Breaking News

မ လ ရ - တစ တစ

တစ တစ
မ လ ရ
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၂

မြစ်ကို ထိုင်ကြည့်နေကြတယ်
ရေစီးနဲ့ လှိုင်းတွေကို ထိုင်ကြည့်နေကြတယ်
တစ်ဖက်ကမ်းကိုလည်း အိပ်မက်နေကြတယ်
ဒိုက်သရောတွေနဲ့ မျောပါမသွားကြသေးဘူးလား
လူသေအလောင်းတွေနဲ့ တံတားထိုးနေကြတာလား
လူသေအလောင်းတွေနဲ့ပဲ ဖောင်ဖွဲ့နေကြတာလား
သူရဲကောင်းတွေရဲ့ လက်ချင်းချိတ်တံတားဟာ တစ်စ တစ်စ
မြစ်ကို ထိုင်ကြည့်နေတုန်းပဲလား။

ဇူလိုင် ၈၊ ၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar