါတို့ ချခင်းခဲ့တဲ့ လမ်းတွေအတွက်

ငါတို့ အသက်ငွေ့ငွေ့လေးကျန်နေရင်တောင်
ဒီလို လူ့အန္ဓ စစ်တိရစ္ဆာန်ကောင်တွေကို
ငါတို့ ရဲ့
မျက်ရည် နဲ့ သတ်ရင်တောင်သေတယ် ...

2 . July . 2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar